အိုဆာကာ ကိုင်းယုကန် ငါးပြတိုက်

အိုဆာကာ ကိုင်းယုကန် ငါးပြတိုက် (海遊館 Kaiyukan?)သည် ဂျပန်နိုင်ငံ၊ အိုဆာကာပင်လယ်အော်အနီး အိုဆာကာခရိုင်၊ အိုဆာကာမြို့ရှိ မိနာတိုရပ်ကွက်တွင် တည်ရှိသော ငါးပြတိုက်ဖြစ်သည်။ စတင်ဖွင့်လှစ်ချိန်တွင် ၎င်းသည် ကမ္ဘာပေါ်တွင် အများပြည်သူဆိုင်ရာ အကြီးဆုံးငါးပြတိုက် ဖြစ်ခဲ့သည်။ လက်ရှိ ကမ္ဘာပေါ်တွင် အများပြည်သူဆိုင်ရာ အကြီးဆုံးငါးပြတိုက်သည် အိုကီနာဝါ ချုရအုမီ ငါးပြတိုက် ဖြစ်သည်။ ငါးပြတိုက်သည် အိုဆာကာမြူနီစပယ်ချုးအိုး မြေအောက်ရထားလိုင်း၏ အိုဆာကာကိုဘူတာမှ ငါးမိနစ်ခန့် လမ်းလျှောက်ရပြီး တန်ပိုဇန်ချားရဟတ်၏ ဘေးတွင် တည်ရှိသည်။

အိုဆာကာ ကိုင်းယုကန် ငါးပြတိုက် အတွင်းရှိ ငါးများ