အားနည်းသော ယောက်ျားသည် တောင်ဝှေးစသည်ကို ဆွဲကိုင်အပ်သကဲ့သို့ စိတ်စေ တသိက်တို့ ဆွဲကိုင်အပ်သောကြောင့်လည်းကောင်း၊ စိတ်စေတသိက်တို့ လာရောက်၍ မွေ့လျော်ရာဖြစ်သော ကြောင့်လည်းကောင်း အာရုံ ဟုခေါ်သည်။ အာရုံခြောက်ပါးရှိသည်။ အာရုံခြောက်ပါးဆိုသည်မှာ-

  1. ရူပါရုံ-မြင်အပ်သော အဆင်းအမျိုးမျိုး၊
  2. သဒ္ဒါရုံ-ကြားအပ်သော အသံအမျိုးမျိုး၊
  3. ဂန္ဓာရုံ-နမ်းရှူအပ်သော အနံ့အမျိုးမျိုး၊
  4. ရသာရုံ-လျက်အပ်၊ သာယာအပ်သော အရသာ အမျိုးမျိုး၊
  5. ဖောဋ္ဌဗ္ဗရုံ-တွေ့ထိ၍သိအပ်သော အရာအမျိုးမျိုးနှင့်
  6. ဓမ္မာရုံ-ပသာဒရုပ် ငါးခု၊ သုခမရုပ် ၁၆ ခု၊ စိတ်၊ စေတသိက် နိဗ္ဗာန် ပညတ်တို့ဖြစ်သည်။

ရူပါရုံ (မြင်အပ်သော အဆင်းအမျိုးမျိုး)သည် စက္ခုဝိညာဏ် စိတ်၏ မွေ့လျော်ရာ ဖြစ်သည်။
သဒ္ဒါရုံ (ကြားအပ်သော အသံအမျိုးမျိုး)သည် သောတဝိ ညာဏ်စိတ်၏ မွေ့လျော်ရာဖြစ်သည်။
ရသာရုံ (လျက်အပ်၊ သာယာအပ်သော အရသာ အမျိုးမျိုး) သည် ဇီဝှါဝိညာဏ်စိတ်၏ မွေ့လျော်ရာ ဖြစ်သည်။
ဖောဋ္ဌဗ္ဗာရုံ (တွေ့ထိ၍ သိအပ်သော အရာအမျိုးမျိုး)သည် ကာယဝိညာဏ်စိတ်၏ မွေ့လျော်ရာဖြစ်သည်။
ဓမ္မာရုံ (ပသာဒရုပ်ငါးခု၊ သုခုမရုပ် ၁၆ ခု၊ စိတ်၊ စေတသိက်၊ နိဗ္ဗာန်၊ ပညတ်)သည် မနောတ်ဓာတ်၊ မနောဝိညာဏဓာတ်တို့၏ မွေ့လျော်ရာဖြစ်သည်။ [၁]

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)