Kyi phay linn
လေယာဉ်မြန်နှုန်းပြမီတာ
ပြင်ဆင်ရန်လေယာဉ်အမြန်နှုန်းပြမီတာ(Airspeed Indicator) သည် လေယာဉ်/ရဟတ်ယာဉ်တစ်စီး၏အမြန်နှုန်းကို ပြသပေးသော အဓိကလေကြောင်းတိုင်းတာရေးတစ်ခုဖြစ်ပါသည်။ လေယာဉ်မြန်နှုန်းကို ပြသပေးရာတွင် အောက်ပါ ယူနစ်များဖြင့်ဖော်ပြလေ့ရှိပါသည်။
၁) တစ်နာရီအတွင်းရောက်ရှိသော ကီလိုမီတာ(km/hr)
၂) တစ်နာရီအတွင်းရောက်ရှိသော မိုင်နှုန်း(mile/hr)
၃) နော့တ်(knot)/တစ်နာရီတွင်းသွားသော ရေမိုင် ယူနစ်တို့ဖြင့် ပြသလေ့ရှိပါသည်။
နောတ့် ယူနစ်ကို အသုံးများသော်လည်း အပြည်ပြည်ဆိုင်ရာအရပ်ဘက်လေကြောင်းအဖွဲ့အစည်း ICAO(International Civil Aviation Orgnization) မှ တစ်နာရီတွင်းသွားသော ကီလိုမီတာနှုန်း( km/hr) ယူနစ်ကို စံအဖြစ်သတ်မှတ်ထားပါသည်။
အလုပ်လုပ်ဆောင်ပုံ
ပြင်ဆင်ရန်လေယာဉ်အမြန်နှုန်းပြမီတာသည် တည်ငြိမ်လေဖိအား(Static pressure) နှင့် လေတိုးအား(Pitot pressure/ram air) နှစ်ခုကြားနာမှုကို ရယူချိန်ညှိပြီး စစ်ထုတ်ထားသော လေတိုးအား(Dynamic pressure) ရယူကာ လေယာဉ်အမြန်နှုန်းကို တိုင်းတာပြသပေးပါသည်။ ထိုဖိအား၂မျိုးစလုံးကို အသုံးပြုသည့် တစ်ခုတည်းသော ပျံသန်းရေးဆိုင်ရာတိုင်းတာရေးကိရိယာ ဖြစ်ပါသည်။ ထိုမီတာကို ပုံ ၁ တွင်ဖော်ပြထားပါသည် ။ ပုံတွင် ဖောင်း/ပိန်ပြုလုပ်နိုင်သည့် အလုံပိတ်စည် နှင့် မီတာအုံကို တွေ့ နိုင်ပါသည်။ တည်ငြိမ်ဖိအား သည် မီတာအုံတွင်း၀င်ပြီး လေတိုးအား သည် အလုံပိတ်စည် အတွင်း၀င်ပါသည်။ထိုဖိအား နှစ်ခု အချိုး(Dynamic = Pitot - Static pressure) ကိုမူတည်ပြီး မီတာမှ ပြသပေးပါသည်။ဖိအားနှစ်ခု တူညီနေ(မြေပြင်တွင် လေယာဉ်ရပ်ထားစဉ်)လျှင် သုညတွင်ပြသနေပါမည်။ လေယာဥ်ပျံသန်းနေသောအခါ လေတိုးအားသည် တည်ငြိမ်ဖိအားထက်များစွာ ပိုမိုလာသောကြောင့် အလုံပိတ်စည်ထဲသို့ လေတိုးအား ပိုမို၀င်ရောက်လာသဖြင့် စည်သည် ဖောင်းကြွလာသည်။ စည်ဖောင်းကြွလာမှုကြောင့် ၎င်း နှင့်ချိတ်ဆက်ထားသော ပင်နီယမ်များရွေ့လျားစေပြီး ညွန်တံကို မြန်နှုန်းပမာဏကိုပြသစေသည်။ အရွေ့ဖိအားအနည်းအများမူတည်၍ စည်သည် ဖောင်း ပိန် ပြောင်းလဲနေပါမည်။ လေယာဉ်မပျံသန်းစဉ် လေယာဉ်အမြန်နှုန်းပြမီတာကို သုည မှတ်တွင် ချိန်ညှိပေးရသည်။
မီတာတွင် ဖိအားသုံးတိုင်းတာသောကိရိယာဖြစ်သဖြင့် ဖိအား၊လေတိုးအား၀င်ပေါက်များ မပိတ်ဆို့စေရေး များစွာ အရေးကြီးပေသည်။ ပီတော့တ် လေတိုးအားထောက်တံ(pitot tube)အတွင်း တစ်ခုခု ပိတ်ဆို့နေလျှင် မီတာသည် တည်ငြိမ်ဖိအားတစ်ခုသာ ရရှိပြီး အမြင့်ပြမီတာကဲ့သို့ အမြင့်ပမာဏကို ပြသနေသလိုဖြစ်နေပါလိမ့်မည်။ထိုကြောင့် ပီတော့တ် လေတိုးနှုန်းထောက်တံမှ လေ၀င်ပေါက်မပိတ်စေရန် အရေးကြီးသည်။ အပူချိန်နှင့် အမြင့်ပေကြောင့် လေယာဉ်အမြန်နှုန်းပြမီတာတိုင်းတာနိုင်စွမ်းကို ထိခိုက်နိုင်သဖြင့် ထိုအခြေအနေမျိုးတွင် မီတာသည် လေယာဉ်အမြန်နှုန်း ပြသရာတွင် တိကျမှုအားနည်းသွားနိုင်ပါသည်။
လေယာဉ်မြန်နှုန်းပြမီတာဒိုင်ခွက်တွင်အမြန်နှုန်းကန့်သတ်ချက်များကို သတ်မှတ်ပေးသော အနီရောင်အမှတ် အဝါရောင်အမှတ် အစိမ်းရောင် အမှတ်များ ပါရှိသည်။ အထက်တွင်တင်ပြထားသော လေယာဉ်မြန်နှုန်းပြမီတာသည် သမာရိုးကျ အန်နာလော့(Analog) မီတာဖြစ်ပါသည်။
ဒီဂျစ်တယ် လေယာဉ်မြန်နှုန်းပြသခြင်း
ပြင်ဆင်ရန်ယနေ့ခေတ်တွင် ဒီဂျစ်တယ် ဖန်သားပြင် တွင် လေယာဥ်မြန်နှုန်းကို အစိတ်အပိုင်းတစ်ခု အနေဖြင့်သာ ပြသပေးပါသည်။ တည်ငြိမ်လေဖိအားနှင့် လေတိုးအားကို သမာရိုးကျ မီတာကဲ့သို့ ပဲ ထောက်လှမ်းပြီး ရရှိလာသော အချက်အလက်ကို ထိန်းချုပ်ရေးကွန်ပျုတာမှ ရယူပြီး ဒီဂျစ်တယ်ဖန်သားပြင်ပေါ်တွင် လေယာဉ်အမြန်နှုန်းကို ပြသပေးပါသည်။
ကျမ်းကိုး
ပြင်ဆင်ရန်https://www.skybrary.aero/index.php/Air_Speed_Indicator Air Speed Indicator
http://www.faa.gov/regulations_policies/handbooks_manuals/aviation/media/FAA-H-8083-15B.pdf instrument flying handbook