နတ်တွေအကြောင်း နဲ့ စက်ြာ၀ဠာ နဲ့ပါတ်သတ်တာတွေ လေ့လာနေသလို နှောင်းလူများကိုပြန်ရှင်းပြနိင်ဖို့ ရည်ရွယ်တယ်။

ဗုဒ္ဓဟောကြားတဲ့ ၃၁ ဘုံဆိုတာက ကျနော်တို့ ကမ္ဘာ ပါ၀င်တဲ့ စက်ြာ၀ဠာ ကြီးနဲ့ဆိုင်တဲ့ ၃၁ ဘုံပါပဲ။ ဘိုးတော်သိကြားမင်း ဦးမာဃ(Indra Deva) ၊ ဗြဟ္မာကြီး စတဲ့နတ်တွေဆိုတာ ဒီစက်ြာ၀ဠာ နဲ့ပဲဆိုင်ပါတယ်။

သူတို့ဘုံတွေက (တာ၀တိံသာက လွဲပြီး အထက်ဘုံတွေက) မြင့်မိုရ်တောင် ရဲ့ အထက်အရပ် ကောင်းကင်ယံ(စက်ြာ၀ဠာ)မှာတည်တယ်၊ သုံးဘုံမြောက် ဗြဟ္မာ ပြည်နဲ့ အထက်ဘုံတွေဟာ ကျနော်တို့ စကြာ၀ဠာတံတိုင်းရဲ့ ပိုင်နက်(ဆွဲငင်အားသက်ရောက်မှု သို့မဟုတ် အာဏာတခု) ရဲ့အပြင်ဘက်ကိုကျော်သွားတယ်။ နောက်ထပ် အခြားစက်ြာ၀ဠာ နဲ့ ကျနော်တို့ စက်ြာ၀ဠာ နဲ့ ကြားမှာ အများကြီးခြားတယ်။ အဲ့လိုခြားပြီး တဲ့အပြင် ကျနော်တို့လိုစက်ြာ၀ဠာ တွေ ဆိုတာ မရေမတွက်နိုင်အောင် ထပ်ရှိသေးပေမယ့် လူသားဖြစ်နိုင်ခဲ့ရင်တောင် ဘုရားမပွင့်ဘူး ။ ကျနော်တို့ စက်ြာ၀ဠာနဲ့ ထိစပ်နေတဲ့ သို့မဟုတ် ခြံရံနေတဲ့ စက်ြာ၀ဠာ ဆိုတာ အများကြီးရှိပြီးတော့ ၊ အဲ့ဒီ စက်ြာ၀ဠာ တိုက်တစ်သောင်း က တန်ခိုးကြီးလွန်းတဲ့ နတ်တွေကလည်း ဘုရား ပွင့်တုန်းက တရားလာနာကြသေးတယ်လို့ကြားဖူးတယ်။

ကျနော်ပြောတဲ့ ဒီစက်ြာ၀ဠာ ဆိုတာ Universe ထဲက (Milky Way Galaxy) ကိုပြောတာပါ။ ကမ္ဘာနဲ့ နေ Planet အဖွဲ့အစည်း ဟာ Milky Way Galaxy ဆိုတဲ့ နဂါးငွေ့တန်း ဂလက်စီ ရဲ့ ဗဟို၊အလယ်ခေါင် ကို လှည့်ပါတ်သွားလာနေပါတယ်။ အဲ့ဒီ အလယ်မှာ ဘာရှိသလဲဆိုတာကိုတော့ သိပ္ပံပညာရှင်တွေက အမျိုးမျိုး အဖြေထုတ်နေဆဲပါ တချို့က Black Hole ရှိတယ်လို့ယူဆသလို တချို့ကလဲ Super Nova လို နေကြီးတစင်းရှိမယ်လို့ ယူဆကြပေမယ့် မတိကျပါဘူး ဘာကြောင့်လဲဆိုတော့ အလယ်ကို ကမ္ဘာပါတ်လမ်းကြောင်းက နေ ကြည့်တဲ့ အကောင်းဆုံး telescope နဲ့ကြည့်တာတောင် နည်းပညာနဲ့ အခြား အခက်အခဲအများကြီး ရှိနေပါသေးတယ် ။ ကျနော်တို့ရဲ့ နေအဖွဲ့အစည်း နဲ့ နဂါးငွေ့တန်းဂလက်စီ အကျယ်အ၀န်းကို သိပ္ပံအယူအဆအရ တိုင်းတာစရာက အလင်းနှစ် ပဲဖြစ်ပါတယ် (ကိုယ်ဘာသာကိုယ်ဆိုရင်ပေတံနဲ့ လိုက်တိုင်းနေမှာပါ ဟီး ) ။ဒါကြောင့် telescope ရဲ့ စွမ်းအား အကူအညီလိုအပ်နေဆဲပါ။ ကမ္ဘာဟာ စက်ြာ၀ဠာ အလယ်ဗဟိုရ် နဲ့ ဧရိယာတခုလုံးအကွာအ၀ေးနဲ့ယှဥ်ရင် သိပ်မ၀ေးလွန်းတဲ့နေရာမှာရှိပါတယ်

တခြားစကြာ၀ဠာမှာ တခြားစက်ြာ၀ဠာနဲ့ ဆိုင်တဲ့နတ်တွေပဲ ရှိပါတယ်။ မြင့်မိုရ်တောင် ရဲ့ အပြင်ဘက် အရပ်လေးမျက်နှာမှာ ကျွန်းကြီးလေးကျွန်း က မြင့်မိုရ်တောင်ကို လက်ယာရစ် လှည့်ပါတ်သွားလာနေပါတယ် ။ မြင့်မိုရ်တောင် ဆိုတဲ့ မေရု Mount Meru၊ သုမေရု Sumeru ၊ သိနေရု (Sineru) ရဲ့ အပေါ်ပိုင်း ဟာ ရေပြင်အထက်မြင့်တက်နေတဲ့ ယူဇနာပေါင်းရှစ်သောင်းလေးထောင် ဘာနဲ့တူသလဲ ဆိုတော့ အရင်ခေတ်က ဆောက်ခဲ့တဲ့ ဘုရားပုထိုးစေတီတော်တွေနဲ့ တူတယ် ပျူစေတီတော်တွေ လိုပေါ့ ။ ဘုရားစေတီဆိုတာကိုလဲ အာရှက နိုင်ငံတော်တော်များများမှာ မြင့်မိုရ်တောင်ကို အခြေခံပြီးဆောက်ကြတယ်လို့ သမိုင်းမှတ်တမ်း အစဥ်အလာများက ဖော်ပြကြတယ်။  

တော်ပြီဒီလောက်ပဲရေးတော့မယ် ဆောင်းပါးဆရာ ၊ စာရေးဆရာလဲမဟုတ် :D ကလောင်ဆရားကြီးဖြိုး :'D ဆိုလားဘာလား