အသုံးပြုသူ:Ryzen Lynn/sandbox
ထက်လျှံမှူး
ပြင်ဆင်ရန်ထက်လျှံမှူး | |
---|---|
ဇာတိ အမည် | ထက်လျှံမှူး |
မွေးဖွား | အောင်သူရမှူး ဇူလိုင် ၁၆၊ ၁၉၉၇ |
ဌာနေ | Yangon, Myanmar. |
နိုင်ငံလူမျိုး | Mon |
ပညာရေး | Third Year Economic Student |
အလုပ်အကိုင် | Singer and Songwriter |
တက်ကြွလှုပ်ရှားနှစ်များ | 2015 to present |
ကျော်ကြားမှုအရင်းခံ | မွန်မလေးဆီသို့ သီချင်း |
ဘွဲ့ | Musical Artist |
ထက်လျှံမှူး(ငယ်စဉ်အမည် :အောင်သူရမှူး) သည်လူသိများသော အဆိုတော်နှင့်တေးရေးဆရာတစ်ဦးဖြစ်သည်။ မွန်မလေးဆီသို့ သီချင်းကိုစတင် ဖန်တီးခဲ့သော မွန်လူမျိုး အနုပညာရှင်တစ်ယောက်ဖြစ်သည်။
ငယ်ဘဝနှင့်ပညာရေး
ပြင်ဆင်ရန်ထက်လျှံမှူးကို ၁၆ ဇူလိုင် ၁၉၉၇ ရက်နေ့တွင်ကျိုက်မရောမြို့နယ်၊ မွန်ပြည်နယ်တွင်မွေးဖွားခဲ့သည်။ မိသားစုထဲတွင် တစ်ဦးတည်းသော သားဖြစ်သည်။ ငယ်စဉ်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း မော်လမြိုင်မှာတက်ရောက်သင်ကြားခဲ့သည်။ ၂၀၁၃ ခုနှစ်တွင် မော်လမြိုင်တက္ကသိုလ်၌ ဘောဂဗေဒရပ်ကို အဝေးသင်တက်ရောက်ပြီးလေ့လာခဲ့သည်။ တက္ကသိုလ်ကျောင်းသားဘဝတွင် သီချင်းတွေရေးသားခြင်းနှင့်ဂစ်တာတီးခြင်း၊ သီချင်းဆိုခြင်းဖြင့် သူ၏အားလပ်ချိန်ကိုကုန်ဆုံးလေ့ရှိသည်။ အဝေးသင်ပညာရေးဖြင့် နှစ် နှစ်ကြာပြီးနောက် ကိုယ်ရေးကိုယ်တာအကြောင်းပြချက်တခုကြောင့်သူ၏ပညာရေးအစီအစဉ်ကို ခေတ္တရပ်နားခဲ့သည်။ ၂၀၁၉ အဝေးသင်ပညာရေးကာလတွင် တတိယနှစ် ဘောဂဗေဒကျောင်းသားအဖြစ်သူ၏ မပြီးဆုံးသေးသောပညာရေးကို ပြန်လည်စတင်ခဲ့သည်။
ဂီတလမ်းကြောင်း
ပြင်ဆင်ရန်၂၀၁၅ -၂၀၁၈ : အစနှင့်အသိအမှတ်ပြုခံရခြင်း
ပြင်ဆင်ရန်၂၀၁၅ ခုနှစ် တက္ကသိုလ်ကျောင်းသားဘဝမှာပင် သူဟာသူ့ရဲ့ဂီတကိုစတင်လုပ်ကိုင်ခဲ့သည်။ ထိုအချိန်မှာပင် သူသည် သီချင်းတွေအများကြီးဖန်တီးခဲ့ပြီး၊သူငယ်ချင်းတွေနဲ့သီချင်းများသီဆိုခဲ့သည်။ သူ၏ ပထမဆုံးသောသီချင်း တစ်ပုဒ်ဖြစ်သော မွန်မလေးဆီသို့ သီချင်းကြောင့် လူအများအကြား စိတ်ဝင်စားမှုမြင့်တက်လာခဲ့သည်။
၂၀၁၈-၂၀၁၉ : တစ်ကိုယ်တော် သီချင်းခွေ
ပြင်ဆင်ရန်၂၀၁၈ ခုနှစ်တွင် သူ၏ပထမဆုံးတစ်ကိုယ်တော်အယ်လ်ဘမ်ထုတ်လုပ်နိုင်စေဖို့စတင်ကြိုးစားခဲ့သည်။ ၂၀၁၉ ဇူလိုင်လ ၁ ရက်နေ့တွင် "မွန်မလေးဆီသို့" တစ်ကိုယ်တော်အယ်လ်ဘမ် ကို ဖြန့်ချီခဲ့သည်။Legacy Music Network မှတဆင့်သူ၏ပထမဆုံးတစ်ကိုယ်တော်အယ်လ်ဘမ်ဖြန့်ဝေပြီး နောက်ပိုင်းတွင်လူသိများ ရေပန်းစားလာခဲ့ပြီး မြန်မာ့ဂီတလောကတွင် နေရာတစ်နေရာရရှိလာခဲ့သည်
အခွေထုတ်ဝေမှု
ပြင်ဆင်ရန်တစ်ကိုယ်တော်အယ်လ်ဘမ်
ပြင်ဆင်ရန်ပူးပေါင်းဆောင်ရွက်ခြင်းသီချင်းများ
ပြင်ဆင်ရန်စန္ဒာသို့
Empty
ဖေဖော်ဝါရီ 14, Elegiac
References
ပြင်ဆင်ရန်External links
ပြင်ဆင်ရန်အင်စတာဂရမ် ပေါ်ရှိ Htet Hlyam Hmue
ဖေ့စ်ဘွတ်ခ် ပေါ်ရှိ Htet Hlyam Hmue