အီရန်-အီရတ် ငလျင်

အီရန်နှင့် အီရတ်နယ်ခြားအနီး၌ ၂၀၁၇ နိုဝင်ဘာလတွင် လှုပ်ခတ်ခဲ့သော ငလျင်

၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်နေ့ ၁၈:၁၈ UTC တွင် ဖြစ်ပွားခဲ့သည်။ အီရန်နိုင်ငံ စံတော်ချိန် ၂၁:၄၈ အချိန် ဖြစ်၏။ အာရေးဘီးယားနိုင်ငံ စံတော်ချိန်သည် ၂၁:၁၈ ဖြစ်သည်။ ပြင်းအား ၇.၃ ပမာဏ ရှိသည့် ငလျင်သည် တဒင်္ဂအတွင်းမှာ ဖြစ်ပွားခဲ့သည်။ ဖြစ်ခဲ့သည့် နေရာသည် အီရန်-အီရတ် နယ်နိမိတ်တွင် ဖြစ်၏။ Kermanshah စီရင်စုသည် ငလျင်ဗဟိုချက်မဖြစ်သည်။[၄][၁၂] အီရတ်၏ မြို့တော် Halabja မှ တောင်ဘက် ခန့်မှန်းခြေ ၁၉ မိုင် (၃၀ ကီလိုမီတာ) တွင် တည်ရှိသည်။[၄]

2017 Iran–Iraq earthquake[၁][၂][၃]
တမ်းပလိတ်:OSM Location map
UTC အချိန်??
ရက်စွဲ *၁၂ နိုဝင်ဘာ ၂၀၁၇ (၂၀၁၇-၁၁-၁၂)
မူလ အချိန် *18:18:18 UTC
အတိုင်းအတာ7.3 Mw[၄][၁][၂][၃][၅][၁]
အနက်၁၉.၀ km (၁၂ mi)[၄]
ငလျင်ဗဟို34°54′18″N 45°57′22″E / 34.905°N 45.956°E / 34.905; 45.956ကိုဩဒိနိတ်: 34°54′18″N 45°57′22″E / 34.905°N 45.956°E / 34.905; 45.956[၄]
အက်ကွဲကြောင်းArabian and Eurasian plates
အမျိုးအစားThrust fault[၄]
သက်ရောက်ဧရိယာ
အများဆုံးပြင်းအားVIII (Severe)
Aftershocks11 November
ထိခိုက်သေကြေမှုများ540+ dead
8,100+ injured[၆][၇][၈][၉]
70,000+ homeless[၉]
Deprecated See documentation.

၎င်းဒဏ်ကို အဝေးရှိ အစ္စရေးနှင့် အာရပ်စော်ဘွားများပြည်ထောင်စုတို့လည်း ခံစားခဲ့ရသည်။ အီရန်တွင် လူ ၅၃၀ ဦး၊အီရတ်တွင် ၁၀ ဦး သေဆုံးခဲ့သည့်အတွင် စုစုပေါင်း ၅၄၀ ဦး သေဆုံးခဲ့သည်။ လူပေါင်း ၈၁၀၀ သည် ထိခိုက်မှုများ ဖြစ်ခဲ့သည်။ ထို့ပြင် မရေတွက်ရသေးသည့်အတွက် အရေအတွက်သည် ထိုထက်လည်း များနိုင်သည်။[၁၃][၆][၁၄] လတ်ရှိတွင် ထိုငလျင်သည် ၂၀၁၇ ခုနှစ်အတွက် သေဆုံးသူအများဆုံးငလျင် ဖြစ်ခဲ့သည်။[၁၅]

ငလျင် ပြင်ဆင်ရန်

 
အီရန်နိုင်ငံ၊Sarpol-e Zahab ရှိ အဆောက်အဦတစ်ခု ထိခိုက်ပျက်စီးနေပုံ
 
Chart of the aftershocks that followed 11 November main shock

Baghdad ၏ အရှေ့မြောက်ဘက်[၁][၂][၃] ခန့်မှန်းခြေ ၂၂၀ ကီလိုမီတာ (၁၄၀ မိုင်) အကွာရှိ အီရန်-အီရတ် နယ်နိမိတ်အနီးတွင် ဖြစ်ပွားခဲ့သည်။[၁][၂][၃][၅] အမေရိကန်နိုင်ငံ၏ ဘူမိဗေဒလေ့လာမှုများအရ ငလျင်၏ ပြင်းအားသည် ၇.၃ ဖြစ်သည်။[၂] ငလျင်ဗဟိုချက်သည် ၁၉ ကီလိုမီတာ (၁၁.၈ မိုင်) အနက်တွင် တည်ရှိသည်။ ငလျင်သည် ဒေသတွင်းတွင် အားအပြင်းဆုံးငလျင် အဖြစ် မှတ်တမ်းဝင်ခဲ့သည်။ ၁၉၆၇ ခုနှစ် ဇန်နဝါရီလတွင် ဖြစ်ပွားခဲ့သည့်ငလျင်သည် ၆.၁ Mw ရှိသည်။[၄] ထိုငလျင်ကြောင့် အရှေ့အလယ်ပိုင်းတစ်လျှောက်လုံးကို ထိခိုက်မှုများ ဖြစ်ခဲ့သည်။ ထို့ပြင် ဝေးလံသည့် အစ္စရေး၊ အာရေဗျကျွန်းဆွယ်၊ တူရကီတို့တွင်လည်း ထိခိုက်မှုများ ရှိခဲ့သည်။[၁၆][၁၇][၁၈][၈] အီရန်မြေငလျင်ဌာနက နာရီအနည်းငယ်အတွင်း လှုပ်ခတ်မှုသည် အနည်းဆုံးအကြိမ် ၅၀ ခန့်ရှိသည်ဟု မှတ်တမ်းတင်ခဲ့သည်။[၁၉]

နောက်ဆက်တွဲ ဖြစ်ရပ်များ ပြင်ဆင်ရန်

သေကျသူများနှင့် ထိခိုက်မှုများ ပြင်ဆင်ရန်

ငလျင်တွင် Kermanshah နယ်သည် သက်ရောက်မှု အများဆုံးဒေသ ဖြစ်ခဲ့သည်။ အီရတ်နိုင်ငံ၏ မြို့များနှင့် Sarpol-e Zaha တို့သည်လည်း ပြင်းထန်သော လှုပ်ခါမှုတို့ ကြုံခဲ့ရသည်။[၂][၂][၃][၂][၅][၁]

Halabja, Ezgeleh တို့သည် ငလျင်ဗဟိုချက်နှင့် အနီးဆုံးမြို့များ ဖြစ်ကြသည်။[၂၀] အီရန်လူမျိုး သေဆုံးသူများ၏ ထက်ဝက်ကျော်သည် Sarpol-e-Zahab နှင့် Ezgeleh ဒေသတို့မှ ဖြစ်သည်။ ထိုဒေသနှစ်ခုတွင် လူဦးရေ ၃၀၀၀၀ ကျော် ရှိသည်။[၂၁] တရားဝင်ကြေကြာချက်များအရ ငလျင်ဖြစ်ပြီးနောက် Kermanshah ရှိ စာသင်ကျောင်းများကို ပိတ်ခဲ့သည်။ ၁၁ ရက်၊ နိုဝင်ဘာလတွင် လှုပ်ခတ်မှုကြောင့် သေဆုံးသူ ၅၄၀ ကျော်၊ ထိခိုက်ဒဏ်ရာရသူ ၈၁၀၀ ကျော်၊ အိုးမဲ့အိမ်မဲ့ ၇၀၀၀၀ ကျော် ရှိခဲ့သည်။[၂၂]

အနည်းဆုံး လူ ၁၅၀ ဦးသည် သေဆုံးနိုင်သေးသည်ဟု ထုတ်ပြန်ကြေညာထားသည်။ ထို့ပြင် အခြားလူ ၇၀၀၀ ကျော်သည် ထိခိုက်ဒဏ်ရာရခဲ့သည်။[၁၆][၂၃] Sarpol-e Zahab တွင် ဆေးရုံပျက်စီးခဲ့ရာ အနည်းဆုံး ၁၄၂ ဦး သေဆုံးခဲ့သည်။ ယခင်သမ္မတ Mahmoud Ahmadinejad တည်ဆောက်ခဲ့သည့် ဆေးရုံရှိ အိမ်ရာသည် ရှုပ်ရှုပ်ထွေးထွေး ဖြစ်နေသည်။ ထိုအိမ်ရာတွင် လူများစွာ နေကြသည်။ အိမ်နီးချင်း အီရန်နိုင်င်ငံတွင် အနည်းဆုံး ၇ ဦးသေဆုံးကာ ၅၀၀ မှာ ထိခိုက်ဒဏ်ရာရခဲ့သည်။[၂၂][၂၄] မြေငလျင်၏ အရှိန်ကြောင့် မြေပြိုမှုအန္တရာယ်များလည်း ရှိခဲ့သည်။[၂၅] ငလျင်ကြောင့် အီရန်ရှိ ဒေသ ၁၄ ခုတွင်[၉][၂၆] အိုးအိမ်မဲ့ဖြစ်ခဲ့သူ ၇၀၀၀၀ ဦး ရှိခဲ့သည်။ ခန့်မှန်းခြေ အိမ်အလုံး ၁၂၀၀၀ ကို ဖျက်ဆီးခဲ့ပြီး အခြားသောအရာတို့ကို ဖျက်ဆီးမှုသည် ၁၅၀၀၀ ရှိခဲ့သည်။[၂၇] ကယ်ဆယ်ရေးအတွက် ရွက်ဖျင်တဲ ၂၂၀၀၀ နှင့် စောင် ၅၂၀၀၀ ထည်ကို ငလျင်ပြီးနောက်တွင် ပေးဝေခဲ့သည်။[၂၇]

Sarpol-e Zahab တွင် နေထိုင်သူများက အစိုးရ၏ အကျင့်ပျက်ခြစားမှုကြောင့် ဆောက်လုပ်ရေးသည် အရည်အသွေးကောင်းမွန်မှုမရှိသည့်အတွက် များပြားစွာ ပျက်စီးခဲ့ခြင်း ဖြစ်သည်ဟု အပြစ်တင်ခဲ့သည်။[၉] ငလျင်တွင် အဆောက်အဦသစ်များစွာတို့သည် ပျက်စီးခဲ့သော်လည်း သက်တမ်းကြာရင့်သော အဆောက်အဦတို့သည် မပျက်စီးဘဲ ရှိနေခဲ့သည်။[၉]

အကူအညီ ပြင်ဆင်ရန်

တူရကီသည် အကူအညီများကို ပထမဆုံး ပေးအပ်ခဲ့သည်။ Emergency Management Presidency ၏ ပြောကြားချက်အရ ကယ်ဆယ်ရေးအမှုထမ်း ၉၂ ယောက်၊ ရွက်ဖျင်တဲ ၄၀၀၀၊ စောင် ၇၀၀၀ ထည်တို့ကို လှူဒါန်းခဲ့သည်။ [၂၈]

European Union Foreign Policy ၏ အကြီးအကဲ Federica Mogherini က အရေးပေါ်အကူအညီများ ပေးအပ်သွားမည်ဟု ပြောခဲ့သည်။ [၂၈] အီတလီအစိုးရက ရွက်ဖျင်တဲ၊ စောင် နှင် ပြောင်းရွှေ့နိုင်သည့် မီးဖိုခန်း ၁၂ မက်ထရစ်တန်ကို ပေးပို့ရန် ဆွေးနွေးခဲ့သည်။ [၂၉]

Red Cross အပြည်ပြည်ဆိုင်ရာကော်မတီသည် နိုဝင်ဘာလ၊ ၁၃ ရက်တွင် ရောက်ရှိလာခဲ့ပြီး [၂၉] ရွက်ဖျင်တဲနှင့် ရေများ ထောက်ပံ့ခဲ့သည်။[၉]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ၁.၄ ၁.၅ CNN၊ Shirzad Bozorgmehr and James Masters,။ Iran-Iraq earthquake is deadliest of 2017
  2. ၂.၀ ၂.၁ ၂.၂ ၂.၃ ၂.၄ ၂.၅ ၂.၆ ၂.၇ The Iran-Iraq Earthquake May Soon Be the Deadliest of 2017
  3. ၃.၀ ၃.၁ ၃.၂ ၃.၃ ၃.၄ Powerful Iran-Iraq earthquake is deadliest of 2017 (13 November 2017)။
  4. ၄.၀ ၄.၁ ၄.၂ ၄.၃ ၄.၄ ၄.၅ ၄.၆ M 7.3 – 30km S of Halabjah, IraqUnited States Geological Survey။ 12 November 2017 တွင် ပြန်စစ်ပြီး။
  5. ၅.၀ ၅.၁ ၅.၂ Moment Iran-Iraq earthquake struck – CNN Video
  6. ၆.၀ ၆.၁ "Powerful Earthquake on Iran-Iraq Border Kills Over 410" (in en)၊ NBC4 Washington 
  7. "Quake death toll in western Iran over 370, some 7,200 injured"၊ Trend News Agency။ 13 November 2017 တွင် ပြန်စစ်ပြီး 
  8. ၈.၀ ၈.၁ "Iran-Iraq earthquake: Deadly tremor hits border region"၊ BBC News၊ 12 November 2017။ 12 November 2017 တွင် ပြန်စစ်ပြီး 
  9. ၉.၀ ၉.၁ ၉.၂ ၉.၃ ၉.၄ ၉.၅ "A 7.3-magnitude earthquake on the Iran-Iraq border leaves hundreds dead"၊ The Economist၊ 13 November 2017။ 14 November 2017 တွင် ပြန်စစ်ပြီး 
  10. امداد رسانی به مصدومان زلزله در سرپل‌ذهاب - اخبار تسنیم - Tasnim
  11. خبرگزاری تسنیم – Tasnim – امداد رسانی به مصدومان زلزله در سرپل‌ذهاب
  12. Northern Iraq rocked by 7.2 magnitude earthquakeAl Jazeera English။ 12 November 2017 တွင် ပြန်စစ်ပြီး။
  13. "Officials raise Iran-Iraq earthquake death toll to at least 530"၊ The Guardian။ 14 November 2017 တွင် ပြန်စစ်ပြီး 
  14. "Iraqi Red Crescent: Increasing the number of the dead to 10 people because of the earthquake and set up camps to shelter the affected families in Darbandikhan and Halapcha." (in English)၊ ReliefWeb၊ 2017-11-14။ 
  15. "Iran-Iraq quake is 2017's deadliest" (in en-GB)၊ BBC News၊ 13 November 2017။ 
  16. ၁၆.၀ ၁၆.၁ "Earthquake, Magnitude 7.3 – IRAN-IRAQ BORDER REGION – 2017 November 12, 18:18:17 UTC" (in en)၊ EMSC-CSEM 
  17. "Iran-Iraq border quake kills hundreds" (in en-GB)၊ BBC News၊ 13 November 2017။ 
  18. "More than 300 killed as strong quake rocks Iran-Iraq border" (in en)၊ The National 
  19. "Strong earthquake hits Iraq and Iran, killing at least 210"၊ 12 November 2017။ 12 November 2017 တွင် ပြန်စစ်ပြီး 
  20. Erdbrink၊ Thomas (November 13, 2017)။ Iran-Iraq Earthquake Kills More Than 450။ November 14, 2017 တွင် ပြန်စစ်ပြီး။
  21. Over 400 dead after Iran-Iraq earthquake (November 14, 2017)။ 14 November 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 17 November 2017 တွင် ပြန်စစ်ပြီး။
  22. ၂၂.၀ ၂၂.၁ "Powerful earthquake strike the Iraq-Iran border, at least 123 dead" (in en-US)၊ BNO News။ 17 November 2017 တွင် ပြန်စစ်ပြီး။ Archived from the original on 12 November 2017။ 
  23. "زلزله‌ در استان کرمانشاه باعث مرگ دهها نفر شده است" (in Persian)၊ BBC News၊ 12 November 2017။ 12 November 2017 တွင် ပြန်စစ်ပြီး 
  24. Iran-Iraq earthquake: What happened and whyAl Jazeera English (13 November 2017)။ 13 November 2017 တွင် ပြန်စစ်ပြီး။
  25. M7.3 IRAN-IRAQ BORDER REGION on November 12th 2017 at 18:18 UTC (in en)။ 14 November 2017 တွင် ပြန်စစ်ပြီး။
  26. The Powerful Earthquake Along the Iran-Iraq Border Has Killed More Than 400 People။ Time (13 November 2017)။ 13 November 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 14 November 2017 တွင် ပြန်စစ်ပြီး။
  27. ၂၇.၀ ၂၇.၁ "30,000 homes damaged, destroyed by Iran quake"၊ Gulf News၊ 14 November 2017။ 15 November 2017 တွင် ပြန်စစ်ပြီး 
  28. ၂၈.၀ ၂၈.၁ Iran-Iraq earthquake: What happened and why
  29. ၂၉.၀ ၂၉.၁ The Latest: Italy sends aid after Iran earthquake။ 14 November 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 17 November 2017 တွင် ပြန်စစ်ပြီး။