အိဒယ်ဂရှင်းနဘူတာ (ඉදල්ගස්හින්න දුම්රිය ස්ථානය), တမီးလ်: இடல்கஷின்னா ரயில் நிலையம்) သည် သီရိလင်္ကာနိုင်ငံ အဓိကလမ်းပေါ်ရှိ ၆၈ ခုမြောက် ဘူတာဖြစ်သည်။ Uva စီရင်စု၊ ဘဒ်ဒူလာခရိုင်ရှိဘူတာများဖြစ်သည့် Haputale နှင့် Ohiya တို့အကြားတွင် တည်ရှိသည်။ ဘူတာသည် ဟပူတလီမှ အနောက်ဘက် ၈ ကီလိုမီတာ (၅ မိုင်) အကွာ၊ ပင်လယ်ရေမျက်နှာအပြင်အထက် ၁၆၁၅ မီတာ (၅၂၉၉ ပေ) တွင် တည်ရှိသည်။ ဤဘူတာကို ၁၉၈၃ ခုနှစ် Nanu Oya railway station မှ Haputale အထိ ရထားလမ်းတိုးချဲ့ပြီးနောက်တွင် တည်ဆောက်ခဲ့သည်။

Idalgashinna Railway Station

ඉදල්ගස්හින්න දුම්රිය ස්ථානය
இடல்கஷின்னா ரயில் நிலையம்
Railway Station
Idalgashinna railway station (2017)
တည်နေရာSri Lanka
ကိုဩဒိနိတ်6°46′46″N 80°53′49″E / 6.779413°N 80.896857°E / 6.779413; 80.896857ကိုဩဒိနိတ်: 6°46′46″N 80°53′49″E / 6.779413°N 80.896857°E / 6.779413; 80.896857[၁]
ပိုင်ဆိုင်သူSri Lanka Railways
စီမံခန့်ခွဲသူSri Lanka Railways
ရထားလိုင်း(များ)Main Line
အကွာအဝေး၂၄၀.၂၈ km (၁၄၉.၃၀ mi) (from Fort)[၂]
ပလက်ဖောင်းများ1
ရထားစင်္ကြံ2
အခြား အချက်အလက်များ
အခြေအနေFunctioning
ဘူတာရုံ ကုဒ်IGH
ElectrifiedNo[၃]

၅ ပေ ၆ လက်မ (၁၆၇၆ မီလီမီတာ) ကျယ်သည့် ရထားလမ်းကျယ်လမ်းမကြီးရှိ Haputale နှင့် Idalgashinna အကြား လမ်းပိုင်းသည် လမ်း၏ နှစ်ဖက်စလုံးတွင် နိမ့်ကျဖြတ်သန်းမောင်းနှင်ရသဖြင့် ထင်ရှားသည့်ရှုမျှော်ခင်းကို မြင်တွေ့ရသည်ဟု ပြောဆိုကြသည်။ ရထားလမ်းကို Boralanda နှင့် Welimada မှ Udupussellawa နှင့် Hakgala အထိ တိုးချဲ့ပြီးနောက်တွင် ဘူတာ၏ မြောက်ဘက်ကို တိုးချဲ့ခဲ့သည်။ တောင်ဘက်အပိုင်းသည် Beragala, အောက်ဘက်တွင် Hambantota ရှိ ကမ်းခြေနှင့် Udawalawa reservoir တို့ကို ကောင်းမွန်စွာ မြင်တွေ့ရသည်။

ဤဘူတာတွင် အမြန်ရထားများဖြစ်ကြသည့် Podi Menike, Udarata Menike and Night mail train စသည်တို့ကို ပြေးဆွဲလျက်ရှိကြသည်။ ထို့ကဲ့သို့ပင် အဓိကလမ်းမပေါ်ရှိ ဒေသတွင်းရထားများအားလုံးသည်လည်း ဤဘူတာကို ဖြတ်သန်းမောင်းနှင်ကြသည်။

Ohiya နှင့် Idalgashinna ဘူတာများအကြားတွင် ဥမင်ပေါင်း ၁၄ ခု ရှိသည်။

ဘူတာစဉ် ပြင်ဆင်ရန်

ယခင် ဘူတာ   Sri Lanka Railways   နောက် ဘူတာ
Haputale   Main Line   Ohiya

ကိုးကား ပြင်ဆင်ရန်

  1. DistancesTo
  2. Rail Road Distance in Sri Lanka
  3. "Daily News"၊ IESL proposes railway electrification project၊ 25 December 2010။ Archived from the original on 8 March 2012။