Future The DAGON ( မြန်မာ: ဒဂုံတက္ကသိုလ်ကျောင်းသားကျောင်းသူများအသင်း ) (Abbreviated FTD )

ဆိုတာ ဒဂုံတက္ကသိုလ် အတွက် ကိုယ်စွမ်းကျောင်းသား/သူများရဲ့ အကျိုးအတွက် ကိုယ်စွမ်း ဉာဏ်စွမ်းရှိသာဝန်ထမ်းဆောင်နေတဲ့တဲ့ ဒဂုံတက္ကသိုလ် ကျောင်းသား/သူများ အသင်းတစ်ခုဖြစ်ပါတယ်။

ဒဂုံတက္ကသိုလ်တွင်း ပြုပြင်ပြောင်းလဲမူများ ၊ အားကစားပြိုင်ပွဲများ ၊ ကျောင်းသားအကျိုးပြုလုပ်ငန်းများ၊ပျော်ပွဲရွှင်ပွဲများ ၊ တက္ကသိုလ်အနှစ်သာရကိုဖော်ဆောင်သည့် လုပ်ငန်းများ ၊ ပညာရေးဆိုင်ရာဆွေးနွေးပွဲများ ၊ ကျောင်းသားအခွင့်အရေးကိစ္စရပ်များ စသည်တို့ကို ပြုလုပ်ခဲ့သည့် ၂၀၁၅-၁၆ ၊ ၂၀၁၆-၁၇ ပညာသင်နှစ် ကျောင်းသားသမဂ္ဂကို ဦးဆောင်တာဝန်သည့် အသင်းအဖွဲ့လည်းဖြစ်ပါသည်။

Future The DAGON
အတိုကောက်FTD
ဆောင်ပုဒ်Your Dreams, Your Success , Your Future The DAGON
တည်ထောင်သူမင်းသုခကျော်
အမျိုးအစားCommunity Organization
တည်နေရာ
  • Dagon University
ဝန်ဆောင်မှုများnews and media
အဖွဲ့ဝင်များ
၅၀
မိခင်အဖွဲ့အစည်း
ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ
ဝက်ဘ်ဆိုဒ်https://www.futurethedagon.ga

တမ်းပလိတ်:Burmese characters

စတင်ပေါ်ပေါက်လာပုံ ပြင်ဆင်ရန်

အသင်းအမည်ကို ၂၀၁၅ ခုနှစ် ၊ ဒီဇင်ဘာလတွင် စတင်သုံးစွဲခဲ့ပြီး ကွန်ယက်အနေဖြင့်လည်း ရပ်တည်ခဲ့သည် ။  အသင်း အနေဖြင့် ၂၀၁၇ ခုနှစ် ၊ ဇွန်လတွင် စတင်ဖွဲ့စည်းခဲ့သည် ။

မူဝါဒ (၅) ချက် ပြင်ဆင်ရန်

၁။ကျောင်းသားထုအကျိုးုစီးပွားရေးနှင့် အခွင့်အရေးများကို ဦးတည် ဆောင်ရွက်ရေး

၂။ အရည်အသွေးပြည့်ဝသောကျောင်းသား

ကျောင်းသူများအား မွေးထုတ်ပေးနိုင်သည့် ပညာရေးစနစ်တစ်ရပ် ပေါ်ပေါက်လာရေး

၃။ ခေတ်မှီသော တက္ကသိုလ်ပတ်ဝန်းကျင်တစ်ခု ဖြစ်ပေါ်လာရေး

၄။လွတ်လပ်သော ကျောင်းသားသမဂ္ဂ အဖြစ်ရပ်တည်ရေး

၅။တိုင်းရင်းသား ကျောင်းသား/သူ များ၏ ယဉ်ကျေးမှု ၊ စရိုက် လက္ခဏာများကို တက္ကသိုလ် ပရဝုဏ်အတွင်း တန်ဖိုးထား ဖော်ထုတ်နိုင်ရေး၊ အလေးထားဆောင်ရွက်ရေး တို့ဖြစ်ပါသည်။

ဖွဲ့စည်းပုံစည်းမျဉ်း ပြင်ဆင်ရန်

FTD ၏ ဖွဲ့စည်းပုံကို ၂၀၁၇ ခုနှစ် ဇွန်လ ၂၂ ရက်နေ့တွင် ကျင်းပသော ပထမအကြိမ် Future The DAGON အသင်း၏ သင်းလုံးကျွတ်အစည်းဝေးတွင် အတည်ပြုပြဌာန်းခဲ့သည်။

ဖွဲ့စည်းပုံတွင် အမည် ၊ အသင်းဖွဲ့စည်းခြင်းပုံစံ နှင့် ဒါရိုက်တာအဖွဲ့ဟူ၍ အပိုင်း ၃ ပိုင်းပါဝင်ပါသည်။

အမည် ပြင်ဆင်ရန်

(၁) အသင်းအဖွဲ့၏ အမည်သည် "Future The DAGON" ဒဂုံတက္ကသိုလ်ကျောင်းသား/သူများအသင်း ဖြစ်သည် ။  အတိုကောက် FTD ဟု သုံးစွဲသည် ။

(၂) အသင်းအမည်ကို ၂၀၁၅ ခုနှစ် ၊ ဒီဇင်ဘာလတွင် စတင်သုံးစွဲခဲ့ပြီး ကွန်ယက်အနေဖြင့်လည်း ရပ်တည်ခဲ့သည် ။  အသင်း အနေဖြင့် ၂၀၁၇ ခုနှစ် ၊ ဇွန်လတွင် စတင်ဖွဲ့စည်းသည် ။

(၃) အသင်း၏ မူဝါဒများမှာ

(၄) အသင်းသည် ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ၏ မူဝါဒများကို လေးစားတန်ဖိုးထားသည် ။

(၅) အသင်းသည် ဒဂုံတက္ကသိုလ် ဖွံဖြိုးတိုးတက်ရေး ၊ ကျောင်းသား/သူများ အကျိုးရှိစေရေးငှာ လုပ်ငန်းစဉ်များချမှတ်အကောင်အထည်ဖော်မည် ။  ပညာရေးဖွံဖြိုးတိုးတက်စေရေးလုပ်ငန်းစဉ်များကို အထူးအလေးပေးအကောင်အထည်ဖော်မည် ။

အသင်းဖွဲ့စည်းမှုပုံစံ ပြင်ဆင်ရန်

(၆) ဒဂုံတက္ကသိုလ်ကျောင်းသား/သူများ ၊ ရန်ကုန်အဝေးသင်တက္ကသိုလ် (ဒဂုံဌာနခွဲ) ကျောင်းသား/သူများ သည် အသင်း၏ အဖွဲ့ဝင် (အသင်းသူ/အသင်းသား) ဖြစ်ပိုင်ခွင့် လျှောက်ထားနိုင်သည် ။ အသင်းဝင်ဖြစ်လိုလျှင် အသင်း၏ ဒါရိုက်တာအဖွဲ့ဝင်တစ်ဦးဦးထံမှ အသင်းဝင်ခွင့်လျှောက်လွှာရယူနိုင်သည် ။ အသင်း၏ ဒါရိုက်တာအဖွဲ့က အသင်းဝင်ခွင့် ကို ခွင့်ပြုနိုင်သည် (သို့မဟုတ်) အကြောင်းပြချက်မပေးဘဲ ငြင်းပါယ်နိုင်သည် ။

(၇) အသင်း၏ အဖွဲ့ဝင်များသည် အသင်းမှ သက်မှတ်သည့် အခွင့်အရေးများကို ရယူနိုင်သကဲ့သို့ ပေးအပ်သောတာဝန်များကို ကျေပွန်စွာထမ်းဆောင်နိုင်ရမည် ။ လုပ်ငန်းစဉ်များတွင် တက်ကြွစွာပါဝင်နိုင်ရမည် ။ ဒါရိုက်တာအဖွဲ့က အခါအားလျော်စွာသက်မှတ်သော စည်းမျဉ်းကို လိုက်နာနိုင်ရမည် ။

(၈) အမှတ်စဉ် (၇) ကို ငြိစွန်းပါက အဖွဲ့ဝင်ဖြစ်ခြင်းကို ဒါရိုက်တာအဖွဲ့က ရပ်စဲနိုင်သည် ။

ဒါရိုက်တာအဖွဲ့ ပြင်ဆင်ရန်

(၉) အသင်း၏ ဒါရိုက်တာအဖွဲ့ကို အသင်း၏အဖွဲ့ဝင်များထဲမှ အများဆန္ဒအရရွေးကောက်တင်မြှောက်သူ (၇) ဦးဖြင့်ဖွဲ့စည်းသည် ။

(၁၀) ဒါရိုက်တာအဖွဲ့သည်

(က) အသင်းကို ဦးဆောင်ရမည်။

(ခ) အသင်းကို စီမံခန့်ခွဲရမည်။

(ဂ) အသင်း၏ စည်းမျဉ်းစည်းကမ်းများကို အဖွဲ့ဝင်အများစု၏ သဘောတူညီမှုအားဖြင့် သတ်မှတ်ပေးရမည် ။

(၁၁) ဒါရိုက်တာအဖွဲ့ဝင်ရွေးချယ်ခြင်းကို နှစ်စဉ် ဇွန်လအတွင်းပြုလုပ်ရမည် ။ အဖွဲ့ဝင်အများစု လက်ခံနိုင်သော ရွေးကောက်ပွဲကော်မရှင် ကို တည်ဆဲဒါရိုက်တာအဖွဲ့က ဖွဲ့စည်းပေးရမည် ။ ရွေးကောက်ပွဲကော်မရှင် ရွေးချယ်သည့်စနစ်ဖြင့် ရွေးချယ်နိုင်ရန်ပြုလုပ်ပေးရမည် ။

(၁၂) ဒါရိုက်တာအဖွဲ့ဝင်တစ်ဦးဦးကို ထုတ်ပါယ်ခြင်း ၊ အစားထိုးတာဝန်ပေးခြင်း ၊ သီးခြားအပြစ်ဒါဏ်ပေးခြင်းကို သင်းလုံးကျွတ်အစည်းအဝေး ဆုံးဖြတ်ချက်ဖြင့် ပြုလုပ်ရမည် ။ သင်းလုံးကျွတ်အစည်းအဝေးကို အသင်းဝင် ၂၀ ရာခိုင်နှုန်း ကတောင်းဆိုလျှင် ခေါ်ယူပေးရမည် ။

(၁၃) အသင်း၏ အမှတ်တံဆိပ် ၊ သီချင်း စသည်တို့အပါအဝင် အထိမ်းအမှတ် များကို အဖွဲ့ဝင်အများစု၏ ဆန္ဒကို မဆန့်ကျင်စေဘဲ ဒါရိုက်တာအဖွဲ့ က သက်မှတ်ပေးနိုင်သည် ။

(၁၄) အသင်း၏ စည်းမျဉ်းများကို ပြင်ဆင်လိုပါက သင်းလုံးကျွတ်အစည်းအဝေး ဆုံးဖြတ်ချက်ဖြင့် ပြုပြင်နိုင်သည် ။

(၁၅) သင်းလုံးကျွတ်အစည်းအဝေးကို အနည်းဆုံး တစ်နှစ်တစ်ကြိမ် ကျင်းပရမည်။

ပြင်ပလင့်ခ်များ ပြင်ဆင်ရန်

ကိုးကား ပြင်ဆင်ရန်