"နောန်အောန်မျိုးသည် (၂၃ ဩဂုတ်လ ၁၉၈၁ ခုနှစ် မွေးဖွား) ဇာတိမှာ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ကဘူကျေးရွာဖြစ်ပြီး မြန်မာ့နိုင်ငံသား၊ ထားဝယ်လူမျိုး တစ်ဦးဖြစ်ပါသည်။ ထားဝယ်တစ်မျိုးသားလုံးကိုယ်စားပြုသည့် ထားဝယ်လူမျိုးစုစည်းမှုကော်မတီ(ဗဟို)ဥက္ကဋ္ဌ တာဝန်ကို ၂၀၂၀ ပြည့်နှစ်မှစ၍ ယနေ့အချိန်ထိ ထမ်းဆောင်လျက်ရှိပါသည်။၂၀၁၄ ခုနှစ်တွင် မြန်မာနိုင်ငံရှေးဟောင်းဟုတေသနနည်းပညာသင်တန်းကျောင်(ပြည်)တွင်တက်ရောက်ပြီး ၂၀၁၅ခုနှစ်တွင် ထားဝယ်မြို့ ကမ်းနားလမ်း၊ ယဉ်ကျေးမှုပြတိုက်ကိုဦးဆောင် ထူထောင်ခဲ့ပါသည်။ ရှေးဟောင်းသုတသီတစ်ဦးအဖြစ်ပြီး ထားဝယ်တိုင်းရင်းသားဓလေ့ထုံးတမ်းစာအုပ်ကို မြန်မာ/အင်္ဂလိပ် နှစ်ဘာသာဖြစ်ထုတ်ဝေခဲ့ပါသည်။ ထားဝယ်လူမျိုးနှင့်ပက်သက်သောဆောင်းပါးများကို စံတော်ချိန်နေ့စဉ်သတင်းစာတွင်ရေးနှင့် တနင်္သာရီဂျာနယ်တို့တွင်ရေးသားခဲ့ပြီး၊ တနင်္သာရီတိုင်းဒေသကြီးမဂ္ဂဇင်းတွင်လည်း ဆောင်းပါးများရေးသားလျက်ရှိပါသည်။