Khaingmintun@ခိုင်မင်းထွန်းသည် နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ညောင်ပင်သာရွာတွင် မွေးဖွားခဲ့သူဖြစ်သည်။ မွေးသက္ကရာဇ်မှာ ၁၉.၄.၁၉၉၃ ဖြစ်ပြီး မွေးချင်းသုံးဦးရှိသည့်အနက် အကြီးဆုံးသားဖြစ်သည်။ မိဘများမှာ ဦးကိုကြီး ဒေါ်နွဲ့နွဲ့ဝင်းတို့ ဖြစ်ကြသည်။ ငယ်စဉ်ကပင် အနုပညာကို ဝါသနာပါခဲ့သူတစ်ဦးလည်းဖြစ်သည်။ သူရေးစပ်ခဲ့သော သီချင်းများအနက် သံစုံတီးဝိုင်းဖြင့် ပထမဆုံးသီဆိုခဲ့သောသီချင်းမှာ ပရဟိတ ဟူသော သီချင်းဖြစ်သည်။ ပထမဆုံးသီဆိုရချိန်မှာပင် စတိတ်စင်ပေါ်၌ လူအများရှေ့မှောက်ဝယ် ဖျော်ဖြေခွင့်ရခဲ့သည်။ ယခုအချိန်ထိတိုင် တေးသီချင်းများစွာကို ရေးစပ်သီဆိုနေဆဲဖြစ်ပြီး အရိယသစ္စာ ဟူသောသီချင်းနှင့် မယ်သီရိ ဟူသောသီချင်းတို့မှာ လူသိများထင်ရှားသည်။