အိဝရှိမိဇု ဟချိမန်း နတ်ကွန်း

ဂျပန်နိုင်ငံ၊ ကျိုတိုစီရင်စုရှိ ရှင်တိုနတ်ကွန်း

ဝရှိမိဇု ဟချိမန်းနတ်ကွန်း (石清水八幡宮?) သည် ဂျပန်ကျိုတိုစီရင်စုယဝတမြို့ရှိ ရှင်တိုနတ်ကွန်း ဖြစ်သည်။

Main gate of the Iwashimizu Hachimangū

သမိုင်း ပြင်ဆင်ရန်

နတ်ကွန်း၏ ဟေးအန်းခေတ်က ကျိုတိုမြို့တော်နှင့် တော်ဝင်မိသားစုတို့နှင့် ဆက်နွယ်မှုမှာ အစောဆုံး တည်ဆောက်မှုများ စတင်သည့် အခါ ၈၅၉ (ဂျောငန်း ၁ နှစ်)တွင် စတင်ခဲ့သည်။ [၁][၂]နတ်ကွန်းယဉ်ကျေးမှုအရ ဟချိမန်းနတ်ဘုရားက မြို့တော်နှင့် ဂျပန်တော်ဝင်အဆောင်တော်ကို စီးမိုး ကြည့်နိုင်ရန် ကျိုတိုမြို့အနီးတွင် တည်ရှိလိုသည်ဟု ပြောသော နတ်ဝင်သည်တဦး၏ စကားကို လိုက်နာသည့်အနေဖြင့် ဧကရာဇ် ဆေးဝက နတ်ကွန်းဆောက်ရန် အမိန့်ချခဲ့ကြောင်း ရှင်းပြနိုင်သည်။[၃] ထိုဓာတ်စီးခြင်းကို ဗုဒ္ဓဘာသာဘုန်းကြီး ဂယောခယောက တင်ပြခဲ့ပြီး၊ ယခု နတ်ကွန်း တည်ရှိရာ အိုတိုကိုယာမ နေရာကို ရွေးချယ်လိုသည်ဟုသော ဒုတိယအမြင်အာရုံကိုလည်း ရရှိခဲ့သူ ဖြစ်သည်။[၄] အခြားသော ဟချိမန်းနတ်ကွန်းများကဲ့သို့ပင် အိဝရှိမိဇုသည် ၁၈၆၈ မတိုင်မီက ဗုဒ္ဓဘာသာနှင့် နှီးနွယ်သော အစောင့်အရှောက် နတ်များ (kami) ကို ရည်စူး ကိုးကွယ်သော အိဝရှိမိဇု ဟချိမန်းနတ်ကွန်းကျောင်းဟု သမုတ်ပြီး နတ်ကွန်းလည်း ဟုတ်၊ ဘုရားကျောင်းလည်း ဖြစ်သော နတ်ကွန်းကျောင်း သာ ဖြစ်သည်။[၅]

နတ်ကွန်းသည် ဟေးအန်းခေတ်အစောပိုင်းတွင် တော်ဝင်မျိုးနွယ်၏ အစောင့်အရှောက် အပြုအစုကို ခံရသည်။[၆] ၉၆၅ ခုတွင်၊ ဧကရာဇ် မူရခမိက ဂျပန်ပြည်၏ အစောင့်အရှောက်နတ်ဆီသို့ အရေးကြီး ဖြစ်ရပ်များကို သံတော်ဦး တင်ရန် နန်းတွင်းဆက်သားများကို စေလွှတ်ခဲ့သည်။  ထိုသို့ သတင်းစေခြင်းကို ကနဦးတွင် အိုးဟာရနို နတ်ကွန်းအပါအဝင် နတ်ကွန်း ၁၆ ကျောင်းသို့ စေလွှတ်ခြင်း ပြုခဲ့သည်။[၇]

ရာစုနှစ်များစွာ၌ နတ်ကွန်း၏ အရေးပါ အရာရောက်မှု လွမ်းမိုးနိုင်မှုသည် ကြီးထွားလာပြီး၊ မြေယာဧကများစွာ ပိုင်ဆိုင်ထားသောကြောင့်  ကာမကုရ ရှိုးဂန်းစစ်ဗိုလ်အဖွဲ့ကို ထူထောင်လိုက်သည့် နှစ်များအတွင်း မိနမိုတို နော ယိုရိတိုမိုနှင့် ပဋိပက္ခ ဖြစ်လေသည်။ စစ်စရိတ်များကို ပေးဆောင်ရခြင်းမှ ကင်းလွတ်ခွင့်ကို ဆက်လက် ရရှိနိုင်ရန် နတ်ကွန်းဘက်မှ ကြိုးစားရသည်။[၈] အချိန်မီပင် အာဏာရှင်များ အုပ်စု ချည့်နဲ့သွားရာမှ နတ်ကွန်းလည်း ဆက်လက် တောင့်ခံနိုင်ခဲ့သည်။

အိဝရှိမိဇု ဟချိမန်းနတ်ကွန်းနှင့် အိဆဲနတ်ကွန်းတို့သည် အလယ်ခေတ်တွင် ဘိုးဘေးများပြတိုက် အဖြစ် အထူးရည်ညွှန်းခံရသည်။

  • ၁၄၅၆ (ကိုးရှော ၂ နှစ်၊ သုံးလပိုင်း)၊ မူရိုမချိခေတ်အတွင်း နန်းတက်သော ရှစ်ယောက်မြောက် ရှိုးဂန်း ဖြစ်သူ အရှိခင ယိုရှိမဆသည် အိဝရှိမိဇု နတ်ကွန်းသို့ ကြွရောက်ရာ၊ ဒိုင်းဂျောကန်းမှ အရာရှိများလည်း အတူတကွ လိုက်ပါသည်။
    [၉]

၁၈၇၁ မှ ၁၉၄၆ ထိ၊ အိဝရှိမိဇု ဟချိမန်းနတ်ကွန်းကို ကန်းပေးအဖွဲ့အစည်းအတွင်းရှိ နတ်ကွန်းတလုံးအဖြစ် ပြန်လည် ပြုပြင်ပြီး၊ အစိုးရအထောက်အပံ့ရ နတ်ကွန်းများထဲမှ ပထမတန်းစား နေရာတွင် ရပ်တည်ခဲ့သည်။ အလားတူ ဂုဏ်ပြုခံရသော အခြားနတ်ကွန်းများမှာ အိုးအိတစီရင်စုရှိ၊ အုဆမြို့မှ အုဆနတ်ကွန်းနှင့် ဖူကူအိုကစီရင်စုရှိ ဖူကူအိုကမြို့မှ ဟကိုဇကိနတ်ကွန်းတို့ ဖြစ်သည်။[၁၀]

နတ်ကွန်းသို့ အဖူးကြွခြင်း ပြင်ဆင်ရန်

၉၇၉ (တဲင်းငဲင်း ၂ နှစ်)တွင်၊ ဧကရာဇ် အဲင်းယူး နတ်ကွန်းကို ကြွချီသည်မှ အစပြု၍ ဧကရာဇ်တိုင်းနီးပါး နတ်ကွန်းသို့ သွားရောက် လည်ပတ်လာကြပြီး၊ ဧကရာဇ် ဂိုဒိုင်းငေါ့လက်ထက်မှစ၍ အာဏာပိုင်များသည် အရောဝင်ခြင်း မပြုဘဲ တသီးတခြား စတင်နေထိုင်လာကြသည်။ [၁၁]

ရှောဟေးခေတ် (၁၃၄၆ - ၁၃၇၀) တွင်၊ ဧကရာဇ် မူရာခမိသည် အိဝရှိမိဇုသို့ ကိုယ်တော်တိုင် ကြွရောက် လည်ပတ်သည်။ [၁၂]

အိုးနင်းစစ်ပွဲ (၁၄၆၇ - ၁၄၇၇) ပြီးနောက်၊ နန်းတွင်းသည် နှစ် ၂၀၀ ဝေးကွာသွားမိသည့် အထိမ်းအမှတ်အဖြစ် ကြွရောက်ကြသည်။ [၁၃]

ရှင်တိုယုံကြည်မှု ပြင်ဆင်ရန်

နတ်ကွန်းကို နန်းတွင်းအသိုင်းအဝိုင်း၏ ရှင်တိုနတ်ဘုရားတပါး ဖြစ်သော ကိုယ်စောင့်နတ် ဟချိမန်းကို ရည်စူးတည်ဆောက်ထားကြသည်။ ၈၅၉ ၎င်းတည်ဆောက်သည့် အချိန်ကာလကတည်းကပင် ဟချိမန်းကို ဧကရာဇ် အိုးဂျင်းအဖြစ် အသိအမှတ်ပြုခဲ့ပြီး ဖြစ်သည်။[၁၄]

ရတနာ ပြင်ဆင်ရန်

၂၀၀၅ ရတနာစစ်တမ်းအရ အိဝရှိမိဇုနတ်ကွန်းတွင် အခြားသော အရာများထက် အင်ဒိုနီးရှား ကျောက်စီ ဓားမြှောင့် ခရစ် (Kris) တချောင်း ရှိနေကြောင်း ဖော်ထုတ်ရရှိပြီး၊ "ကျိုတို၏ ဘုရားကျောင်းနှင့် နတ်ကွန်းများမှ ကျော်ကြားသော ဓားများ"ဟု ခေါင်းစီးဖြင့် ပြပွဲ တစိတ်တပိုင်းအဖြစ် ကျိုတိုအမျိုးသားပြတိုက်ထဲ၌ ပြသထားသည်။[၁၅]

ဆက်စပ် ပြင်ဆင်ရန်

မှတ်စု ပြင်ဆင်ရန်

  1. Kanda, Christine Guth. (1985). Shinzō: Hachiman Imagery and Its Development, p. 41.
  2. Brown, Delmer et al. (1979). Gukanshō, p. 288.
  3. Ponsonby-Fane, Richard. (1962). Studies in Shinto and Shrines, p. 78.
  4. Kanda, p. 42.
  5. တမ်းပလိတ်:EOS
  6. Breen, John et al. (2000). Shinto in History: Ways of the Kami, pp. 74-75.
  7. Ponsonby-Fane, Studies, pp. 116-117.
  8. Maas, Jeffrey P. (1999). Yoritomo and the Founding of the First Bakufu: The Origins of Dual Government in Japan, p. 202.
  9. Titsingh, p. 348.
  10. Ponsonby-Fane, Richard Arthur Brabazon. (1959). The Imperial House of Japan, pp. 124-126.
  11. Ponsonby-Fane, Studies, p. 116.
  12. Ponsonby-Fane, Studies, p. 218.
  13. Ponsonby-Fane, Studies,, p. 244.
  14. Ponsbonby-Fane, Studies, pp. 78, 196.
  15. Kyoto National Museum: 2006 exhibition, treasures Archived 2008-04-23 at the Wayback Machine.

ကိုးကား ပြင်ဆင်ရန်

ပြင်ပလင့် ပြင်ဆင်ရန်