ပင်လုံညီလာခံမှာ ပအိုဝ်းများလည်းပါ၀င်ခဲ့

================= ပြင်ဆင်ရန်

ဗမာပြည်နှင့်အတူ ရှမ်းပြည်လွတ်လပ်ရေး ရရှိဖို့ ဗိုလ်ချုပ်အောင်ဆန်းနှင့် ပင်လုံ စာချုပ်မှာ တရား၀င် လက်မှတ်ထိုးကြတဲ့အခါမှာ ရှမ်းပြည်ရှိ တိုင်းရင်းသား ခေါင်းဆောင်ကိုယ်စားလှယ်များထဲမှာ ပအိုဝ်းများလည်း ပါ၀င်ခဲ့တာကို အချို့ ပအိုဝ်းလူငယ်တွေ မသိကြပါဘူး။

နိုင်ငံရေးကို စိတ်မ၀င်စားလို့ပဲလား။ လူကြီးတွေက လူငယ်တွေကို ဗဟုသုတအဖြစ် မပြောပြထားလို့လားတော့ မသိဘူး။ ကိုယ့်အမျိုးသားနဲ့ ဆိုင်တဲ့ ဒီအရေးကြီးတဲ့ သမိုင်းဖြစ်ရပ်တွေကို လူငယ်အဖို့ သိထားသင့်ပါတယ်။ မင်းတို့က ဘယ်လောက် နိုင်ငံရေး နိုးကြားမှုရှိခဲ့လို့လဲ။ ဘယ်မြန်မာ့နိုင်ငံရေး အခန်းကဏ္ဍမှာ ပါ၀င်လုပ်ဆောင်ခဲ့ တာလဲလို့ သူများတွေမေးလာတဲ့အခါမှာ ကျတော်တို့ ပအိုဝ်းလူငယ်တွေ မခံမရပ်တော့ ဖြစ်တက်ပါတယ်။ သိမ်ငယ်တယ်လိုလို ခံစားတက်ပါတယ်။ ဒါကြောင့် ကိုယ့်အမျိုးသား များ ပတ်သတ်ခဲ့ရာ သမိုင်းဖြစ်ရပ်တွေကို သိထားဖို့တော့ လိုပါတယ်။

တကယ်တော့ ၁၉၄၇- ဖေဖော်ဝါရီလ (၁၂)ရက်နေ့ ပင်လုံစာချုပ်မှာ တရား၀င် ပါ၀င်လက်မှတ်ထိုးဖို့ ဆီဆိုင်နယ်က ပအိုဝ်းစော်ဘွား- စဝ်ခွန်ကြည်က ရှမ်းပြည်ရှိ ပအိုဝ်းတွေကို ကိုယ်စားပြုပြီး တက်ရောက်လက်မှတ်ထိုးဖို့ ရှိခဲ့ပေမယ့် ကျန်းမာရေး အခြေအနေကြောင့် ဦးဖြူဘဲ ကိုယ်စားလှယ်အဖြစ် တက်ရောက်ထိုးခဲ့ပါတယ်။

သို့ပေမယ့် ဗိုလ်ချုပ်အောင်ဆန်း ရှမ်းပြည်ကို ပထမဦးဆုံး အကြိမ်ရောက်ရှိပြီး၊ ပင်လုံညီလာခံ ဖြစ်လာဖို့ အကြို ညှိနှိုင်းပွဲမှ နောက်ဆုံး တရား၀င် ပင်လုံညီလာခံကြီး ဖြစ်လာတဲ့အထိ စဝ်ခွန်ကြည် ထဲထဲ၀င်၀င် ပါ၀င်လှုပ်ရှားခဲ့ပါတယ်။

ဗမာပြည်နှင့် ရှမ်းပြည်လွပ်လပ်ရေး အတူတကွ ရရှိဖို့ လွတ်လပ်ရေးတိုက်ပွဲများတွင် လည်း ထင်ရှားတဲ့ ပအိုဝ်းခေါင်းဆောင်များအပြင် အချို့သော ပအိုဝ်းခေါင်းဆောင်များ၊ ကျောင်းသားများနှင့် သာမန် မထင်မရှား ပုဂိုလ်များလည်း ပါ၀င်တာတွေ့ရပါတယ်။

ဒါ့အပြင် ဒီပင်လုံညီလာခံမှာ ရှမ်းပြည်ပအိုဝ်းတွေ တက်တက်ကြွကြွပါ၀င်ဖို့၊ ပအိုဝ်းတွေ ကိုယ်စား ဖြားဗွာလှဖေ ကြိုးပမ်းဆောင်ရွက်ခဲ့တာ ရှိပါတယ်။ သို့ပေမယ့် တကယ်တမ်း ပင်လုံညီလာခံမှာ ကရင်ကိုယ်စားလှယ် လေ့လာသူများအဖြစ် တက်ရောက်ကြတဲ့အထဲ မှာ ပအိုဝ်းအမျိုးသားခေါင်းဆောင် ဖြားဗွာလှဖေလည်း ပါ၀င်ခဲ့ပါတယ်။ ဒါတွေက ပအိုဝ်းအတွက် သမိုင်းထဲက အရေးကြီးတဲ့ ဖြစ်ရပ်တွေပါ။