လူဆိုတာဟာ ....

ခေါင်း၊ ခြေ၊ လက်၊ ကိုယ်ခန္ဓာ၊ ကလီစာစတဲ့

(၃၂ ) ကောဋ္ဌာသ အစိတ်အပိုင်းတွေကို ပေါင်းစပ်ပြီး “လူ” လို့ ခေါ်တာပါ။   

ဒါဆိုရင် ဦးခေါင်းကတော့ အမှန်ပဲလား။

သူလည်း ပညတ်တစ်ခုပါပဲ။

ဦးခေါင်းမှာ မျက်လုံး၊ နား၊ နှာခေါင်း၊ ပါးစပ်၊ ဆံပင်၊ ဦးနှောက် စသည်ဖြင့် အင်္ဂါတွေအများကြီး စုစည်းပြီးမှ ဦးခေါင်းဆိုတဲ့ ခေါ်ဝေါ်သတ်မှတ်စရာ အမည်ပညတ်တစ်ခု ဖြစ်လာတာပါ။   ကဲ ဒါဆိုရင် မျက်လုံးကတော့ အမှန်ပဲလား။ ဒါလည်း အမှန်တရားမဟုတ်တဲ့ ပညတ်တရားပါပဲ။

မျက်လုံးထဲမှာ မျက်ကြည်လွှာ၊ သူငယ်အိမ်၊ မှန်ဘီလူး၊ ဂျယ်လီရည်၊ အကြောအမျှင်စတဲ့အရာတွေ စုပေါင်းထားတဲ့ အမည်ခေါ်စရာ ပညတ်တစ်ခုပါ။   ဒါဖြင့် သူငယ်အိမ် မျက်ဆံနက်ကရော ပညတ်ပဲလား။ ဟုတ်ပါတယ်။ သူလဲ ခေါ်စရာ ပညတ်တစ်ခုပါပဲ။ မျက်ဆံနက်ထဲမှာ ရောင်ခြယ်ဆဲလ်တွေ၊

တစ်ရှုးဆဲလ်တွေ၊ သွေးကြောမျှင်လေးတွေ စတဲ့ အစိတ်အပိုင်းပေါင်းများစွာ ပေါင်းစပ်ထားတာပါ။

သူလည်း အမှန်တရားအဖြစ် မသေချာသေးပါဘူး။

ဒီလိုဆိုရင် ဆံခြည်မျှင်လောက်တောင်မရှိတဲ့ သွေးကြောမျှင်လေးတွေကတော့ သိပ်သေးငယ်လို့ ထပ်ပြီး မခွဲစိတ်နိုင်တော့ဘူး ထင်ပါရဲ့။ မဟုတ်သေးပါဘူး။ သွေးကြောမျှင်လေးတွေဟာလည်း ပညတ်ပါပဲ။ သွေးကြောမျှင်လေးတွေထဲမှာ သွေးကြောနံရံတွေ၊ သွေးရည်ဆဲလ်တွေ ပါရှိနေပါသေးတယ်။   

မမေးခင် ဆက်ပြီးရှင်းပြရရင် သွေးထဲမှာလည်း အောက်ဆီဂျင်တွေ၊ အာဟာရဓာတ်တွေ၊ အရည်တွေ၊ သွေးဖြူဥတွေ၊ သွေးနီဥတွေ၊ အရောင်အဆင်းတွေ ပါဝင်နေပါတယ်။ အရည်ထဲမှာလည်း ဩော်ဂဲနစ်ဒြပ်ပေါင်းတွေ၊ ဆဲလ်မော်လီကျူးတွေ ပါဝင်နေပါတယ်။   အဲဒါတွေကို အဆင့်ဆင့်ထပ်မံခွဲစိတ်လိုက်ရင်တော့ အီလက်ထရွန်၊ ပရိုတွန် နဲ့ နျူထရွန်တို့ ပေါင်းစပ်ဖွဲ့စည်းထားတဲ့ အက်တမ်အမှုန်အထိ သိပ္ပံနည်းအရ ခွဲစိတ်နိုင်ပါတယ်။   ပရိုတွန်ဓာတ်ဖိုပါရှိနေတဲ့ နျူကလိယဝတ်ဆံကို လှည့်ပတ်နေတဲ့ အီလက်ထရွန်ဓာတ်မဟာ သူ့လမ်းကြောင်းပေါ်မှာပဲ ပေါ်လိုက်၊ ပျောက်လိုက် ဖြစ်နေတဲ့ (ဖြစ်-ပျက်)သဘောကို သိပ္ပံပညာရှင်တွေဟာ မကြာခင်ကမှ နောက်ဆုံးတွေ့ရှိချက်အဖြစ် ဖော်ထုတ်နိုင်ခဲ့ကြတာပါ။   ဗုဒ္ဓနည်းအရကတော့ အဲဒီအက်တမ်အမှုန်ကိုတောင်မှ (၃၆)ပုံထပ်မံခွဲစိတ်ပြီး တစ်ပုံကို ပရမာနုမြူလို့ ခေါ်ပါတယ်။ အဲဒီရုပ်အမှုန်တွေဟာလည်း ရေ၊ မြေ၊ လေ၊ မီး ဆိုတဲ့ စွမ်းအင်ဓာတ်ကြီး(၄)ပါးရဲ့ ပေါင်းစပ်ထောက်ပံ့မှုကြောင့်သာ ဖြစ်ပေါ်ပြောင်းလဲနေ ကြရပါတယ်။   ဗုဒ္ဓကတော့ အဲဒီရုပ်ကလာပ်စည်း(ရုပ်ခန္ဓာ)ရဲ့ ဖြစ်ပျက်ပြောင်းလဲမှုသဘောကိုသာမက စိတ်သိမှု(နာမ်ခန္ဓာ)ရဲ့ ဖြစ်ပျက်အစဉ်အတန်းသဘောကိုပါ လွန်ခဲ့တဲ့နှစ်ပေါင်း

(၂၆၀၀) ကတည်းက ဖော်ထုတ်ဟောကြားခဲ့တာပါ။  

ပရမာနုမြူလို့ ခေါ်ပါတယ်။ အဲဒီရုပ်အမှုန်တွေဟာလည်း ရေ၊ မြေ၊ လေ၊ မီး ဆိုတဲ့ စွမ်းအင်ဓာတ်ကြီး(၄)ပါးရဲ့ ပေါင်းစပ်ထောက်ပံ့မှုကြောင့်သာ ဖြစ်ပေါ်ပြောင်းလဲနေ ကြရပါတယ်။   ဗုဒ္ဓကတော့ အဲဒီရုပ်ကလာပ်စည်း(ရုပ်ခန္ဓာ)ရဲ့ ဖြစ်ပျက်ပြောင်းလဲမှုသဘောကိုသာမက စိတ်သိမှု(နာမ်ခန္ဓာ)ရဲ့ ဖြစ်ပျက်အစဉ်အတန်းသဘောကိုပါ လွန်ခဲ့တဲ့နှစ်ပေါင်း

(၂၆၀၀) ကတည်းက ဖော်ထုတ်ဟောကြားခဲ့တာပါ။   

ကဲ--- လူဆိုတဲ့ ပညတ်တစ်ခုရဲ့မူလကို လိုက်ရှာရင်းနဲ့ “သဘာဝအမှန်တရား” ရဲ့ အဖြေဟာ အကောင်အထည်မပြနိုင်တဲ့ ဓာတ်သဘော၊ သုညသဘော အခြေအနေအထိ ဆိုက်ရောက်သွားပါပြီ။   ဒါကြောင့် “ငါ”ဆိုတဲ့ ရုပ်ကောင်ကြီးဟာ တကယ်ဟုတ်ဟုတ်ငြားငြား မရှိတော့ပါဘူး။