မြန်မာဝီကီကနေကြိုဆိုပါတယ်။ ကိုသိပ္ပံအောင်ရဲ့ မေးခွန်းကို အမေးအဖြေ မှာတွေ့လိုက်ပါတယ်။ ဖောင့် ပြသနာနည်းနည်းရှိနေလို့ ဒီကနေပဲ ဖြေလိုက်ပါရစေ။ မြန်မာဝီကီကို ကူညီချင်ရင် ကိုယ်သိထားတဲ့ အကြောင်းအရာတွေ ပေါ်မူတည်ပြီး ဆောင်းပါး အသစ်တစ်ပုဒ် စရေးနိုင်ပါတယ်။ ဒါမှမဟုတ် လက်ရှိ ခေါင်းစဥ်ရှိပြီး အကြောင်းအရာ မရှိတဲ့ ဆောင်းပါးတွေကို ကူညီပြီး ရေးပေးနိုင်ပါတယ်။ အင်္ဂလိပ်ဝီကီ[၁] က ကိုယ်နှစ်သက်တဲ့ ဆောင်းပါးတွေကိုလည်း မြန်မာဘာသာသို့ ပြန်ဆိုပေးနိုင်ပါတယ်။ မြန်မာဝီကီကို လူအများအသုံးပြုလာအောင် စည်းရုံးပေးတာလည်း မြန်မာဝီကီကို ကူညီတာပါပဲ။ အခက်အခဲရှိရင် သိပါရစေ။ ကြိုတင်ပြီး ကျေးဇူးတင်ကြောင်း ပြောပါရစေ။ (Thanks in advance)ပါ။ --Zawthet 18:38, 28 ဇူ​လိုင်​ 2008 (UTC)