ဟန်ဆန်း
မွေးသက္ကရာဇ် ၁၉၇၉
ကလောင်ခွဲ ဟန်ဇော်
အမည်ရင်း မြတ်သူစိုး
မိဘ ဦးစိုးတင့်+ဒေါ်သစ်သစ်လွင်
မွေးရာဇာတိ မော်လမြိုင်မြို့
နိုင်ငံ မြန်မာ
အလုပ်အကိုင် စာရေးဆရာ၊ အယ်ဒီတာ၊ အနုပညာသည်


ဟန်ဆန်း[၁][၂][၃]သည် စာရေးဆရာ၊ အယ်ဒီတာနှင့် အနုပညာသည်[၄]တစ်ဦးဖြစ်ပြီး မြန်မာဝီကီပီးဒီးယားကို ပါဝင်ရေးသားနေသူဖြစ်သည်။ အမည်အရင်းမှာ မြတ်သူစိုးဖြစ်ပြီး ဟန်ဆန်း[၁]ဟူသောအမည်ဖြင့် ရသစာပေရေးသားခြင်း၊ ဂရပ်ဖစ်ဒီဇိုင်းရေးဆွဲခြင်း[၂]တို့ကို လုပ်ကိုင်သည်။ ထို့အပြင် ဟန်ဇော်[၃] ဟူသော ကလောင်အမည်ဖြင့် အိုင်စီတီဆိုင်ရာဆောင်းပါးများကို လေ့လာရေးသားသည်။

ပညာရေး ပြင်ဆင်ရန်

အခြေခံပညာအထက်တန်းကို ၁၉၉၆ ခုနှစ်တွင် ရန်ကုန်မြို့၊ သင်္ကန်းကျွန်းမြို့နယ်ရှိ အ.ထ.က(၂)၊ သင်္ကန်းကျွန်းမှ အောင်မြင်ခဲ့သည်။ တက္ကသိုလ်သို့ ဆက်လက်တက်ရောက်ခဲ့ပြီး ရန်ကုန်အဝေးသင်တက္ကသိုလ်မှ စိတ်ပညာဖြင့် ဘွဲ့ရခဲ့သည်။ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)မှ အနုပညာကွန်ပျူတာဒီပလိုမာဘွဲ့ကို ရရှိခဲ့သည်။

အလုပ်အကိုင် ပြင်ဆင်ရန်

၂၀၁၁ ခုနှစ် မေလမှ စတင်၍ ကွန်ပျူတာသုံး မြန်မာစာစနစ် အကောင်အထည်ဖော်ခြင်းအဖွဲ့ [၄]ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဌာနတွင် အချိန်ပိုင်းတာဝန်ကို စတင်ထမ်းဆောင်သည်။

အယ်ဒီတာဘ၀ ပြင်ဆင်ရန်

၂၀၁၂ ခုနှစ် မတ်လမှ စပြီး မြန်မာအင်ဒီပဲန်ဒင့်သတင်းဂျာနယ်တွင် အယ်ဒီတာအဖြစ် အလုပ်လုပ်ကိုင်ခဲ့သည်။ ထို့နောက် ပဲ့တင်သံဂျာနယ်တွင် အယ်ဒီတာအဖြစ် ၂၀၁၅ ခုနှစ် ဧပြီလအထိ တာဝန်ယူခဲ့သည်။ ၂၀၁၅ ခုနှစ် မေလတွင် Info Digest Media House ၏ အယ်ဒီတာအဖွဲ့ဝင်အဖြစ် ၂၀၂၀ ပြည့်နှစ် ဇွန်လအထိ တာဝန်ယူဆောင်ရွက်ခဲ့သည်။ 3-ACT ရုပ်ရှင်မဂ္ဂဇင်းတွင် အယ်ဒီတာအဖြစ် တာဝန်ယူဆောင်ရွက်နေသည်။

ထုတ်ဝေပြီး စာအုပ်များ ပြင်ဆင်ရန်

နည်းပညာကို လူသားဆန်မှုနှင့် လက်ထပ်ထိမ်းမြားပေးခြင်း[၅]အမည်ဖြင့် အိုင်တီနည်းပညာဆိုင်ရာဆောင်းပါးများ စုစည်းမှုစာအုပ်ကို ဝန်ဇင်းအွန်လိုင်းစာအုပ်ဆိုင်က ၂၀၁၅ ခုနှစ် ဇူလိုင်လတွင် အီးဘုတ်ခ်အဖြစ် ထုတ်ဝေဖြန့်ချိခဲ့သည်။ လူကူးမျဉ်းကျားက လမ်းဖြတ်ကူးလျှင် ကမ္ဘာကျော်နိုင်ပါသည်[၂] စာအုပ်ကို ဟန်ဆန်း ဟူသောကလောင်အမည်ဖြင့် ၂၀၁၆ ခုနှစ်၊ ဩဂုတ်လတွင် ထုတ်ဝေခဲ့သည်။ စကားလုံးများကပြောသော ကွန်ပျူတာတစ်လုံးနှင့် အင်တာနက်အကြောင်း စာအုပ်ကို စာအုပ်ကို ဟန်‌ဇော် ဟူသောကလောင်အမည်ဖြင့် ၂၀၁၈ ခုနှစ်၊ ဇွန်လတွင် ပုံနှိပ်မူအဖြစ် ထုတ်ဝေခဲ့သည်။ နည်းပညာကို လူသားဆန်မှုဖြင့် လက်ထပ်ထိမ်းမြားပေးခြင်း(အိုင်စီတီဆိုင်ရာဆောင်းပါးများ) စာအုပ်ကို ဟန်‌ဇော် ဟူသောကလောင်အမည်ဖြင့် ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လတွင် ပုံနှိပ်မူအဖြစ် ထုတ်ဝေခဲ့သည်။

ကိုးကား ပြင်ဆင်ရန်

My Tools Box ပြင်ဆင်ရန်