ဝီကီပီးဒီးယားမှ ကြိုဆိုပါ၏! ပြင်ဆင်ရန်

 
မြန်မာဝီကီပီးဒီးယားမှ လှိုက်လှဲစွာ ကြိုဆိုပါတယ်။ မိတ်ဆွေ စိတ်ပါဝင်စားရာ ကဏ္ဍတွင် ပါဝင်၍ ဆောင်းပါး ရေးသားနိုင်ပါတယ်။

မင်္ဂလာပါ Myakaung.palemyay။ ဝီကီပီးဒီးယားမှ ကြိုဆိုပါတယ်။ ဝီကီရဲ့ လမ်းစဉ်ငါးရပ်ကို ဖတ်ကြည့်ဖို့ အကြံပြုပါတယ်။

  • အကူအညီလိုရင် ဝီကီပီးဒီးယား လက်ဖက်ရည်ဆိုင်မှာ ဒါမှမဟုတ် Facebook ထဲက ဝီကီအဖွဲ့ရဲ့စာမျက်နှာ မှာ ဝင်ရောက်မေးမြန်း ဆွေးနွေးနိုင်ပါတယ်။
  • ဝီကီဘယ်လိုစသုံးရမယ်ဆိုကိုတော့ တည်းဖြတ်နည်းစာမျက်နှာမှာကြည့်ပါ။ တည်းဖြတ်ခြင်းအကြောင်း နှိုက်နှိုက်ချွတ်ချွတ်လေ့လာချင်တယ် ဆိုရင်တော့ ဒီစာမျက်နှာကို ဖတ်ကြည့်ပါ။
  • စမ်းသပ်ကြည့်ချင်တယ်ဆိုရင် ဒီစာမျက်နှာကို သုံးပြီး စာမျက်နှာတည်းဖြတ်မှုကို စမ်းသပ်နိုင်ပါတယ် ။
  • ယူနီကုဒ်ဖောင့် သွင်းဖို့ အခက်အခဲရှိရင် ဒီမှာ ကြည့်ပါ။
  • ဘာကီးဘုတ် သုံးရမလဲ မသိရင် ဒီမှာ ကြည့်ပါ။


ဝီကီမှာ အပီအပြင်ပျော်ရွှင်ပါစေဗျား။ (ဝီကီရောင်းရင်းများ)


Welcome to Myanmar Wikipedia! I hope you enjoy improving and editing this Wikipedia project. These pages are especially useful for those who are literate in Burmese. However, even experienced Wikipedians who don't know any Burmese have helped out with other things, like 'Interwikis' and updating images from Commons, etc. So don't be afraid to improve the wiki any way you can! Remember, someone else can always come later and fix any changes you make that are not perfect. Thank you.

Dr Lotus Black (ဆွေးနွေး) ၀၁:၁၃၊ ၃၁ ဩဂုတ် ၂၀၁၆ (UTC)အကြောင်းပြန်ရန်

သင့္အနာဂတ္အတြက္ စာဖတ္ပါ ပြင်ဆင်ရန်

ဖိုင်:Read book.jpg

သင့်အနာဂတ်အတွက် စာဖတ်ပါ

စာဖတ်သူညီငယ်တစ်ယောက်က

 အကိုရေ ညီလေးစာဖတ်ချင်တယ်ဗျာ၊ ဘယ်လိုစာမျိုးတွေဖတ်ရမလဲမသိဘူးဖြစ်နေတယ် လို့ မေးလာပါတယ်။……ညီငယ်ရေ ……… ပထမဦးဆုံးစာဖတ်တဲ့အလေ့အကျင့်ရအောင် စာများများဖတ်ရပါမယ်။ဘယ်လိုစာပေမျိုးတွေဖတ်ရမလဲဆိုတော့  ဘယ်လိုစာပေမျိုးပဲဖြစ်ဖြစ် စာဖတ်ဖြစ်အောင်တာ ဖတ်လိုက်ပါညီငယ်။ စာဖတ်တဲ့အလေ့အကျင့်ဖြစ်လာရင်၊စာဖတ်ရင်းနဲ့ပဲ ကိုယ်ဟာ ဘယ်လိုစာပေမျိုးတွေကို ဖတ်သင့်တယ်ဆိုတာ တစ်ဖြေးဖြေးနဲ့သဘောပေါက်နားလည်လာပါလိမ့်မယ်ညီငယ်။စာဖတ်တယ်ဆိုတာ အကောင်း၊အဆိုး၊အမှား၊အမှန်၊အကျိုးအကြောင်း ဆက်စပ်မှု့တွေကို စဉ်းစားတွေးခေါ်တတ်အောင် သင်ပေးတာပါပဲညီငယ်။ဒါကြောင့် အကိုပြောချင်တာက ဘယ်လိုစာပေမျိုးပဲဖြစ်ဖြစ် စာဖတ်ဖြစ်အောင်တာ ဖတ်လိုက်ပါညီငယ်။ ညီငယ်တို့ လူငယ်တွေရဲ့အနာဂတ်လှပဖို့ စာဖတ်ဖြစ်အောင် ဖတ်ပါလို့ ပြောပါရစေ။

           


--Myakaung.palemyay (ဆွေးနွေး) ၀၂:၃၄၊ ၃၁ ဩဂုတ် ၂၀၁၆ (UTC) မြကောင်း - ပုလဲေျမအကြောင်းပြန်ရန်

မောင်လူအေး၏ ဖြစ်ရပ်မှန်

====== ပြင်ဆင်ရန်
အင်တာနက်မှာတွေ့ပြီး ချစ်ကြ ကွဲကြ လက်ထပ်ကြ၊ ဖုန်းထဲမှာတွေ့ ချစ်ကြိုက်၊ ကွဲပြဲ

ဇာတ်လမ်းအတော်အများတွေ့ရတော့…………

လွန်ခဲ့တဲ့ ၅ လလောက်က စာရေးသူနေထိုင်တဲ့တောရွာလေးက မောင်လူအေးရဲ့ဖြစ်ရပ်မှန်ဇာတ်လမ်းလေးကို ပြန်သတိရမိတယ်။

ဇာတ်လမ်းက ဒီလိုပါ ………………

ရွာရဲ့ သာရေး၊နာရေးကိစ္စတွေမှာ မောင်လူအေးမပါရင် မပြီးသလောက်ပါပဲ။အရမ်းရိုးသားပြီး၊ အလုပ်ကြိုးစားတဲ့သူတစ်ယောက်ပါ။ ရွာကလူအများက ဖုန်းတွေကိုယ်စီနဲ့ဆိုတော့ မောင်လူအေးလည်း သူများတွေလို ဖုန်းကိုင်ချင်လို့ အမေ့ကိုပူဆာရှာတယ်။ မချမ်းသာပေမယ့် သားကိုချစ်တဲ့စိတ်နဲ့ အမေဖြစ်သူကလည်း မငြင်းရှာပါဘူး။ နောက်ရက်ရောက်တော့ ဖုန်းဝယ်လာပါတယ်။

ရွာသူရွာသားများကလည်း အရမ်းရိုးသားတဲ့မောင်လူအေးကို ဖုန်းဆက်ပြီး စ နောက်ကြပါတယ်။ မောင်လူအေးလည်း သူများတွေလို ဖုန်းကိုင်ရတော့ အရမ်းပျော်နေရှာပါတယ်။

မောင်လူအေးထံဖုန်းဝင်လာပါတယ်။

"ဟယ်လို……ဟယ်လို……… ကျနော် မောင်လူအေးပါ " တဖက်က ဘာမှမပြောပါဘူး။ ဖုန်းကျသွားပါတယ်။ ခဏနေတော့ ဖုန်းပြန်ဝင်လာပါတယ်။မောင်လူအေးလည်း အခါတိုင်းတွေလို ရွာကလူတွေ စတာပဲလို သဘောထားလိုက်ပါတယ်။ " ဟယ်လို …… ကျနော် မောင်လူအေး ပြောနေပါတယ် "ပေါ့။ ဖုန်းထဲက ရယ်သံတစ်ချက်ကြားလိုက်ရတယ်။အသံလေးက ချိုမြတယ် …… ကောင်မလေးတစ်ယောက်ရဲ့အသံ ………… နောက်ရက်တွေမှာလည်း အဲဒီကောင်မလေးဆီက ဖုန်းဝင်လာတယ်။ကြာလာတော့……မောင်လူအေးနဲ့ဖုန်းထဲကကောင်မလေး ခင်သွားကြပြီး တစ်ယောက်အကြောင်း တစ်ယောက်ကိုပြောပြ နာမည်၊ ဘယ်မှာအလုပ်လုပ်တယ်၊ဘယ်မှာနေတယ်ပေါ့။ချိုမြတဲ့အသံပိုင်ရှင်လေးက မန်းလေးသူပါ။ ရက်တွေ၊လတွေအတန်ကြာလာတော့ ချိုမြတဲ့အသံပိုင်ရှင်မန်းလေးသူလေးနဲ့ မောင်လူအေးသံယောဇဉ်တွေဖြစ်ကြပြီး၊ချစ်တဲ့အကြောင်းတွေ ပြောကြတာပေါ။

မောင်လူအေးလည်း ……ရင်ခုန်တတ်လာပြီ။ 
မကြာခင်မှာပဲ ……… အင်တာနက်ဇာတ်လမ်းတွေရဲ့ထုံးစံအတိုင်း  မောင်လူအေးနဲ့ မန်းလေးသူတို့  ဖုန်းထဲမှာ ချစ်သူတွေဖြစ်ကြပြီး  အပြင်မှာ ချိန်းတွေ့ဖို့ ပြောကြတာပေါ့။ 

မန်းလေးသူလေးက မောင်လူအေးကို မုံရွာကားဂိတ်မှာ လာကြိုဖို့ ပြောပါတယ်။ မောင်လူအေးလည်း လာကြိုမယ်ဆိုတဲ့အကြောင်း အပြင်မှာတွေ့မယ်ဆိုတဲ့အကြောင်း မန်းလေးသူလေးကို အရမ်းချစ်ကြောင်း၊ မောင်လူအေးလည်း လာကြိုပေးမယ်လို့ပြောလိုက်ပါတယ်။ မောင်လူအေးလည်း အမေ့ကိုပူဆာပါတော့တယ်။ မုံရွာသွားချင်တဲ့အကြောင်း ဖုန်းထဲမှာတွေ့တဲ့ မန်းလေးသူကောင်မလေးနဲ့ သွားတွေ့မယ်ဆိုတဲ့အကြောင်း ပြောပြပြီး အမေ့ကိုခွင့်တောင်းပါတယ်။အမေကလည်း ကြည်ဖြူစွာနဲ့ သွားခွင့်ပြုလိုက်ပါတယ်။ မောင်လူအေး မုံရွာရောက်တော့ မန်းလေးသူလေးကို ကားဂိတ်မှာ သွားကြိုပါတယ်။မောင်လူအေးနဲ့မန်းလေးသူလေး မုံရွာတည်းခိုးခန်းမှာ တစ်ညအိပ်ပြီးမှာတော့ ………………

မန်းလေးသူလေးက ……" ကိုကို ညီမတကယ်လို့ အိမ်ထောင်ရှိခဲ့ရင် ချစ်မှာလား "တဲ့ မောင်လူအေးကလည်း ချစ်မယ်ပေါ့။ရွာကို အလည်လိုက်ဖို့ အမေ့ကို မိန်းမလှလှလေးကြွားမယ်စိတ်ကူးနဲ့ မန်းလေးသူလေးကို အမေ့ဆီခေါ်လာပါတယ်။ရွာသူ၊ရွာသားများကလည်း မောင်လူအေးမိန်းမခိုးလာတယ်ဆိုပြီး တစ်ယောက်ပြီးတစ်ယောက် လာကြည့်ကြပါတယ်။မောင်လူအေးအိမ်မှာ လူအုပ်ကြီးနဲ့ပြည့်နေပါတယ်။စကားသံတွေက " မောင်လူအေး မိန်းမက လှသကွာ " မောင်လူအေးတော့ မိန်းမရကံကောင်းတယ်ပေါ့ " ချီကျူးသံတွေပဲ ကြားနေရတယ်။

မောင်လူအေး မပျော်ပါ………… ညပိုင်းရောက်တော့ မန်းလေးသူထံ ဖုန်းဝင်လာပါတယ်။ကလေးတယောက်ရဲ့အသံပါ။ " အမေ …… ဘယ်သွားနေတာလဲ……အမေ ပြန်လာပါ" တဲ့။ မန်းလေးသူလည်း သူ့သားလေးနဲ့စကားပြောပီး ငိုပါတယ်။ မောင်လူအေးလည်း ငိုပါတော့တယ်။မောင်လူအေး ခွဲရမယ်ဆိုတာ သိနေပါတယ်။

ရွာသူ၊ရွာသားများကလည်း မောင်လူအေးရည်းစားက အိမ်ထောင်ရှိတဲ့သူ ဆိုတာ သိလိုက်တာနဲ့၊ တစ်ယောက်တစ်ပေါက် ပြောကြပါတယ်။ မောင်လူအေး ထောင် ၅ နှစ်ကြမယ် ၆ နှစ်ကြမယ်" နဲ့ မောင်လူအေးအမေလည်း ပြာပြာသလူး သားအတွက် စိုးရိမ်နေပါပြီ။ ဒါကြောင့် လူကြီးမိဘတွေနဲ့တိုင်ပင်ပြီး မန်းလေးသူလေးကို မနက်ဖြန် မန်းလေးကိုပြန်ဖို့ ပြောပါတယ်။မန်းလေးသူကလည်း မန်းလေးကိုပြန်မယ်ဆိုတဲ့အကြောင်း၊ သူ့မှာ လက်ရှိပေါင်းသင်းနေတဲ့အိမ်ထောင်ရှိကြောင်း၊ သားသမီးနှစ်ယောက်ရှိကြောင်း၊သူ့ယောက်ျားနဲ့ စိတ်ဆိုးနေတဲ့အခိုက်အတန့်အတွင်းမှာ မောင်လူအေးနဲ့ချစ်ကြိုက်မိတဲ့အကြောင်း၊ သူသိပ်ချစ်တဲ့မောင်လူအေးကို ဒုက္ခမရောက်စေချင်ကြောင်းပြောပါတယ်။အိမ်ထောင်ရှိအမျိုးသမီးကို မချစ်သင့်ဘူးဆိုတာလည်းမောင်လူအေးသိနေပါတယ်၊ဒါပေမယ့် မောင်လူအေးအရမ်းချစ်မိနေပြီ။

မန်းလေးသူပြန်သွားတဲ့နေ့ကစပြီး မောင်လူအေး မစားနိုင်၊မသောက်နိုင် အရူးကြီးလိုခံစားနေရပါတယ်။ဘယ်သူတွေက ဖျောင့်ဖြ ဖျောင့်ဖြ မောင်လူအေး နားမဝင်ရှာပါဘူး။မေ့မျောသွားတဲ့အထိကို ခံစားခဲ့ရတာ စာရေးသူအမြင်ပါ။စာရေးသူလည်း အရမ်းရိုးသားလွန်းတဲ့ မောင်လူအေးကိုကြည့်ပြီး တကယ်သနားမိတာအမှန်ပါ။


မောင်လူအေးအကြောင်းကို စာရေးဖို့ စဉ်းစားတဲ့အခါတိုင်း မျက်ရည်တွေက အလိုလိုဝဲလာပါတယ်။ စာဖတ်သူတို့အတွက် တစ်စုံတစ်ရာအကျိုးရှိလိမ့်မယ်ထင်လို့ ရေးဖြစ်ခဲ့တာပါ။

                မြကောင်း - ပုလဲမြေ


--Myakaung.palemyay (ဆွေးနွေး) ၀၂:၄၁၊ ၃၁ ဩဂုတ် ၂၀၁၆ (UTC) မြကောင်း - ပုလဲေျမအကြောင်းပြန်ရန်

ပညာမတတ်ရင် ဘာဖြစ်မလဲ ပြင်ဆင်ရန်

ပညာမတတ်ရင် ဘာဖြစ်မလဲ

======= ပြင်ဆင်ရန်

သမီးရေ ဒီစာစုလေးမှာတော့ အရင်တစ်ပတ်ကပြောခဲ့တဲ့ " ပညာမတတ်ရင် ဘာဖြစ်မလဲ "ဆိုတာလေးကို ဖေဖေနည်းနည်းလောက်ပြောပြမယ်နော်။ပညာမတတ်ရင် ဘာဖြစ်မလဲဆိုတော့ သေချာတာက ဘာပညာမှမတတ်ရင်တော့ ဘာမှဖြစ်လာစရာအကြောင်းမရှိပါဘူးသမီး။သမီးတို့ဘဝမှာရွေးချယ်ပိုင်ခွင့် အခွင့်အရေးတွေအများကြီးရှိပါတယ် ၊ပညာသင်ကြားဖို့ မပျင်းရိပါနဲ့သမီး…… သမီးဘာဖြစ်ချင်လဲ… ဆိုတာကိုသိဖို့ပဲလိုပါတယ်။ သမ္မတဖြစ်ချင်လား … ဖြစ်နိုင်ပါတယ်။ ဝန်ကြီးဖြစ်ချင်လား … ဖြစ်နိုင်ပါတယ်။ အင်ဂျင်နီယာ၊ ဆရာဝန်မကြီး အားလုံးဖြစ်နိုင်ပါတယ်သမီး……။အဓိက သမီးဖြစ်ချင်တဲ့ ရည်မှန်းချက်ကိုသိပြီး ပညာသင်ကြားနေချိန် မပျင်းရိဖို့နဲ့ ကြိုးစားဖို့ပဲလိုပါတယ်။သမီး စာကြိုးစားရမယ်နော် ။

     သမီးရဲ့ ဖေဖေ   …………
                  မြကောင်း - ပုလဲမြေ

www.facebook.com/myakaung.pale

--Myakaung.palemyay (ဆှေးနှေး) ၀၂:၅၂၊ ၃၁ ဩဂုတျ ၂၀၁၆ (UTC) မြကောင်း - ပုလဲမြေ