အာဗေလှ
ဦးအာဗေလှ သို့မဟုတ် ဦးအားဆန် (၈ ဩဂုတ် ၁၉၅၅ - ၂၇ နိုဝင်ဘာ ၂၀၂၀) သည် မြန်မာနိုင်ငံသား အာခါလူမျိုး နိုင်ငံရေးသမားတစ်ဦးဖြစ်ပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် အာခါတိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးအဖြစ် ၂၀၁၆ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။
ဦးအာဗေလှ | |
---|---|
အာခါတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ရှမ်းပြည်နယ် အစိုးရအဖွဲ့ | |
တာဝန်သက်တမ်း ၃၀ မတ် ၂၀၁၆[၁] – ၂၇ နိုဝင်ဘာ ၂၀၂၀ | |
ခန့်အပ်သူ | မြန်မာနိုင်ငံ၏ သမ္မတ |
သမ္မတ | ဦးထင်ကျော် |
ဆက်ခံသူ | ဦးယာကုပ်[၂] |
မဲဆန္ဒနယ် | ရှမ်းပြည်နယ် အာခါတိုင်းရင်းသားလူမျိုး မဲဆန္ဒနယ် |
အနိုင်ရမဲ အရေအတွက် | ၇,၈၅၈[၃] |
ကိုယ်ရေး အချက်အလက်များ | |
မွေးဖွား | [၄] နောင်လျန်ရွာ၊ ကျိုင်းတုံမြို့နယ် | ဩဂုတ် ၈၊ ၁၉၅၅
ကွယ်လွန် | နိုဝင်ဘာ ၂၇၊ ၂၀၂၀[၂] ကျိုင်းတုံမြို့ | (အသက် ၆၅)
နိုင်ငံသား | မြန်မာ |
လူမျိုး | အာခါ |
နိုင်ငံရေးပါတီ | အာခါအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ |
ကြင်ဖော်(များ) | |
မိခင် | |
ဖခင် | ဦးစောကို |
အစိုးရအဖွဲ့ | ရှမ်းပြည်နယ် အစိုးရအဖွဲ့ |
အစောပိုင်းဘဝ
ပြင်ဆင်ရန်ဦးအာဗေလကို ကျိုင်းတုံမြို့နယ်၊ လွယ်မွေကျေးရွာအုပ်စု၊ နောင်လျန်ရွာတွင် ၁၉၅၅ ခုနှစ် ဩဂုတ်လ ၈ ရက်နေ့တွင် မွေးဖွားခဲ့ပြီး ဖခင်မှာ ဦးစောကို ဖြစ်သည်။[၄] ၁၉၇၅ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့ပြီး ၁၉၇၆ မှ ၁၉၉၈ ခုနှစ်အထိ ကျိုင်းတုံ၊ မိုင်းပျဉ်း၊ မိုင်းယန်း၊ အထူးဒေသ ၄ နှင့် အထူးဒေသ ၂ တို့တွင် စိုက်ပျိုးရေးဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။[၅] ၁၉၉၉ ခုနှစ်မှ ၂၀၀၈ ခုနှစ်အထိ UNODC ၏ နယ်စပ်ဒေသမူးယစ်ဆေးဝါးထိန်းချုပ်ရေးအစီအစဉ်တွင် စိုက်ပျိုးရေးပညာပေးအရာရှိအဖြစ် လည်းကောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးဌာနမှူးအဖြစ် လည်းကောင်း၊ စီမံကိန်းညှိနှိုင်းရေးအရာရှိအဖြစ် လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သည်။ ၂၀၁၂ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ မယ့်ဖာ့လုံဖောင်ဒေးရှင်းတွင် တာဝန်ထမ်းဆောင်ခဲ့သည်။[၅]
နိုင်ငံရေး
ပြင်ဆင်ရန်ဦးအာဗေလှသည် ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် ရှမ်းပြည်နယ် အာခါတိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်တွင် အာခါတိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ အနိုင်ရရှိခဲ့သည်။[၂] ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ဆက်လက်ယှဉ်ပြိုင်ခဲ့သော်လည်း ရှုံးနိမ့်ခဲ့သည်။
ကွယ်လွန်ခြင်း
ပြင်ဆင်ရန်ဦးအာဗေလှသည် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၂၇ ရက်နေ့တွင် ကျိုင်းတုံမြို့ နေအိမ်၌ လူကြီးရောဂါဖြင့် ကွယ်လွန်ခဲ့သည်။[၄]
ကိုးကား
ပြင်ဆင်ရန်- ↑ "တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဌာန ဝန်ကြီးများ ခန့်အပ် တာဝန်ပေး"၊ Xinhua News Agency၊ ၃၀ မတ် ၂၀၁၆။
- ↑ ၂.၀ ၂.၁ ၂.၂ "အာခါတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးအာဗေလှ ကွယ်လွန်"၊ ၂၇ နိုဝင်ဘာ ၂၀၂၀။
- ↑ ၂၀၁၅ ရွေးကောက်ပွဲရလဒ်များ - တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်(တိုင်းရင်းသားလူမျိုး)မဲဆန္ဒနယ်။ ၈ ဇွန် ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ ၄.၀ ၄.၁ ၄.၂ "ရှမ်းပြည်နယ်၊ အာခါတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးအာဗေလ အသက် ၆၆ နှစ်အရွယ်တွင် ကွယ်လွန်" (in my)၊ Eleven Media Group Co., Ltd၊ ၂၇ နိုဝင်ဘာ ၂၀၂၀။
- ↑ ၅.၀ ၅.၁ "ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် အာခါတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးအာဗေလ ကွယ်လွန်" (in my)၊ Tachileik News Agency၊ ၂၇ နိုဝင်ဘာ ၂၀၂၀။