ပငကျေးရွာ ပငကျေးရွာသည် မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် တွင်တည်ရှိသည်။ စီးပွားရေး ရော်ဘာလုပ်ငန်း။ မိုးစပါး။ နေလှန်းဆား။ ရေလုပ်ငန်း နှင့် ကုန်သည်လုပ်ငန်း များကို လုပ်ကိုင်ကြသည်။ ဆက်သွယ်ရေး မော်လမြိုင်-ရေး မီးရထားလမ်း ပေါ်တွင်တည်ရှိသည်။ သံဖြူဇရပ်မြို့မှ တောင်ဘက်သို့ ၄.၈ ကီလိုမီတာတွင်တည်ရှိပြီး ရာသီမရွေး သွားလာနိုင်သော ကတ္တရာလမ်းဖြင့် ဆက်သွယ်ထားသည်။ အိမ်ခြေ ၄၀၀၀ ကျော်ရှိပြီး နေထိုင်သူအများစုမှာ မွန်လူမျိုးများဖြစ်ကြသည်။ ကရင် ဗမာ ထားဝယ် နှင့် အစ္စလာမ် လူမျိုး အနည်းငယ်နေထိုင်ကြသည်။