Ashin Candasiri
စန္ဒာသိရီ ၊ အရှင် ( ပတ္တမြားရောင်ခြည် ဆရာတော် )
အညွှန်းသို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်
ဘဒ္ဒန္ဒ စန္ဒာသိရီ ၊ ( ပတ္တမြားရောင်ခြည် ဆရာတော်- ) သည် မြန်မာနိုင်ငံသား ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတစ်ပါးဖြစ်ပြီး ဘာသန္တရဆေက ဓမ္မာစရိယ B.A ( Ind-Aryan )ဘွဲ့ကို Mandalay Buddhist University မှရရှိထားသူ ဖြစ်ပါသည်။
အဘိဓမ္မဓရ Abhidhammadhara-
Superior Diploma in the Buddhist Abhiddhamma. ဘွဲ့ ကို အဘိဓမ္မတက္ကသိုလ် ( မန္တလေးမြို့ )University of Abhidhamma ( Mandalay ) မှ ရရှိထားသူ တစ်ဦးလည်း ဖြစ်ပါသည် ။
M.A ( Buddhist Studies and Civilization ) ဘွဲ့ ကို အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ ၊ ဂေါတမ ဗုဒ္ဓတက္ကသိုလ်
School of Buddhist Studies & Civilization
Gautam Buddha University
Greater Noida, Uttar Pradesh-201312 (India)
မှာ တတ်ရောက် ပညာ သင်ယူနေဆဲ ဖြစ်ပါသည် ။
မာတိကာ
ပြင်ဆင်ရန်- ၁ မွေးဖွားခြင်း
- ၂ သာသနာ့ဘောင်သို့ ဝင်ရောက်ခြင်း
- ၃ လောကုတ္တရာ ဓမ္မစာပေများကို လေ့လာသင်ယူ
- ၄ ပတ္တမြားရောင်ခြည် ဆရာတော်-ဟု ခေါ်တွင်ကြခြင်း
မွေးဖွားခြင်း
ပြင်ဆင်ရန်ဆရာတော်ကို မကွေးတိုင်းဒေသကြီး ၊ ပခုက္ကူခရိုင် ၊ မြိုင်မြို့နယ် ၊ ဘန့်ဘိုးကျေးရွာ အုပ်စု ၊ သပြေပင်ကျေးရွာ ၌ ခမည်းတော် ဦးမြင့်မောင် + မယ်တော် ဒေါ်ဌေးကြည် တို့မှ ၁၃၅၀-ခုနှစ် နှောင်းတန်ခူးလ ဆန်း ၅-ရက်နေ့ အင်္ဂါနေ့ နံနက်စောစော ၅-နာရီ အချိန်တွင် မွေးဖွားခဲ့ပါသည်။
သာသနာ့ဘောင်သို့ ဝင်ရောက်ခြင်း
ပြင်ဆင်ရန်ဆရာတော်သည် ၁၃၆၀ ခုနှစ်၊ နယုန်လဆန်း ၁၃-ရက်နေ့တွင် သက်တော် ( ၁၀ ) နှစ် အရွယ်မှာ ရှင်သာမဏေအဖြစ် ရောက်ရှိခဲ့ပြီး ဥပဇ္ဈာယ်ဆရာတော်မှာ မကွေးတိုင်းဒေသကြီး ၊ ပခုက္ကူခရိုင် ၊ မြိုင်မြို့နယ် ၊ ဘန့်ဘိုးကျေးရွာ ဓမ္မရက္ခိတကျောင်းတိုက် ဘ-က ပရိယတ္တိစာသင်တိုက်၏ ပဓာန နာယက ဆရာတော် ဘဒ္ဒန္ဒကောသလ္လ အရှင်သူမြတ် ဖြစ်ပါသည်။
လောကုတ္တရာ ဓမ္မစာပေများကို လေ့လာသင်ယူ
ဆရာတော်သည် ၁၃၆၅ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၈ ရက်နေ့တွင်
မန္တလေးမြို့ ၊ အမရပူရမြို့နယ် ၊ နန်းတော်ရာ စံပြ ကွက်သစ်
ပတ္တမြားရိပ်သာ ခန္ဓာဉာဏ်ရောက် ဝိပဿနာ
ပရိယတ္တိ - ပဋိပတ္တိ စာသင်တိုက်သို့
လောကုတ္တရာ ဓမ္မစာပေများကို လေ့လာသင်ယူရန် ရောက်ရှိခဲ့သည်။
ပတ္တမြားရောင်ခြည် ဆရာတော်-ဟု ခေါ်တွင်ကြခြင်း
ပြင်ဆင်ရန်မဏိဇောတ ပတ္တမြားရောင်ခြည် စာချကျောင်း၌
သတင်းသုံးလျက်ရှိသောကြောင့် ပတ္တမြားရောင်ခြည် ဆရာတော်-ဟု ခေါ်တွင်ကြခြင်းဖြစ်ပါသည်။