ဦးနတ်ရဲကို မြန်မာနိုင်ငံ၊ မွန်ပြည်နယ်၊ သထုံမြို့တွင်မွေးဖွား၍ အမည်အရင်းမှာ ဦးဂျွန်ဒွေးဖြစ်ပါသည်။

ငယ်ဘဝ ပြင်ဆင်ရန်

ဦးနတ်ရဲသည် ငယ်စဉ်ကတည်းကစာဖတ်ဝါသနာပါသူတစ်ဦးဖြစ်၍ ငယ်ရွယ်စဉ်ကပင် စာစီစာကုံးပြိုင်ပွဲများတွင် မကြာခဏ ပထမဆုကိုရရှိသူတစ်ဦးဖြစ်ပါသည်။

စာပေလောကသို့စတင်ဝင်ရောက်ခြင်း ပြင်ဆင်ရန်

၂၀၁၂ ခုနှစ် မြန်မာနိုင်ငံတွင် ဂျာနယ်လုပ်ငန်းများတွင်တွင်ကျယ်ကျယ်လုပ်ကိုင်လျှက်ရှိသောအချိန်တွင် ဦးနတ်ရဲသည် မန္တလေးအာရုဏ်ဦးဂျာနယ် (First Light of Mandalay)တွင် အလုပ်သင်ဓာတ်ပုံသတင်းထောက်အဖြစ်စတင်ဝင်ရောက်ခဲ့ပါသည်။ ၎င်းနောက်ပိုင်းတွင် အငယ်တန်းသတင်းထောက်အဖြစ် ၎င်းဂျာနယ်တွင်ပင် "သက်တံ့နောင်"ကလောင်အမည်ဖြင့် အနုပညာသတင်းများရေးသားခြင်းလုပ်ငန်းကို တက္ကသိုလ်ကျောင်းတစ်ဖက်ဖြင့်လုပ်ကိုင်ခဲ့ပါသည်။ ၂၀၁၄ ခုနှစ် အထိ ဂျာနယ်လောကအတွင်းတွင် အနုပညာသတင်းများရေးသားခဲ့ပါသည်။ ၂၀၁၄ ခုနှစ်နောက်ပိုင်း ဘွဲ့ရရှိပြီးနောက် မိဘများရှိရာ နယ်မြို့သို့ ပြန်၍ အစိုးရဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါသည်။

အစိုးရဝန်ထမ်းဘဝ ပြင်ဆင်ရန်

အစိုးရဝန်ထမ်းအဖြစ် ဦးနတ်ရဲသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ၂၀၁၄ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ ၆ နှစ် တာဝန်ထမ်းဆောင်ခဲ့ပြီး အကြီးတန်းစာရေးရာထူးဖြင့် ရာထူးမှနုတ်ထွက်ခဲ့ပါသည်။

Blogger အဖြစ်ရပ်တည်ပုံ ပြင်ဆင်ရန်

ဦးနတ်ရဲ အစိုးရအလုပ်မှနုတ်ထွက်ခဲ့ပြီးနောက် Video Blogger အဖြစ် အောင်မြင်နေသည့် ကျောင်းနေဘက်သူငယ်ချင်းဖြစ်သည့် ကိုမြတ်ထင်နှင့်တွေ့ဆုံခဲ့ပြီးသည့်နောက်ပိုင်း WizardryMyanmar ဟူသော Blog ကိုတည်ထောင်၍ သမိုင်းမှတ်တမ်းများ၊ သတင်းနှင့်သုတရသများကိုရေးသားခဲ့ပြီး လက်ရှိတွင် Natyale's Blog အမည်ဖြင့် Blog အားတည်ထောင်၍ သမိုင်းမှတ်တမ်းများအား ရေးသားဖော်ပြနေသည့် မြန်မာနိုင်ငံ၏ History Blogger တစ်ဦးအဖြစ်ရပ်တည်လျှက်ရှိပါသည်။