ကံ့ကော်ပင်ကျောင်းဆရာတော် (ဆြာတော်လေး-ညောင်အိုင်သား)

၀၁။ ။ ကောဇာ ၁၃၄၃ခုနှစ်၊ တော်သလင်းလဆုတ်(၂) ရက်၊ (၁၅၊ ၉၊ ၁၉၈၁) အင်္ဂါနေ့တွင် ဖွားမြင်သည်။

၀၂။ ။ မိဘများမှာ မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်း မြို့နယ်၊ ဇီးဖြူကုန်းကျေးရွာအုပ်စု၊

               ညောင်အိုင် ကျေးရွာဇာတိဖြစ်သည့် ဦးချစ်အေး+ဒေါ်အုန်း စိန်တို့ ဖြစ်သည်။ 

၀၃။ ။ မွေးဖော်(၅)ယောက်အနက် (၄) ယောက်မြောက်သား ဖြစ်သည်။ ၀၄။ ။ ဆရာကောင်းများထံ နည်းခံ၍ ပရိယတ္တိအခြေခံကို သင်ယူရရှိခဲ့သော်လည်း

               ပထမလတ်တန်း အောင်မြင်သည်အထိသာ ကြိုးစားအားထုတ်ခဲ့သည်။ 
                ပထမကြီးတန်းကို တစ်နှစ်မျှ ဖြေဆိုခဲ့ ပြီး မအောင်မြင်ရာမှ စာမေးပွဲဖြေဆိုခြင်းကို ရပ်တန့်ခဲ့သည်။ 

၀၅။ ။ ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်ရှိ ဘဒ္ဒန္တဇဝန (မေတ္တာရှင်-ရွှေပြည်သာ)၏

               အထံ၌ သုံးနှစ်ခန့် တပည့်ခံကာ ဝိပဿနာတရားကို နာကြားလေ့လာခဲ့သည်။ 

၀၆။ ။ သာမဏေဘ၀ ဥပဇ္ဈာယ်ဆရာတော်မှာ ဇာတိ ရွာကျောင်းဘုန်းတော်ကြီး

               ဦးကောဏ္ဍညဖြစ်ပြီး  ရဟန်းဘ၀ ဥပဇ္ဈာယ်ဆရာတော်မှာ ရန်ကင်းတောရဆရာတော် 
               တိဿရမထေရ် ဖြစ်သည်။

၀၇။ ။ ခရစ်နှစ် ၂၀၀၇ခုနှစ်၊ သိဒ္ဓိမိုးမဂ္ဂဇင်းတွင် ဆွယ်တရား အမည်ရှိ ဆောင်းပါးဖြင့်

               စာပေလောကသို့ စတင်ဝင်ရောက်သည်။ 

၀၈။ ။ အမျိုးသားဖတ်စာ၊ အမျိုးသမီးဖတ်စာအပါအဝင် ညောင်အိုင်သား

               ကလောင်အမည်ဖြင့် စာအုပ် အချို့ ရေးသားထုတ်ဝေခဲ့သည်။

၀၉။ ။ ကောဇာ ၁၃၇၃ခုနှစ် ကျောင်းထိုင်ဆရာတော် အဖြစ် ခံယူပြီးနောက်မှ

                ကလောင် ပြောင်းလဲကာ ကံ့ကော်ပင်ကျောင်းဆရာတော် (ဆြာတော်လေး)
                အမည်ဖြင့် ဘာသာရေးစာပေများ ရေးသားသည်။ 

၁၀။ ။ ယခုအခါ ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာ မြို့နယ်၊ ၈-ရပ်ကွက်၊

               တော်ဝင်လမ်းရှိ ပရိယတ္တိ ဆာယာကံ့ကော်ပင်ကျောင်းတိုက်တွင် 
               သီတင်း သုံးလျက်ရှိသည်။
               
                ၁၃၇၉ခုနှစ်၊ တော်သလင်းလ