အလံဗေဒ (အင်္ဂလိပ်: vexillology/ˌvɛksɪˈlɒləi/) အလံများနှင့် အလံဆိုင်ရာ သင်္ကေတများကို လေ့လာသည့်ဘာသာရပ်ဖြစ်သည်။[၁] "Vexillology" ဟူသောဝေါဟာရတွင် "vexillum" ခေါ် ရောမခေတ်စစ်ပွဲသုံးအလံ[၂] နှင့် ဂရိအဆုံးစကားလုံးဖြစ်သော "-logy" (လေ့လာခြင်း)[၃] တို့ကိုပေါင်းစပ်ထားသည်။ ထိုစကားလုံးကို ၁၉၅၉ တွင် စတင်၍အသုံးပြုခဲ့ကြသည်။[၄]

နိုင်ငံတကာ အလံဗေဒဆိုင်ရာ အသင်းအဖွဲ့များ ဖက်ဒယ်ရေးရှင်း (International Federation of Vexillological Associations) ၏အလံ

အလံ‌လေ့လာသည့်သူကို "vexillologist"၊ အလံရေးဆွဲသည့်သူကို "vexillographer"၊ ထိုသို့ဒီဇိုင်းဆွဲခြင်းကို "vexillography"၊ ယေဘုယျအားဖြင့် အလံကိုနှစ်သက်သည့်သူကို "vexillophile" ဟူ၍ အသီးသီးခေါ်ဆိုနိုင်သည်။

သမိုင်းကြောင်း ပြင်ဆင်ရန်

အလံဗေဒဘာသာရပ်ကို ပထမဆုံးအဓိပ္ပာယ်သတ်မှတ်သူမှာ အလံလေ့လာသူ ဝှစ်တနေ စမစ် (Whitney Smith) ဖြစ်သည်။[၅] သူသည် နိုင်ငံတကာ အလံဗေဒ ကွန်ဂရတ် (International Congress of Vexillology (ICV))၊ မြောက်အမေရိက အလံဗေဒအသင်း (North American Vexillological Association)၊ နိုင်ငံတကာ အလံဗေဒဆိုင်ရာ အသင်းအဖွဲ့များ ဖက်ဒယ်ရေးရှင်း (International Federation of Vexillological Associations (FIAV)) စသောအလံဆိုင်ရာ အဖွဲ့အစည်းများကိုဖွဲ့စည်းခဲ့သည်။[၆] သူသည် အလံဗေဒဟူသည့် အခေါ်အဝေါ်အကြောင်းကို ရေးသားရာ၌ "အလံအသုံးပြုမှုသည် ရှေးအကျဆုံးသော လူထုအသိုင်းအဝိုင်းကာလကပင် ရှိနေခဲ့သော်လည်း အလံလေ့လာမှုသည် အသစ်အဆန်းဖြစ်နေသောကြောင့် ထိုအလံလေ့လာခြင်း၏ အခေါ်အဝေါ်သည် ၁၉၅၉ မတိုင်မီက ပေါ်ထွန်းခဲ့ခြင်းမရှိသေးပေ" ဟူ၍ရေးသားခဲ့သည်။[၇]

စိတ်ဝင်စားမှုများ ပြင်ဆင်ရန်

အလံလေ့လာမှုသည် စိတ်ဝင်စားဖွယ်ကောင်းသောကြောင့် အင်တာနက်တစ်ခွင် ပြန့်နှံ့ခဲ့သည်။ သာဓကအားဖြင့် r/vexillology ဟူသော subreddit သည် လူသိများဆုံး အလံလူမှုကွန်ရက်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန် ပြင်ဆင်ရန်

ကိုးကားချက်များ ပြင်ဆင်ရန်

  1. Smith, Whitney. Flags Through the Ages and Across the World New York: McGraw-Hill, 1975. Print.
  2. Vexillum။ Merriam-Webster Dictionary။ 15 September 2020 တွင် ပြန်စစ်ပြီး။
  3. "About Vexillology - The Flag Institute" (in en-GB)၊ The Flag Institute။ 16 May 2021 တွင် ပြန်စစ်ပြီး။ Archived from the original on 27 September 2018။ 
  4. Vexillology။ Merriam-Webster Dictionary။ 15 September 2020 တွင် ပြန်စစ်ပြီး။
  5. CONSIDER VEXILLOLOGY. – SemiotiX (in en-US)။ 28 April 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 16 May 2021 တွင် ပြန်စစ်ပြီး။
  6. "Which flag is it? Take our quiz to find out"၊ December 15, 2015။ 
  7. Vexillology။ 2017-11-03 တွင် ပြန်စစ်ပြီး။