ပြဿနာက ဒီက ဖောင့်က တမျိုး ဟိုဘက်က ဖောင့်က တမျိုး သုံးထားတာ ဆိုတော့ကာ ကျနော့အတွက် သိပ်အဆင်မပြေဘူး။ နောက်ထပ် ကီးဘုတ် ထပ်သွင်းရအောင်လဲ ကျနော့ဆီမှာကိုက မြန်မာစာလုံးသွင်းတဲ့ ကီးဘုတ်ကို သုံးမျိုးလောက် ရှိနေပြီ။ ဒီမှာသုံးဖို့ ရိုက်နည်း တစ်မျိုးသင်။ ဟိုမှာသုံးဖို့ ရိုက်နည်း ထပ်သင်ရဦးမှာနဲ့။ အတော်စိတ်ညစ်ဖို့ကောင်းတယ်။

ကျနော့ သဘောပြောရရင် ရေးထားတဲ့ အကြောင်းအရာတွေ မတိုးပွားလာခင် နှစ်ဘက်စလုံးက စနစ်ကို တပြေးတည်း ဖြစ်အောင် အရင်လုပ် နိုင်ရင် သုံးရတဲ့သူတွေ အတွက် အရမ်း အဆင်ပြေသွားမှာပါ။ ဇာမဏီ ၁၆:၅၂၊ ၃၁ မတ်​ ၂၀၁၀ (UTC)