အဝေရာ
Leucaena leucocephala | |
---|---|
မျိုးရိုးခွဲခြားခြင်း | |
လောက: | Plantae |
Clade: | Angiosperms |
Clade: | Eudicots |
Clade: | Rosids |
မျိုးစဉ်: | Fabales |
မျိုးရင်း: | Fabaceae |
မျိုးရင်းသေး: | Mimosoideae |
မျိုးစု: | Leucaena |
မျိုးစိတ်: | L. leucocephala
|
ဒွိနာမ | |
Leucaena leucocephala | |
Synonyms | |
|
ဘောစကိုင်းပင်ကို အဝေရာပင်ဟုလည်းခေါ်ပြီး ပင်စောက် အပင်သေးမျိုး ဖြစ်သည်။ စိုက်ပျိုးရာတွင် အဖြစ်မြန်၊ အကြီးမြန်သည်။ အရွက်မှာ ကင်ပွန်းချဉ်ရွက်၊ ဆူးပုပ်ရွက်ကဲ့သို့ ရှိသည်။ ဘောစကိုင်းရွက်ကို ချေပြီး ရူကြည့်လျှင် ဆူးပုပ်ရွက်နံ့ အနည်းငယ်ရသည်။ အပွင့်မှာ အဖြူရောင်အလုံးလေးများ အဆုပ်လိုက် ပွင့်၍ အသီးမှာ အပြားကလေးများ ဖြစ်သည်။
ပုံသဏ္ဌာန်
ပြင်ဆင်ရန်အပင်
ပြင်ဆင်ရန်ပင်လတ် တစ်မျိုးဖြစ်၏ ။ အမြင့် ၁၅ ပေမှ ၂၅ ပေခန့် ထိ မြင့်သည်။ အကိုင်း ဖြာသည်။ အခေါက် ကြမ်းပြီး မွဲခြောက်ခြောက် မီးခိုး ညိုရောင်ပေါ်တွင် အစိမ်းရောင် အကွက်ကလေးများ ရှိသည်။
အရွက်
ပြင်ဆင်ရန်ငှက်မွှေး ရွက်ပေါင်း ဖြစ်ပြီး ရွက်လွှဲ ထွက်သည်။ ရွက်မျော ရှိသည်။ ထိပ်အနည်းငယ် ချွန်ပြီး ရွက်ရင်း ရွဲ့စောင်း ၍ ခပ်ကျဲကျဲ မျက်နှာချင်း ဆိုင် ထွက်သည်။
အပွင့်
ပြင်ဆင်ရန်ပန်းခိုင် ထီးထီး ဖြစ်သည်။ ပန်းခိုင် ထိပ်တွင် ပန်းပွင့်လေး များစုပြုံ၍ ဘောလုံးသဏ္ဌာန် ပွင့်၏ ။ (နန်းလုံးကြိုင် ပွင့် နှင့်တူသည်။) အပွင့် အဖြူရောင် ရှိသည်။ တစ်နှစ် ပတ်လုံး ပွင့်သည်။
အသီး
ပြင်ဆင်ရန်သီးတောင့် ရှည်မျိုး ဖြစ်၍ ပါးပြီး ပြားသည်။ အသီး တွင်း၌ အညိုရောင် ပြောင်ချောသော အစေ့ ၁၅ စေ့ အထိ ရှိသည်။
အသုံးပြုနိုင်သည့် အစိတ်အပိုင်းများ
ပြင်ဆင်ရန်ခေါက် ၊ အစေ့ ၊ ပဉ္စငါးပါး ၊ အရွက် နှင့် အသီးခွံ ။
မြန်မာနိုင်ငံတွင် တွေ့နိုင်သောနေရာများ
ပြင်ဆင်ရန်မြန်မာ နိုင်ငံ အနှံ့အပြား ၌ ပေါက်ရောက်သည်။ သဘာ၀ အလျောက် ပေါက်ရောက်သည်။
အသုံးဝင်ပုံ
ပြင်ဆင်ရန်အာနိသင်
ပြင်ဆင်ရန်မြန်မာ့ ဆေးကျမ်း များ အလိုအရ ဘောစကိုင်းသည် ပူ၏ ၊ သွေးကို ကြွစေ၏ ၊ လေကို ကြေစေ၏ ၊ အဆိပ်ကို နိုင်၏ ။
အသုံးပြုပုံ
ပြင်ဆင်ရန်အခေါက်
ပြင်ဆင်ရန်- အခေါက် ကို ကိုယ်တွင်း ၌ နာကျင် ကိုက်ခဲသော ရောဂါ အတွက် အတွင်းဆေး အဖြစ် အသုံးပြု သည်။
- အခေါက် နှင့် အမြစ်ပြုတ် ရည်ကို ကိုယ်ဝန်ပျက် မကျစေရန် ကာကွယ်ဆေးအဖြစ် ဖော်စပ် အသုံးပြု၏။
အစေ့
ပြင်ဆင်ရန်- အစေ့ကို အကိုက်အခဲ အဖော အရောင် ပျောက်ရန် လိမ်းဆေး အဖြစ် ဖော်စပ် အသုံးပြုသည်။
ပဉ္စငါးပါး
ပြင်ဆင်ရန်- ဘောစကိုင်း ကို အဆိပ်ဖြေ ဆေးအဖြစ် အသုံးပြု ရာ၌ ထင်ရှား၏။ ဘောစကိုင်း ငါးပါး သို့မဟုတ် အမြစ် ကို ကြိတ်၍ ထောပတ် နှင့် ရောပြီး သောက်ခြင်း ၊ ကိုက်ခဲ ရာ၌ လိမ်းကျံ ခြင်း ဖြင့် မြွေဆိပ် ပြေ၏။
အရွက်နှင့် အသီးခွံ
ပြင်ဆင်ရန်- အရွက် နုကလေးများ နှင့် အသီးခွံ ကို ပြုတ်၍ တို့စားခြင်းဖြင့် ဝမ်းမှန် စေသည်။ ဒူလာ ကိုက်ခဲခြင်း ကိုလည်း ပျောက်စေသည်။
- ဘောစကိုင်းရွက်များ လက်တဆုပ်စာကို ရေနှင့် သုံးခွက်တစ်ခွက်တင် ပြုတ်၍ လက်ဘက်ရည်အကြမ်း ပန်းကန်တစ်လုံးခန့် သောက်ပေးပါက (နံနက် တစ်ကြိမ်၊ ည တစ်ကြိမ်) သွေးတိုးရောဂါ ကျဆင်းသွားစေသည်။
- အရွက်များကို ပြုတ်၍ မကြာခဏ တို့စားခြင်း၊ သုပ်စားခြင်း၊ ကြော်စားခြင်းများ မကြာခဏ စားသုံးပေးပါက ကိုယ်ဝန်ပျက်ကျတတ်သော အမျိုးသမီးများ ကိုယ်ဝန်ပြန်လည် ရရှိစေသည်။ ကိုယ်ဝန်ပျက်ကျခြင်းမှလည်း ကာကွယ်ပေးပါသည်။
- အရွက်များကို ဆေးပြီး ညက်အောင်ထောင်းကာ အနာဟောင်း၊ အနာဆွေးများကို အုံပေးထားပါက အနာပျောက် မြန်စေသည်။
- ပြည်တစိုစို ရှိနေသော အနာများကို ရွက်ပြုတ်ရည်နှင့် ဖန်ဆေးပေးခြင်းဖြင့် အနာများ အသားနုတက် မြန်စေသည်။
- ရွက်နုကို ဟင်းချိုဖြစ်စေ၊ တို့စရာဖြစ်စေ၊ သုပ်၍ စားခြင်းတို့ဖြင့် နေ့စဉ်မှန်မှန် စားပေးပါက အစာအိမ်ရောဂါရှင်များ ရောဂါသက်သာ ပျောက်ကင်းစေသည်။
- အစာမှား၍ အဆိပ်ဖြစ်ခြင်း၊ အစာအဆိပ်သင့်ခြင်း၊ မအီမလည်ဖြစ်ခြင်း၊ မကြာခဏ အော့အန်ခြင်းများ ဖြစ်နေပါက အရွက်ကြမ်း လက်တဆုပ်စာကို သုံးခွက်တစ်ခွက်တင် ကျိုပြီး သောက်ပေးပါက အစာမှားနှင့် အဆိပ်သင့်ခြင်းတို့မှ ပျောက်ကင်းစေသည်။ [၄]
ပြခန်း
ပြင်ဆင်ရန်-
Leaves -
Flowers and immature fruit -
Pod and seeds -
Subabul growing wild on the outskirts of Mumbai
ကိုးကား
ပြင်ဆင်ရန်- ↑ "Leucaena leucocephala"၊ Germplasm Resources Information Network (GRIN)၊ Agricultural Research Service (ARS), United States Department of Agriculture (USDA)၊ 2010-01-18 တွင် ပြန်စစ်ပြီး
- ↑ Leucaena leucocephala (Lam.) de Wit — the Plant List။ 19 October 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 11 November 2021 တွင် ပြန်စစ်ပြီး။
- ↑ http://arogyamonline.com/commodity/materials/?raw=92[လင့်ခ်သေ]
- ↑ မန္တလေးနေ့စဉ်၊ ၁၈.၁၀.၂၀၁၈၊ စာ-၁၇