အမည်ရင်း - ဝေဖြိုးအောင် ကလောင်အမည် - ခြူးဝေ

မောင်ခြူးဝေကို ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ် တွင် ၁၉၈၇ ခုနှစ် ဇွန်လ ၆ ရက်၊ မြန်မာသက္ကရာဇ် ၁၃၄၉ ခုနှစ် နယုန်လပြည့်ကျော် ၆ ရက်၊ ဗုဒ္ဓဟူးနေ့တွင် အဖ ဦးထွန်းအောင်၊ အမိဒေါ်မာမာဝင်းတို့မှ မွေးဖွားခဲ့ပြီး မွေချင်း (၄) ယောက်အနက် ဒုတိယမြောက်သားဖြစ်သည်။ ၁၉၉၁ ခုနှစ်တွင် ရန်ကုန်မြို့မှ မန္တလေးမြို့သို့ ပြောင်းရွှေ့အခြေချခဲ့ပြီး ၁၉၉၂ မှ ၁၉၉၄ အထိ အမှတ်(၅) အခြေခံပညာအလယ်တန်းကျောင်း တွင်၎င်း၊ ၁၉၉၃ မှ ၂၀၀၃ ခုနှစ်အထိ အမှတ် (၂၆) အခြေခံပညာအထက်တန်းကျောင်းတွင် ၎င်းပညာသင်ကြားခဲ့ပြီး ၂၀၀၂- ၂၀၀၃ ပညာသင်နှစ်တွင်တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ခုံအမှတ် မရမ-၁၁၃၆ ဖြင့်အောင်မြင်ခဲ့သည်။ ၂၀၀၃ ခုနှစ် တွင် စတက္ကသိုလ်ဗိုလ်လောင်းသင်တန်းအမှတ်စဉ် (၄၉) သို့တက်ရောက်ခဲ့ပြီး ဒီဇင်ဘာလ (၁၂) ရက်နေ့တွင် တပ်မတော်သားတစ်ဦးအဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့သည်။ စစ်တက္ကသိုလ်တွင် စစ်ပညာနှင့် ကွန်ပျူတာပညာဘာသာရပ်တို့ကို (၃) နှစ်တိုင်သင်ကြားခဲ့ပြီး ၂၀၀၆ ခုနှစ် ဒီဇင်ဘာလ (၁၅) ရက်နေ့တွင် ပြန်တမ်းဝင်အရာရှိအဖြစ်ခန့်အပ်ခံရသည်။ ဒီဇင်ဘာလ (၁၆) ရက်နေ့တွင် စစ်တက္ကသိုလ်မှ ကွန်ပျူတာသိပ္ပံဘွဲ့ရရှိခဲ့ပြီး ကလေးမြို့ရှိ တွင်တပ်မတော်အရာရှိတစ်ဦးအဖြစ်စတင်တာဝန်ထမ်းဆောင်ခဲ့သည်။