Arkar Myint Aung
Aye Chan Moe (Mc)
အေးချမ်းမိုးသည် အစီအစဉ်တင်ဆက်သူ အခမ်းအနားမှူး နှင့် မော်ဒယ် တဦးဖြစ်ပါသည် ၂၀၁၈ မှာ အကယ်ဒမီ အခမ်းအနားမှူးအဖြစ် ပါဝင်ခဲ့သည် သူ၏ ကြည်လင်ပြတ်သားသောအသံဖြင့် လူသိများ ကျော်ကြားပါသည်
အေးချမ်းမိုးဟာ ပညာရေးမှာလဲ ထူးချွန်သူတဦးဖြစ်ပြီး တက္ကသိုလ်ဝင်ခွင့် စာမေးပွဲမှာလဲ ဂုဏ်ထူး (၆ဘာသာ) ဖြင့် အောင်မြင်ပြီး သူဝါသနာပါတဲ့ ဆေးတက္ကသိုလ်မှာ ဆက်လက်ပညာသင်ကြားခဲ့သူဖြစ်ပါတယ် အလုပ်သင်ဆရာဝန် ဘဝမှာလဲ လစဉ်ရတဲ့ လစာငွေကိုလဲ ဆေးရုံးမှာ ပြန်လည် လှူခဲ့ပါတယ် ကျောင်းတဖက်နဲ့ အနုပညာလုပ်ငန်းများစွာ ဆောင်ရွက်ပြီး အနုပညာနဲ့ အသက်မွေးလမ်းကြောင်း အဖြစ်ရပ်တည်ဖို့ ခက်ခက်ခဲခဲလဲ ဆုံးဖြတ်ချက်ချခဲ့ပါ တယ် (ကိုးကား https://www.moi.gov.mm/Nwe/?q=news/26/06/2017/id-62894)
အေးချမ်းမိုးကို ၁၉၉၃ခုနှစ် ဇူလိုင်လ ၂၈ရက်နေ့မှာ
ဦးမောင်မောင်စိန် ဒေါ်သန်းသန်းဌေးတို့က
ရန်ကုန်မြို့တွင် မွေးဖွားခဲ့ပါတယ်
မွေးချင်း ၂ယောက်အနက် အငယ်ဆုံးဖြစ်ပါသည်
8days , People , lifestyle, 7day , Health & Beauty စတဲ့ အနုပညာနဲ့သက်ဆိုင်သော ကျန်းမာရေးသက်ဆိုင်သော အကြောင်းအရာများတွင်လဲ သူပါဝင်ခဲ့ပါသေးတယ်
အနုပညာကို ငယ်စဉ်ဘဝကတည်း ဝါသနာကြီးခဲ့သူဖြစ်ပြီး 2009ခုနှစ်မှာ Talents and models Agencyမှာလဲ တတ်ရောက်ခဲ့သူဖြစ်ပါတယ် Miss Smart 2009 (1st runner up) Miss style awards for miss giffarine 2010 Best body beauty award for miss la Pyae wun 2010 Miss beautiful footstep 2010 Miss talent award for miss yuzana plaza 2011 Best body award for miss people 2012 Miss lily 2012 (1st runner up) 2012 miss myanmar international 2012 (2nd runner up) Miss taw win 2012 Miss universe Myanmar 2013 (1st runner up) Miss grand Myanmar 2017 တွေမှာ ဝင်ရောက် ယှဉ်ပြိုင်ပြီး ဆုတွေလဲ ရရှိဖူးသူဖြစ်ပါတယ်
နောက်ဆုံးယှဉ်ပြိုင်ခဲ့တဲ့ 2017 Miss Grand International မှာ အားပေးမှုနဲ့ဝေဖန်ခံရမှု ဒွန်တွဲခဲ့ပေမဲ့ ဒီပြိုင်ပွဲ ဗီယမ်နမ်ထိ သွားပြိုင်ခွင့်ရရှိခဲ့တာ ဖြစ်ပြီး မိမိ နိုင်ငံအတွက် အတတ်နိုင်ဆုံး ကြိုးစားခွင့် နဲ့ Organization ရဲ့ ပေးအပ်တဲ့တာဝန်ကို ယူခဲ့တာပဲ ဖြစ်ပါတယ် ပြိုင်ပွဲဝင်သည့်ကာလမှာလဲ မျိုးချစ်စိတ်အပြည့်နဲ့ မြန်မာကိုယ်စားပြုဆိုတဲ့စိတ်နဲ့ အားပေးဖို့ပဲ ပြောခဲ့ပြီး လိုအပ်ချက်တွေကို နားလည်ပေးဖို့ မေတ္တာရပ်ခံခဲ့ပါတယ် (ကိုးကား https://news-eleven.com/interviews/14380)
မကြာခဏ medical knowledge များကိုလဲ ပြည်သူများကို မျှဝေလေ့ရှိသလို Hello Ladies Program နှင့် Popular Program စတဲ့ ရုပ်သံထုတ်လွှင့်ပြလေ့ ရှိသော Programတွေမှာလဲ Host အဖြစ် ပါဝင် လှုပ်ရှားမှုများရှိပါတယ် 2017 ခုနှစ်မှာ ဆေးတက္ကသိုလ်(၁)မှ ဘွဲ့ရပြီး ဆရာဝန် မော်ဒယ် တဦီး ဖြစ်တဲ့ အေးချမ်းမိုးဟာ Presenter ဒေါ်တင်မိုးလွင်ရဲ့ ထူးချွန်တဲ့ တပည့်တဦးဖြစ်ပါတယ် နောက်ပိုင်းတွင် သူရဲ့ ဝါသနာနဲ့ ထပ်တူကျတဲ့ Presenter ကို Professional Career အဖြစ် လုပ်ကိုင်နေသူလဲ ဖြစ်ပါတယ် အေးချမ်းမိုးဟာ ဘာသာတရားကိုင်းရှိုင်းသူဖြစ်ပြီး အေးအေးချမ်းချမ်းနဲ့ ပရဟိတ အလုပ်များကိုလဲ မကြာခဏ ပါဝင်ဆောင်ရွက် ကူညီတတ်သူ ဖြစ်ပါတယ် (ကိုးကား https://burma.irrawaddy.com/lifestyle/entertainment/2019/01/20/180774.html)