အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန

မြန်မာနိုင်ငံဝန်ကြီးဌာန

အလုပ်သမား၊ လူဝင်မှုကြီးကြပ်​ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန (အင်္ဂလိပ်: Ministry of Labour, Immigration and Population; အတို​ကောက် MOLIP) သည် ၂၀၁၆ ခုနှစ် သမ္မတ ဦးထင်ကျော် လက်ထက်တွင် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနတို့ ပူးပေါင်းကာ ပြောင်းလဲဖွဲ့စည်းခဲ့သော ဝန်ကြီးဌာနတစ်ခု ဖြစ်သည်။[၁]​နောက်ဆုံးဝန်ကြီးမှာ အာဏာသိမ်းစစ်အစိုးရမှ ခန့်အပ်ထား​သော ဦးမြင့်ကြိုင်ဖြစ်သည်။ အနိုင်ရ လွှတ်​တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကမူ ​ဒေါက်တာဇော်ဝေစိုးအား ပြည်ထောင်စုဝန်ကြီးတာဝန်များကို ထမ်းဆောင်ရန် ခေတ္တပြည်​ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်ထားသည်။[၂][၃]

အလုပ်သမား၊ လူဝင်မှုကြီးကြပ်​ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန
 မြန်မာအစိုးရအဖွဲ့အစည်း
အစိုးရအဖွဲ့အစည်း အကျဉ်းချုပ်
ဖွဲ့စည်းသည့်အချိန်၃၀ မတ် ၂၀၁၆
ယခင်အဖွဲ့အစည်းအလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန
ဖျက်သိမ်းခြင်း၁ ဩဂုတ် ၂၀၂၁
အစားထိုးခြင်း
ဌာနချုပ်ရုံးအမှတ် (၄၈)၊ (၅၁)၊ နေပြည်တော်
ဝက်ဘ်ဆိုက်

အာဏာသိမ်းမှုဖြစ်ပွားသည့် ၆လပြည့်တွင် အိမ်စောင့်အစိုးရအဖြစ် ပြောင်း၍ ဖွဲ့စည်းရာ ဤ ဝန်ကြီးဌာနကို အလုပ်သမားဝန်ကြီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနဟူ၍ ဝန်ကြီးဌာန (၂)ခု ပြန်လည် ခွဲထုတ်ခဲ့သည်။[၄]

ဖွဲ့စည်းပုံ ပြင်ဆင်ရန်

  • လူဝင်မှုကြီးကြပ်​ရေး ဦးစီးဌာန
  • အမျိုးသားမှတ်ပုံတင်နှင့် နိုင်ငံသား ဦးစီးဌာန
  • ပြည်သူ့အင်အား ဦးစီးဌာန
  • အလုပ်သမား ညွှန်ကြား​ရေး ဦးစီးဌာန
  • လူမှုဖူလုံ​ရေးအဖွဲ့
  • အလုပ်ရုံနှင့် အလုပ်သမား ဥပ​ဒေစစ်​ဆေး​ရေး ဦးစီးဌာန
  • အလုပ်သမား​ရေးရာ ဆက်ဆံ​ရေး ဦးစီးဌာန

ဝန်ကြီးများ ပြင်ဆင်ရန်

  • ဦးသိန်းဆွေ (၃၀ မတ် ၂၀၁၆ - ၁ ဖေဖော်ဝါရီ ၂၀၂၁)
  • ဦးမြင့်ကြိုင် (၁ ဖေဖော်ဝါရီ ၂၀၂၁ - ၁ ဩဂုတ် ၂၀၂၁)

ကိုးကား ပြင်ဆင်ရန်