ဟုခဒ အဲအိမိ(ဂျပန်: 深田えいみ; ၁၉၉၈ မတ် ၁၈ ~ ) သည် ဂျပန်နိုင်ငံသူ လိင်ဖျော်ဖြေရေး မင်းသမီးနှင့် စီးပွားရေး လုပ်ငန်းရှင် ဖြစ်သည်။ ၄၄ စီမံခန့်ခွဲမှုလုပ်ငန်းတွင် အဆိုတော်အဖြစ် လေ့ကျင့်ဖူးသူ ဖြစ်သည်။[၁]

ဟုခဒ အဲအိမိ
ဇာတိ အမည်深田えいみ
မွေးဖွား (1998-03-10) မတ် ၁၀၊ ၁၉၉၈ (အသက် ၂၆)
အခြား အမည်များအမာမီကိုကိုရို (ကောင်းကင်သို့သောနှလုံးသား)
တက်ကြွလှုပ်ရှားနှစ်များ၂၀၁၇-ယနေ့ထိ
အရပ်၁.၅၈ m (၅ ft ၂ in)
ကိုယ်အလေးချိန်တမ်းပလိတ်:Weight
လက်မှတ်

ငယ်ဘဝ ပြင်ဆင်ရန်

၁၉၉၈ ခု၊ မတ်လ ၁၈ ရက်တွင် တိုချီဂီစီရင်စု၌ မွေးသည်။

အနုပညာခရီး ပြင်ဆင်ရန်

၂၀၁၆ခုတွင် တိုကျိုသို့ ဘဝသစ်ရှာရန် ရောက်လာသည်။ ၄၄ စီမံခန့်ခွဲမှုလုပ်ငန်းမှ စင်တင်သည့် ရဲရင့်သောမိန်းမစစ်သည်များ (B Girl Warrior Go Fig'er) တွင် အစိမ်းရောင်ဝတ် အမာမီကိုကိုရို (天海こころ) အဖြစ် ပါဝင်ရသည်။ [၂] ယင်းအဖွဲ့မှ ၃ လသာ လှုပ်ရှားပြီး အဖွဲ့ပျက်သွား၏။

အဖွဲ့မရှိသည်နောက် မဂ္ဂဇင်းတခုအတွက် အဖော်အချွတ်ကိုယ်ဟန်ပြမယ်အဖြစ် ဓာတ်ပုံအရိုက်ခံသည်။ နောက် တီဘီအက်ရုပ်သံလိုင်းရှိ အစီအစဉ်တခုတွင် သတင်းတင်ဆက်သူအဖြစ် ပါဝင်ရ၏။ ၂၀၁၇ ခု၊ ဖေဖော်ဝါရီလတွင် အဆိုတော်ဘဝ ပွဲထွက်အမည် အမာမီကိုကိုရိုကို သုံးကာ သူ့ လိင်ဖျော်ဖြေရေးဇာတ်ကား ထွက်လာသည်။ [၂]

၂၀၁၇ ခု၊ မေလမှစ၍ မင်းသမီးအလုပ်မှ ၆ လမျှ နားသည်။ ထိုကာလတွင် ပလပ်စတစ်ဆာဂျရီလုပ်သည့်အပြင် ရင်သားတုလည်း ထည့်ခဲ့၏။ [၃] နှောင်းပိုင်းတွင်ထုတ်သော ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိ၌ မျက်နှာရှိ အစက်အပျောက်များကို ဖယ်ရှားရန် ပလပ်စတစ်ဆာဂျရီလုပ်လိုသည့်အတွက် ထိုလိင်ဖျော်ဖြေရေးဇာတ်ကားကို လက်ခံခဲ့ကြောင်း ဆိုထားသည်။ [၄]

၂၀၁၈ ခု၊ နိုဝင်ဘာလတွင် အီမီဖူကာဒါ ဟူသောအမည်ဖြင့် နောက်တကြိမ် ပွဲထွက်သည်။ ၂၀၁၉ မှစ၍ မိမိသရုပ်ဆောင်မည့် ဇာတ်ညွှန်းကို ကိုယ်တိုင်ရေးကာ တလတကားနှုန်းထွက်အောင် စီမံ၏။ [၅]

ပြင်ပလင့်များ ပြင်ဆင်ရန်

ကိုးကား ပြင်ဆင်ရန်

  1. "ငါးခု深田えいみ[လင့်ခ်သေ]". 44 Management.
  2. ၂.၀ ၂.၁ "マイナス25kgのダイエットに成功した元地下アイドル! 清純派の18歳・天海こころがAVデビュー" (Japanese). Daily Cyzo . 2017-04-04.
  3. "根本兩個人!揭AV女優整形前長這樣". 三立新聞網. 2019-03-25.
  4. ツイッタランドの大喜利お姉さん 深田えいみの秘密. 2020-10-28. ISBN: 978-4065217436
  5. 講談社『FRYDAY』2020年11/20号35頁『深田えいみ・異色のセクシー女優が本誌編集部に降臨「もし私がFRIDAY編集部でAVを作るなら……」』