နိုင်ဝင်းသီ

အဖဦးတင်လှိုင်နှင့် အမိဒေါ်အုန်းစိန်တို့မှ သန်လျင်မြို့၌ ၁၉၅၇ ခုနှစ်တွင် မွေးဖွားခဲ့သည်။မွေးချင်းငါးယောက်အနက် ဒုတိယမြောက် သားဖြစ်ပါသည်။

သန်လျင်မြို့ ၊ အထက(၄) ကွန်ဗင့်နှင့် အထက(၂) မက်သဒစ်ကျောင်းများတွင် ဒသမတန်းအထိ ပညာသင်ကြားခဲ့သည်။

သမဝါယမစာရေး၊ ရေတပ်သား၊ လမ်းဘေးဈေးသည်၊သင်္ဘောကျင်းပညာသင်၊စာအုပ်ဟောင်းရောင်းသူ စသည်ဖြင့် ဘဝမျိုးစုံ ကျင်လည်ခဲ့သည်။

မဟေသီ၊ကလျာ၊စတိုင်သစ်၊ရတီ၊ဖက်ရှင်၊IDEA၊ သပြေ၊ရုပ်ရှင်အောင်လံ၊ရွှေအောင်လံ၊ပေါ်ပြူလာ၊သတင်းစုံ၊မိုးမခ၊FACES၊YOUTH၊IMAGE၊ဂျီအီးစီ၊ရင်စူးမြား၊ရွှေပုစွန်၊ရုပ်ရှင်သစ္စာ၊ပိတောက်ပွင့်သစ်၊ နရီသစ်၊Beauty Max ၊ပြစ်မှု၊မြရည်သီတာ၊ ရတီ၊ Buyer Choice ၊ သောကြာ၊ ရယ်စရာ၊ ရယ်ရွှင်ဖွယ်အောင်လံ၊ ရုပ်ရှင်တေးကဗျာ၊ လင်းလွန်းခင်စာပေအနုပညာမဂ္ဂဇင်းများ၊Moemaka ၊သစ်ခက်သံလွင်၊ Freedom wave Online webpages များနှင့် မြန်မာတိုင်းမ်၊The Voice နေ့စဉ်ထုတ်သတင်းစာများတွင် ဝတ္ထုတို၊အက်ဆေးနှင့် သရော်စာများရေးသားခဲ့ပါသည်။

ရင်စူးမြား Online Magazine တွင် တာဝန်ခံအယ်ဒီတာအဖြစ် ဆောင်ရွက်ခဲ့သည်။

ကိုပေသီးအုန်းပင်တက်နေသည်နှင့် အခြားဝတ္ထုတိုများ(၁၉၈၉ခုနှစ်)၊ ခရမ်းပြာကောင်းကင်(၂၀၀၂ ခုနှစ်) အကြွင်းမဲ့နှင်းဆီ(၂၀၀၂ ခုနှစ်)၊နာရီတစ်လုံးရဲ့အလျား မဂ္ဂဇင်းဝတ္ထုတိုများ (၂၀၁၇ ခုနှစ်)၊မြို့ကလေးရဲ့အော်ပရာ အက်ဆေးများ(၂၀၂၀ခုနှစ်) စသည့် စာအုပ်များကို ရေးသားခဲ့ပါသည်။

ကိုပေသီးအုန်းပင်တက်နေသည်နှင့် အခြားဝတ္ထုတိုများစာအုပ်သည် ၁၉၈၇ ခုနှစ် စာပေဗိမာန်စာမူဆုပြိုင်ပွဲတွင် ဝတ္ထုတိုပေါင်းချုပ် ပထမဆု ရရှိခဲ့သည်။

မြို့ကလေးရဲ့အော်ပရာ အက်ဆေးစာအုပ်သည် ၂၀၂၀ ခုနှစ် အမျိုးသားစာပေဆု ရသစာတမ်း (အက်ဆေးဆု) ရရှိခဲ့ပါသည်။

ဇနီးမှာ ဒေါ်သန်းနွယ်ဖြစ်ပြီး သားတစ်ယောက်ထွန်းကားခဲ့သည်။

အမည်ရင်း ဦးနိုင်ဝင်း ဖြစ်သည်။

သန်လျင်မြို့ အောင်ချမ်းသာရပ်ကွက်တွင် မိသားစုနှင့်အတူ နေထိုင်လျက်ရှိသည်။

ကိုးကား....."၂၀၂၀ ပြည့်နှစ် အမျိုးသားစာပေဆု တစ်သက်တာစာပေဆုနှင့်အမျိုးသားစာပေဆုရှင်များ အတ္ထုပ္ပတ္တိအကျဉ်းနှင့် ဆုရစာအုပ်များ" စာအုပ်ငယ်မှ ကူးယူ‌ဖေါ်ပြပါသည်။