ရေနဂါး သို့မဟုတ် seashorse မြန်မာအခေါ် ရေနဂါးကို ပင်လယ် ရေနွေးစိးကြောင်း ရှိရာဒေသများတွင် အတွေ့များသည်။ မြန်မာနိုင်ငံ မွန် တနင်္သာရီ ကမ်းလွန်ပင်လယ်ပြင် တို့တွင် ရံဖန်ရံခါ တွေ့ရတတ်သည်။ ယခုအချိန်တွင် ဖမ်းဆီး သတ်ဖြတ်မှုများ ရေထုညစ်ညမ်းမှုများကြောင့် တဖြည်းဖြည်း ရှားပါနေပြီဖြစ်သည်။ ရေနဂါးတွင် အကြည်းခွံမရှိချေ။ ပါးလွှာသော အရေခွံတစ်မျိုးသာရှိသည်။ ရေသတ္တဝါးများထဲတွင် တစ်မျိုးတည်းသော ဒေါင်လိုက်(မတ်တတ်)ကူခပ်သော သတ္တဝါဖြစ်သည်။ ထို့ပြင် အနှေးဆုံးကူခပ်နိုင်သော ရေသတ္တဝါ လည်းဖြစ်သည်။ တစ်နာရီလျှင် ငါးပေ (1.5 မီတာ) သာရွေ့လျှား၏။ ၎င်းတို့၏ အမြိးများသည် ကူခပ်ရွေ့လျှားရန်နှင့် အစာအသောက် စားသောက်ရန် အသုံးပြုသည်။ အမများ ဥအုချိန်တွင် ရေနဂါး အထိးများသည် ၎င်းတို့ ဗိုက်တွင်ရှိသော အရေပြား အိတ်အတွင်းသို့ ခံယူသိမ်းဆည်းကာ အကောင်ပေါက်သည်ထိ ထိမ်းသိမ်းစောင့်ရှောက်လေ့ ရှိကြသည်။