SOE Mya Win စိုးမြဝင်း စိုးမြဝင်းကို အဖ ဦးမြအုန်း+ အမိ ဒေါ်ခင်ဝင်းတို့မှ မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် 1978 ခုနှစ်၊ မတ်လ၊ 28 ရက်နေ့တွင် မွေးဖွါးခဲ့သည်။ မော်လမြိုင်တက္ကသိုလ်တွင် စိတ်ပညာအဓိကဖြင့် ဘွဲ့ရခဲ့သည်။ ဦးဝင်းဖေမြင့်WPMထံတွင် 2013 ခုနှစ်မှ စတင်၍ ပန်းချီပညာကိုလေ့လာသင်ယူခဲ့သည်။ ရှုမျော်ခင်းပန်းချီကားများအပါအဝင် အခြား သရုပ်မှန်ပန်းချီကားများစွာ ရေးဆွဲ ဖန်တီးလျှက်ရှိပြီး အုပ်စုပွဲများစွာတွင် ပါဝင်ပြသလျှက်ရှိပါသည်။ ရှုမျှော်ခင်းပန်းချီကားများရေးဆွဲဖန်တီးမှုကိုအကြိုက်နှစ်သက်ဆုံးဖြစ်ပြီး မြန်မာနိုင်ငံအနှံ့မှ landscape များကိုသွားရောက်လေ့လာမှတ်တမ်းရယူပြီး ဆီဆေးပန်းချီကားများစွာ ရေးဆွဲ ဖန်တီးလျှက်ရှိပါသည်။ သူ၏ ခံယူချက်မှာ သဘာဝကိုချစ်မှ လူဖြစ်ရတာတန်တယ် ဟူ၍ ဖြစ်ပါသည်။