သာလွန်မင်းတရားကြီး တည်ထားခဲ့သော ရာဇမဏိစူဠာ ခေါ် ကောင်းမှုတော်စေတီတော်ကြီးသည် စစ်ကိုင်း မြို့၏ မြောက်ဘက် ၆ မိုင်ခန့်အကွာမှာတည်ရှိပါသည်။ ဉာဏ်တော်အမြင့် ၁၅၁ ပေရှိ ပါသည်။ထူးခြားသော ပျူခေတ်ဟန် လုံးဝန်းသော ကြီးမားသည့် စေတီပုံသဏ္ဍာန်ကြောင့်လည်း လူသိများ ထင်ရှားသော စေတီဖြစ်ပါသည်။
မြတ်စွာဘုရား၏ စွယ်တော်ပွား ကိန်းဝပ်နေသော တန်ခိုးကြီးသည့် စေတီတစ်ဆူလည်း ဖြစ်ပါသည်။ 
 ကိုလိုနီခေတ်နှင့် လွတ်လပ်ရေးခေတ်တလျှောက် လုံး ထုံးသင်္ကန်း ကပ်လှူထားသော အဖြူရောင်စေတီတော် ကြီး အဖြစ်သာ တွေ့မြင်ခဲ့ကြသဖြင့် မူလစေတီသည် အဖြူရောင်ဖြစ်သည်ဟု သာနှောင်းခေတ်လူများ မှတ်ယူခဲ့ကြပါ သည်။
စင်စစ်အားဖြင့် ထိုစေတီတော်ကြီးသည် မူလက မည်သည့်အရောင်ရှိခဲ့သည်ကို ရာဇဝင်မှတ် တမ်းများတွင် ဖော်ပြထားချက်များအရ ပြန်လည်တင်ပြပါမည်။

ညောင်ရမ်းမင်းဆက်၏ စတုတ္ထမြောက်မင်းဖြစ်သော သာလွန်မင်းတရားသည် မြန်မာနှစ် ၉၉၁ ခုနှစ် နတ်တော်လ (၁၆၂၉ ခုနှစ် နိုဝင်ဘာလ) တွင် နန်းတက်ခဲ့သည်။ သူ၏ လက်ထက်တွင် မြို့တော်ကို ဟံသာဝတီမှ အင်းဝသို့ ပြန်လည် ပြောင်းရွှေ့ခဲ့လေသည်။ သာလွန်မင်းတရားလက်ထက်သည် စစ်ရေးစစ်ရာ နည်းပါးပြီး တိုင်းပြည် သာယာအေးချမ်းသောခေတ်ဟု သမိုင်းပညာရှင်များက သတ်မှတ်ထားပါသည်။

သာလွန်မင်းတရားကြီးသည် ပြည်မြို့တွင် စံနေတော်မူသောအခါ ဒွတ္တပေါင်မင်း၏ ကောင်းမှုတော်ဖြစ်သော သရဘာစေတီကို ပြုပြင်ရင်း ငါအထွတ်အမြတ်ရောက်လျှင် ထိုကဲ့သို့သော စေတီကို တည်မည်ဟု အဓိဋ္ဌာန်တော်မူခဲ့သည့်အတိုင်း စစ်ကိုင်းအရပ်တွင် ရာဇမဏိစူဠာ အမည်ရှိသော ကောင်းမှုတော်ဘုကြီးကို စတင်တည်ဖို့ ဆောင်ရွက် ခဲ့လေသည်။

ထို့ကြောင့် နန်းတက်ပြီး ၈ နှစ် အကြာဖြစ်သော သက္ကရာဇ် ၉၉၈ ခု၊ ကဆုန်လပြည့်ကျော် ၇ ရက်၊ သော ကြာနေ့ (၁၆၃၆ ခု ဧပြီ ၁၅) တွင် စေတီတော်တည်မည့်နေရာကို မြေစတင်ညှိလေသည်။

နတ်တော်လပြည့်ကျော် ၁ ရက်၊ သောကြာနေ့တွင် ပထမ ဌာပနာ စသွင်းသည်။ ဘုရင့်နောင်မင်းတရားလက်ထက်တွင် သီဟိုဠ်ကရောက်လာ သောစွယ်တော်ပွားသည် ဟံသာဝတီမှ တောင်ငူရောက်လာပြီး တောင်ငူမှတဆင့် ရတနာပူ အင်းဝသို့ ရောက်လာ သဖြင့် ကောင်းမှုတော် စေတီတော်ကြီးမှာ ဌာပနာသွင်းလေသည်။

စေတီတော်တွင် တင်မည့် ထီးတော်ကို သက္ကရာဇ် ၁၀၁၀ ခုနှစ် ၊ နယုန်လဆန်း ၁၅ ရက်( ၁၆၄၈ ခု မေ ၂၆) တွင် စတင်လုပ်ဆောင်တော်မူသည်။ ထီးတော်လုပ်ဆောင်နေစဉ်အတွင်း အင်းဝမြို့ အနီးဝန်းကျင်ရှိ ဘုရားစေတီများ ဖြစ်သော ဂူတော်သစ်၊ လက်စဂူ၊ ရွှေကြက်ယက်၊ ထူပါရုံ၊ ပုညစေတီ၊ ပတ္တမြားစေတီ၊ တံတားဦး မင်္ဂလာစေတီ၊ အဝစည်းခုံ၊ ပင်းယစည်းခုံ၊ တူရွင်းခြေ၊ ရွှေမင်းဝံ၊ ရွှေမြင်တင် စသော ဘုရားများကို ရွှေလုံးတော်ပြည့် ကပ်လှူတော်မူလေသည်။

သာလွန်မင်းတရားကြီးသည် ကိုယ်တိုင်တည်တော်မူခဲ့သော ကောင်းမှုတော်စေတီတော်ကြီးကို ထီးတော်တင်ဖို့ အားလုံးစီစဉ်ပြီးသောအခါမှ ကိုယ်တိုင် ထီးတော်တင်ခွင့်မကြုံဘဲ သက္ကရာဇ် ၁၀၁၀ ခု တော်သလင်း လပြည့်ကျော် ၁ ရက် (၁၆၄၈ ခု သြဂုတ် ၂၃) တွင် နတ်ရွာစံခဲ့ရလေသည်။

သာလွန်မင်း နတ်ရွာစံသဖြင့် အိမ်ရှေ့စံဖြစ်သော သားတော် ပင်းတလဲမင်း နန်းတက်လေသည်။ ပင်းတလဲမင်း က ကောင်းမှုတော် စေတီကြီးကို ထီးတင်ဖို့ ဆက်လက်ဆောင်ရွက်ခဲ့ရာ ၁၀၁၁ ခုနှစ် ကဆုန်လဆန်း ၈ ရက် ၊ တနင်္ဂနွေ နေ့ (၁၆၄၉ ခု ဧပြီ ၈) တွင် ထီးတော်တင်ခဲ့ပါသည်။ ခမည်းတော်၏ ကောင်းမှုတော်ဖြစ်သော စေတီတော်ကြီးကို ရာဇမဏိစူဠာစေတီဟု အမည်ပေးခဲ့ပါသည်။

ကောင်းမှုတော်စေတီ တော်ကြီးကို သာလွန်မင်း ရွှေသင်္ကန်းကပ်လှူတော်မူခဲ့ခြင်း ရှိမရှိနှင့် ပါတ်သက်၍ ထင် ထ

သာလွန်မင်းတရားကြီး တည်ထားခဲ့သော ရာဇမဏိစူဠာ ခေါ် ကောင်းမှုတော်စေတီတော်ကြီးသည် စစ်ကိုင်း မြို့၏ မြောက်ဘက် ၆ မိုင်ခန့်အကွာမှာတည်ရှိပါသည်။ ဉာဏ်တော်အမြင့် ၁၅၁ ပေရှိ ပါသည်။ထူးခြားသော ပျူခေတ်ဟန် လုံးဝန်းသော ကြီးမားသည့် စေတီပုံသဏ္ဍာန်ကြောင့်လည်း လူသိများ ထင်ရှားသော စေတီဖြစ်ပါသည်။
မြတ်စွာဘုရား၏ စွယ်တော်ပွား ကိန်းဝပ်နေသော တန်ခိုးကြီးသည့် စေတီတစ်ဆူလည်း ဖြစ်ပါသည်။ 
 ကိုလိုနီခေတ်နှင့် လွတ်လပ်ရေးခေတ်တလျှောက် လုံး ထုံးသင်္ကန်း ကပ်လှူထားသော အဖြူရောင်စေတီတော် ကြီး အဖြစ်သာ တွေ့မြင်ခဲ့ကြသဖြင့် မူလစေတီသည် အဖြူရောင်ဖြစ်သည်ဟု သာနှောင်းခေတ်လူများ မှတ်ယူခဲ့ကြပါ သည်။
စင်စစ်အားဖြင့် ထိုစေတီတော်ကြီးသည် မူလက မည်သည့်အရောင်ရှိခဲ့သည်ကို ရာဇဝင်မှတ် တမ်းများတွင် ဖော်ပြထားချက်များအရ 

ပြန်လည်တင်ပြပါမည်။

ညောင်ရမ်းမင်းဆက်၏ စတုတ္ထမြောက် 

မင်းဖြစ်သော သာလွန်မင်းတရားသည် မြန်မာနှစ် ၉၉၁ ခုနှစ် နတ်တော်လ (၁၆၂၉ ခုနှစ် နိုဝင်ဘာလ) တွင် နန်းတက်ခဲ့သည်။ သူ၏ လက်ထက်တွင် မြို့တော်ကို ဟံသာဝတီမှ အင်းဝသို့ ပြန်လည် ပြောင်းရွှေ့ခဲ့လေသည်။ သာလွန်မင်းတရားလက်ထက်သည် စစ်ရေးစစ်ရာ နည်းပါးပြီး တိုင်းပြည် သာယာအေးချမ်းသောခေတ်ဟု သမိုင်းပညာရှင်များက သတ်မှတ်ထားပါသည်။

သာလွန်မင်းတရားကြီးသည် ပြည်မြို့တွင် 

စံနေတော်မူသောအခါ ဒွတ္တပေါင်မင်း၏ ကောင်းမှုတော်ဖြစ်သော သရဘာစေတီကို ပြုပြင်ရင်း

ငါအထွတ်အမြတ်ရောက်လျှင် ထိုကဲ့သို့သော စေတီကို တည်မည်ဟု အဓိဋ္ဌာန်တော်မူခဲ့သည့်အတိုင်း စစ်ကိုင်းအရပ်တွင် ရာဇမဏိစူဠာ 

အမည်ရှိသော ကောင်းမှုတော်ဘုကြီးကို စတင်တည်ဖို့ ဆောင်ရွက် ခဲ့လေသည်။

ထို့ကြောင့် နန်းတက်ပြီး ၈ နှစ် အကြာဖြစ်သော သက္ကရာဇ် ၉၉၈ ခု၊ ကဆုန်လပြည့်ကျော် ၇ ရက်၊ သော ကြာနေ့ (၁၆၃၆ ခု ဧပြီ ၁၅) တွင် စေတီတော်တည်မည့်နေရာကို မြေစတင်ညှိလေသည်။

နတ်တော်လပြည့်ကျော် ၁ ရက်၊ သောကြာနေ့တွင် ပထမ ဌာပနာ စသွင်းသည်။ ဘုရင့်နောင်မင်းတရားလက်ထက်တွင် သီဟိုဠ်ကရောက်လာ သောစွယ်တော်ပွားသည် ဟံသာဝတီမှ တောင်ငူရောက်လာပြီး တောင်ငူမှတဆင့် ရတနာပူ အင်းဝသို့ ရောက်လာ သဖြင့် ကောင်းမှုတော် စေတီတော်ကြီးမှာ ဌာပနာသွင်းလေသည်။  

စေတီတော်တွင် တင်မည့် ထီးတော်ကို သက္ကရာဇ် ၁၀၁၀ ခုနှစ် ၊ နယုန်လဆန်း ၁၅ ရက်( ၁၆၄၈ ခု မေ ၂၆) တွင် စတင်လုပ်ဆောင်တော်မူသည်။

ထီးတော်လုပ်ဆောင်နေစဉ်အတွင်း အင်းဝမြို့ 

အနီးဝန်းကျင်ရှိ ဘုရားစေတီများ ဖြစ်သော

ဂူတော်သစ်၊ လက်စဂူ၊ ရွှေကြက်ယက်၊ ထူပါရုံ၊ 

ပုညစေတီ၊ ပတ္တမြားစေတီ၊ တံတားဦး မင်္ဂလာစေတီ၊ အဝစည်းခုံ၊ ပင်းယစည်းခုံ၊ တူရွင်းခြေ၊ ရွှေမင်းဝံ၊ ရွှေမြင်တင် သော ဘုရားများကို ရွှေလုံးတော်ပြည့် ကပ်လှူတော်မူလေသည်။

သာလွန်မင်းတရားကြီးသည် ကိုယ်တိုင်တည်တော်မူခဲ့သော ကောင်းမှုတော်စေတီတော်ကြီးကို

ထီးတော်တင်ဖို့ အားလုံးစီစဉ်ပြီးသောအခါမှ ကိုယ်တိုင် ထီးတော်တင်ခွင့်မကြုံဘဲ သက္ကရာဇ် ၁၀၁၀ ခု တော်သလင်း လပြည့်ကျော် ၁ ရက် (၁၆၄၈ ခု သြဂုတ် ၂၃) တွင် နတ်ရွာစံခဲ့ရလေသည်။

သာလွန်မင်း နတ်ရွာစံသဖြင့် အိမ်ရှေ့စံဖြစ်သော သားတော် ပင်းတလဲမင်း နန်းတက်လေသည်။ ပင်းတလဲမင်း က ကောင်းမှုတော် စေတီကြီးကို ထီးတင်ဖို့ ဆက်လက်ဆောင်ရွက်ခဲ့ရာ ၁၀၁၁ ခုနှစ် ကဆုန်လဆန်း ၈ ရက် ၊ တနင်္ဂနွေ နေ့ (၁၆၄၉ ခု ဧပြီ ၈) တွင် ထီးတော်တင်ခဲ့ပါသည်။ ခမည်းတော်၏ ကောင်းမှုတော်ဖြစ်သော စေတီတော်ကြီးကို ရာဇမဏိစူဠာစေတီဟု အမည်ပေးခဲ့ပါသည်။

ကောင်းမှုတော်စေတီတော်ကြီးကို သာလွန်မင်း ရွှေသင်္ကန်းကပ်လှူတော်မူခဲ့ခြင်း ရှိမရှိနှင့် ပါတ်သက်၍ ထင်ထင်ရှားရှား အမှတ်အသား မပြုခဲ့သော်လည်း ထီးတော်ပြုလုပ်နေစဉ် အတောအတွင်း သာလွန်မင်းတရားကြီးသည် မြို့တော်ဖြစ်သော အင်းဝ အနီးဝန်းကျင်မှ စေတီဘုရားများကို လုံးတော်ပြည့် ရွှေသင်္ကန်းများ ကပ်လှူတော်မူခဲ့သည်။

ထို့ကြောင့် သူ၏ကောင်းမှုဖြစ်သော ရာဇမဏိစူဠာစေတီတော်ကြီးကိုလည်း လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူတော် မူခဲ့မည်ဟု ယူဆရပါသည်။ သို့မဟုတ်လျှင်လည်း ထီးတော်တင်ပြီးမှ ကပ်လှူမည်ဟု စီစဉ်ခဲ့မှာ သေချာပါသည်။ သို့သော် သူ့သားတော် ဖြစ်သော ပင်းတလဲမင်းလက်ထက်တွင် ရွှေသင်္ကန်း ကပ်လှူခဲ့ခြင်း မရှိပါ။ သူ့လက်ထက်တွင် တရုတ်ပြည်အတွင်း မင်းဆက် အပြောင်းအလဲဖြစ်ပြီး စစ်ရှုံးဘုရင် ရုံလီ၏ တပ်များက မြန်မာနယ်စပ်ကို တိုက်ခိုက်နှောင့်ယှက် လာသဖြင့် နိုင်ငံတော်ကာကွယ်ရေးကို ဦးစားပေး လုပ်ဆောင်နေရသောကြောင့် ခမည်းတော်၏ ကောင်းမှုတော် စေတီကြီးကို ရွှေသင်္ကန်း ကပ်လှူနိုင်ခြင်း မပြုလုပ်နိုင်တာလည်း ဖြစ်နိုင်ပါသည်။

ပင်းတလဲမင်းသည် နန်းသက် ၁၃ နှစ် စိုးစံပြီးနောက် သူ၏ ညီတော်ပြည်မင်းနန်းတက်လာခဲ့သည်။ ပြည်မင်းနန်းတက်သည့် ၁၆၆၁ ခုနှစ် မှာပင် ကောင်းမှုတော်စေတီတော်ကြီးကို ကိုယ်လုံးတော်ပြည့် ရွှေသင်္ကန်း ကပ်လှူတော်မူခဲ့ပါသည်။

ဤသည်ကို "သက္ကရာဇ် ၁၀၂၃ ခု၊ နယုန်လဆန်း ၇ ရက်၊ သောကြာနေ့ (၁၆၆၁) တွင် ညီတော်ပြည်မင်းနန်းတက်သည်။ ရာဇမဏိစူဠာကိုလည်း ရွှေလုံးတော်ပြည့် ထည့်တော်မူ၏" ဟု ရာဇဝင်ချုပ်တွင် ဖော်ပြခဲ့ပါသည်။ ဤသို့ စေတီတော်ကြီးအား လုံးတော်ပြည့် ရွှေသင်္ကန်း ကပ်လှူခြင်းသည် သူ့ခမည်းတော်၏ မပြီးသေးသော ကုသိုလ်တော်ကို အပြီးသတ် ဆောင်ရွက်ခြင်းဟု ဆိုနိုင်ပါသည်။ ထို့ကြောင့် ကောင်းမှုတော်စေတီကြီးကို ထီးတင်ပြီး ၁၃ နှစ်အကြာတွင် လုံးတော်ပြည့် ရွှေသင်္ကန်း ကပ်လှူခဲ့ သဖြင့် ကောင်းမှုတော်ကြီး၏ မူလအရောင်သည် ရွှေရောင်ဖြစ်ကြောင်း အထင် အရှား သိရပါသည်။

ထို့ပြင် ကုန်းဘောင်ဆက် စတုတ္ထမြောက် ဖြစ်သော စဉ့်ကူးမင်းလက်ထက်တွင်လည်း ကောင်းမှုတော်စေတီတော်ကြီးကို ရွှေသင်္ကန်းကပ် လှူဖို့ စီမံခဲ့သည်ကို " ရာဇမဏိစူဠာစေတီတော်ကြီးကိုလည်း အင်္ဂတေ ထပ်မံပြင်ဆင်၍ ရွှေချမည်ဟု သစ်ပင်၊ ပေါင်း မြက်တို့ကို သုတ်သင်စေ၍" ဟု ရာဇဝင်ချုပ်တွင် ဖော်ပြထားပါသည်။ ထို့ကြောင့် ကောင်းမှုတော်စေတီကြီးသည် ကုန်းဘောင်ခေတ်အထိ ရွှေစေတီကြီးအဖြစ် တည်ရှိခဲ့ကြောင်း သိရပါသည်။ ကုန်းဘောင်ခေတ်နှောင်းပိုင်း သို့မဟုတ် ကိုလိုနီခေတ်ရောက်မှသာ ကြီးမားလှသော စေတီတော်ကြီးကို ရွှေသင်္ကန်း မကပ်လှူနိုင်တော့သဖြင့် ဒေသခံများက ထုံးသင်္ကန်းသာ ကပ်လှူရင်း အဖြူရောင်စေတီ အဖြစ်သို့ ပြောင်းလဲခဲ့သည်ဟု ဆိုရမည်ဖြစ်သည်။

ထို့ကြောင့် သာလွန်မင်းတရား၏ ကောင်းမှုတော်ဖြစ်သော စစ်ကိုင်းကောင်းမှုတော်စေတီကြီး၏ မူလအရောင်သည် ရွှေရောင်သာ ဖြစ်ကြောင်း တင်ပြအပ်ပါသည်။

ကိုးကား။ ။ (၁) ရာဇဝင်ချုပ်၊ မုံရွေးဇေတဝန် ဆရာတော်ဘုရားကြီး

         (၂)  မြန်မာမင်းအမိန့်တော်များ အတွဲ(၄) (၁၆၄၉ ၊ ဧပြီ ၈ အမိန့်တော်)