အိုမီဂါ စင်တောရိ
The globular cluster Omega Centauri. Credit ESO
လေ့လာမှု ဒေတာ (J2000 epoch)
အဆင့်တန်းVIII[၁]
ကြယ်စုတန်းစင်တောရပ်
ညာဘက် တိမ်းစောင်းမှု13° 26′ 47.28″[၂]
နိမ့်ဆင်းမှု−47° 28′ 46.1″[၂]
အကွာအဝေး၁၅.၈ ± ၁.၁ kly (၄.၈၄ ± ၀.၃၄ kpc)[၃]
ပကတိ အရွယ်အစား (V)၃.၉[၄]
ပကတိ ဒိုင်မင်းရှင်း (V)36′.3[၅]
ရုပ်ပိုင်းဆိုင်ရာ လက္ခဏာများ
ထုထည်(4.05±0.1)×106[၆] M
အချင်းဝက်၈၆ ± ၆ ly[၇]
သတ္တုပါဝင်မှု–၁.၃၅[၈] dex
ခန့်မှန်းခြေ သက်တမ်း၁၁.၅၂ Gyr[၈]
အခြားဂုဏ်သတ္တိများNGC 5139,[၉] GCl 24,[၉] ω Centauri,[၃] Caldwell 80
အခြားကြည့်ရန် Globular clusterglobular clusters စာရင်း

အိုမီဂါ စင်တောရိ (ω Cen), သို့မဟုတ် NGC 5139 သည် globular cluster ဖြစ်ပြီး ကြယ်စုတန်း စင်တောရပ်တွင် တည်ရှိကာ ယင်းအား ၁၆၇၇ ခုနှစ်တွင် အက်ဒ်မော ဟာလီမှ စတီလာမဟုတ်သော အရာဝတ္ထုဟု ပထမဆုံးအကြိမ် ခွဲခြားခဲ့သည်။ အလင်းနှစ် ၁၅၈၀၀ (၄,၈၅၀ pc) ကွာဝေးပြီး နဂါးငွေ့တန်း ဂယ်လက်ဆီထဲတွင် အကြီးမားဆုံး globular cluster ဖြစ်ကာ အကျယ်အားဖြင့် အလင်းနှစ် ၁၅၀ ခန့်ရှိသည်။[၁၀] ယင်းအား ကြယ်တာရာပေါင်း ၁ဝ မီလီယံနီးပါးခန့် တည်ရှိပြီး နေထုထည်ပေါင်း ၄ မီလီယံခန့် ရှိမည်ဟု ခန့်မှန်းတွက်ချက်ထားသည်။[၁၁]

လေ့လာမှုသမိုင်း ပြင်ဆင်ရန်

အေဒီ ၁၅၀ တွင် ရိုမန် နက္ခတ္တပညာရှင် တော်လမီက သူ၏ Almagest စာအုပ်တွင် မြင်းနှီးကုန်းကြယ်ဟု စာရင်းပြုစုခဲ့သည်။ ဆွိစ် နက္ခတ္တပညာရှင် Jean-Philippe de Cheseaux က ၁၇၄၆ ခုနှစ်တွင် အိုမီဂါ စင်တောရိအား ၂၁ ခုမြောက် နက်ဗျူလာအဖြစ် စာရင်းသွင်းခဲ့သည်။[၁၂]

ဂုဏ်သတ္တိများ ပြင်ဆင်ရန်

ကမ္ဘာမှ အလင်းနှစ် ၁၅၈၀၀ ကွာဝေးသော အိုမီဂါ စင်တောရိသည် သာမန်မျက်စိဖြင့်မြင်ရသော အနည်းစု globular cluster များထဲမှ တစ်ခုဖြစ်သည်။ ကျေးလက်ဒေသ မှောင်နေသောနေရာမှ ကြည့်လျင် ယင်းအား လပြည့်ဝန်းကဲ့သို့ မြင်ရသည်။ ယင်းသည် ကြယ်ပေါင်း ၄ မီလီယံ ပါဝင်သော အတောက်ပဆုံး၊ အကြီးမားဆုံးနှင့်[၆] နဂါးငွေ့တန်းနှင့်ဆက်နွယ်သော အင်အားအကြီးဆုံး globular cluster ဖြစ်သည်။ နဂါးငွေ့တန်းအား လှည့်ပတ်လျက် အိုမီဂါ စင်တောရိသည် Population II ကြယ်ပေါင်း မီလီယံများစွာ တည်ရှိပြီး သက်တမ်းမှာ ၁၂ ဘီလီယံ ရှိကြလေသည်။[၁၃] အိုမီဂါ စင်တောရိ၏ အလယ်ဗဟိုတွင် ကြယ်များသည် ထူထပ်စွာတည်ရှိနေပြီး ကြယ်တစ်ခုမှတစ်ခုသို့ အလင်းနှစ် ၀.၁ စီသာလျင် ဝေးကွာကြသည်။[၁၃]


တွင်းနက်တည်ရှိမှု အထောက်အထား ပြင်ဆင်ရန်

 
အိုမီဂါ စင်တောရိ၏ အလယ်ဗဟိုနေရာ၊ အောက်ဘက်ကျသောဇယားမှ အဖြူရောင်ဖြင့်ပြထားသည်မှာ နောင်နှစ်ပေါင်း ၆၀၀ အတွင်း ကြယ်ရွေ့လျားမှုအား ကြိုတင်ခန့်မှန်းချက်ဖြစ်ပြီး အစက်ကလေးများသည် နောင်နှစ်ပေါင်း ၃၀ အတွင်းဖြစ်သည်

၂၀၀၈ ခုနှစ် လေ့လာမှုတစ်ရပ်အရ အလယ်အလတ်တန်းစား တွင်းနက်တစ်ခုသည် အိုမီဂါ စင်တောရိတွင် တည်ရှိသည်ဟု ဟာဘယ် အာကာသ တယ်လီစကုပ်၏ အချက်အလက်များအရ သိရသည်။[၁၄][၁၅][၁၆] ယင်းသည် နေထုထည်ပေါင်း ၄.၀ x ၁၀ ရှိသည်ဟု တွက်ချက်ထားသည်။[၁၄]


ကိုးကား ပြင်ဆင်ရန်

  1. Shapley၊ Harlow; Sawyer၊ Helen B. (August 1927)၊ "A Classification of Globular Clusters"၊ Harvard College Observatory Bulletin (849): 11–14၊ Bibcode:1927BHarO.849...11S.
  2. ၂.၀ ၂.၁ Goldsbury၊ Ryan; et al. (December 2010)၊ "The ACS Survey of Galactic Globular Clusters. X. New Determinations of Centers for 65 Clusters"၊ The Astronomical Journal140 (6): 1830–1837၊ arXiv:1008.2755Bibcode:2010AJ....140.1830Gdoi:10.1088/0004-6256/140/6/1830.
  3. ၃.၀ ၃.၁ "The dynamical distance and intrinsic structure of the globular cluster ω Centauri" (2 January 2006). Astronomy and Astrophysics 445 (2): 513–543. doi:10.1051/0004-6361:20053061. Bibcode2006A&A...445..513V. “best-fit dynamical distance D=4.8±0.3 kpc ... consistent with the canonical value 5.0±0.2 kpc obtained by photometric methods” 
  4. Skiff၊ Brian A. (May 2, 1999)၊ "Observational Data for Galactic Globular Clusters"The NGC/IC Project၊ 22 March 2019 တွင် မူရင်း အား မော်ကွန်းတင်ပြီး2013-08-13 တွင် ပြန်စစ်ပြီး.
  5. Arnold၊ H. J. P.; Doherty၊ Paul; Moore၊ Patrick (1999)၊ The Photographic Atlas of the Stars၊ CRC Press၊ p. 173၊ ISBN 0750306548.
  6. ၆.၀ ၆.၁ D'Souza၊ Richard; Rix၊ Hans-Walter (March 2013)၊ "Mass estimates from stellar proper motions: the mass of ω Centauri"၊ Monthly Notices of the Royal Astronomical Society429 (3): 1887–1901၊ arXiv:1211.4399Bibcode:2013MNRAS.429.1887Ddoi:10.1093/mnras/sts426.
  7. distance × sin( diameter_angle / 2 ), using distance of 5kpc and angle 36.3', = 86 ± 6 ly. radius
  8. ၈.၀ ၈.၁ Forbes၊ Duncan A.; Bridges၊ Terry (May 2010)၊ "Accreted versus in situ Milky Way globular clusters"၊ Monthly Notices of the Royal Astronomical Society404 (3): 1203–1214၊ arXiv:1001.4289Bibcode:2010MNRAS.404.1203Fdoi:10.1111/j.1365-2966.2010.16373.x.
  9. ၉.၀ ၉.၁ SIMBAD Astronomical DatabaseResults for NGC 5139။ 2006-11-16 တွင် ပြန်စစ်ပြီး။
  10. Omega Centauri: The Largest Globular Cluster။ 8 March 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 21 December 2014 တွင် ပြန်စစ်ပြီး။
  11. APOD: 2010 March 31 - Millions of Stars in Omega Centauri
  12. O'Meara၊ Stephen James (2013)၊ Deep-Sky Companions: Southern Gems၊ Cambridge University Press၊ p. 244၊ ISBN 1107015014.
  13. ၁၃.၀ ၁၃.၁ "Peering into the Core of a Globular Cluster"Hubble Site news Center၊ October 4, 20012013-08-13 တွင် ပြန်စစ်ပြီး.
  14. ၁၄.၀ ၁၄.၁ "Gemini and Hubble Space Telescope Evidence for an Intermediate-Mass Black Hole in ω Centauri" (April 2008). The Astrophysical Journal 676 (2): 1008–1015. doi:10.1086/529002. Bibcode2008ApJ...676.1008N. 
  15. Noyola၊ Eva; Christensen၊ Lars Lindberg; Villard၊ Ray; Michaud၊ Peter (April 2, 2008)၊ Black hole found in enigmatic Omega Centauri၊ ESA2013-08-13 တွင် ပြန်စစ်ပြီး.
  16. "Astronomers Find Suspected Medium-Size Black Hole in Omega Centauri" (သတင်းထုတ်ပြန်ချက်)။ 2008-04-022009-11-06 တွင် ပြန်စစ်ပြီး

ပြင်ပလင့်များ ပြင်ဆင်ရန်