အမည်ရင်း ဦးမော်ဆွေထူး ။ အဘ ဦးသိန်းညွန့် ၊အမိ ‌ဒေါ်အမာ တို့မှ ၁၃၃၂ ခု ၊ တော်သလင်းလဆန်း ၃ ရက်၊ 3-9-1970 ကြာသပတေးနေ့တွင် မွေးဖွားခဲ့ပါသည်။ မွေးချင်း ၂‌ယောက်အနက် အငယ်ဆုံးသား ဖြစ်ပါသည်။

ငယ်စဉ်က ကျောက်ဆည်မြို့တွင် နေထိုင်ကြီးပြင်းခဲ့ပြီး 1989 ခုနှစ်တွင် တပ်မတော်(လေ)သို့ ဝင်ရောက်အမှုထမ်းခဲ့ပါသည်။တပ်မတော်တွင်စစ်မှုထမ်းရင်း B.A (Myanmar) ဘွဲ့ကို အဝေးသင်တက္ကသိုလ် ဖြင့်ရရှိခဲ့ပါသည်။ 1997 ခုနှစ်တွင် ဒေါ်မြင့်မြင့်ထွန်းဖြင့် အိမ်ထောင်ပြုခဲ့ပါသည်။ 1998 တွင် တရုတ်နိုင်ငံ ဟီနန်ပြည်နယ်၊ ရှင်ယန်းမြို့တွင် လေကြောင်းဆိုင်ရာ အီလက်ထရောနစ် သင်တန်းတက်ရောက်ခဲ့ပါသည်။2002 တွင် အမှတ် ၃ တပ်မတော်ထောက်လှမ်းရေးတပ်ဖွဲ့(လေ) တွင် တပ်ဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး 2004 တွင် အငြိမ်းစား ဖြစ်ခဲ့ပါသည်။ ယခုအခါ ဇနီး ဒေါ်မြင့်မြင့်ထွန်း၊ သား မောင်စိုးထက် တိုဖြင့် မိတ္ထီလာမြို့တွင် နေထိုင်လျက်ရှိပါသည်။