ကျွန်ုပ်သည် ရခိုင်ဇာတိဖြစ်ပြီး မြန်မာ​ဒေသတွင်ကြီးပြင်းသည်။ တက္ကသိုလ်သုံးခုတွင် ပညာဆည်းပူးခဲ့ကာ မဟာဘွဲ့နှစ်ခုရရှိထားသည်။ ဝိဇ္ဇာ၊ သိပ္ပံဘာသာရပ်များကို အနှစ်ငါးဆယ်ခန့် လေ့လာဆည်းပူးခဲ့ပြီး မြန်မာစာမြန်မာစကားကို အတန်အသင့်ပိုင်နိုင်သည်။ အင်္ဂလိပ်စာ​​လေ့လာမှုကို စဉ်ဆက်မပြတ်ပြုလုပ်​နေပြီး ပြင်သစ်စာ​လေ့လာဖူးသည်။ မြန်မာနိုင်ငံ၏ နိုင်ငံ​ရေး၊ စီးပွား​ရေး တိုင်းပြည်အ​ခြေအ​နေအရပ်ရပ်ကို ​​လေ့လာသုံးသပ်သူတဦးလည်းဖြစ်သည်။ ကမ္ဘာ့အ​ခြေအ​နေကို မျက်​ခြေမပြတ် ​စောင့်ကြည့်လျှက်ရှိသည်။ သမိုင်း၊ ​ရှေး​ဟောင်းသု​တေသန၊ သဘာဝပတ်ဝန်းကျင်၊ ရာသီဥတု​ပြောင်းလဲမှု စသည့်ဘာသာရပ်အမျိုးမျိုးကိုစိတ်ဝင်စားပြီး အ​ထွေ​ထွေပညာရှင် (generalist) တဦးအဖြစ် ရပ်တည်​နေသည်။