ရှင်အုန်းညို (မြန်မာ ၈၁၅-၈၅၅) သည် ရှင်မဟာသီလဝံသ၏ တပည့်ဖြစ်ပြီး ဂါထာခြောက်ဆယ်ပျို့ဖြင့် ထင်ရှားသည်။

ရှင်ဥတ္တမကျော်၊ ရှင်မဟာသီလဝံသနှင့် ရှင်ခေမာတို့ ကဲ့သို့ပင် သက္ကရာဇ် ၈၁၅ ခုနှစ်တွင် ဖွားမြင်၍ ဇာတိအားဖြင့် လည်း တောင်တွင်းကြီးမြို့ သတိုးထမ်းရွာသား (ယခုရွှေအိုးရရပ်) ဖြစ်သည်။

ရှင်အုန်းညို၏ ‌မွေးနေ့သည် ရှင်ဥတ္တမကျော်နှင့် ခုနှစ်၊ လ၊ ရက်တို့ အတူတူဖြစ်၍ ရှင်ဥတ္တမကျော်က သုံးလခန့်ကြီးသည်ဟု ဆိုကြသည်။ မွေးဖွားနေ့မူကား တနင်္ဂနွေနေ့တည်း။ ငယ်မည်​မောင်အံ့ကြီး ဖြစ်၏။

အချို့က ရှင်အုန်းညို၏မိဘများမှာ ဦးအေး၊ ဒေါ်ထွေး ဖြစ်သည်ဟုဆို၍ အချို့သုတေသီများကမူ မိဘအမည် အတိအကျ မသိရဟုဆိုသည်။ သို့ရာတွင် ရှင်အုန်းညိုကိုယ်တိုင်ရေးသော ဂါထာခြောက်ဆယ် ပျို့နိဂုံး၌မူ

ပုဂံမြင်စိုင်း၊ စစ်ကိုင်းပင်းယ၊ အင်းဝဟူသည်၊ ဘုံနန်းတည်က၊ ရဲစည်အမျိုး၊ တို့ဘေးဘိုးကား၊ မတ်ရိုးမင်းစည်၊ ကောင်းဆက်ရှည်၏ ဟု ပါရှိသောကြောင့် ရှင်အုန်းညို၏ဘေးဘိုးအစဉ်အဆက်သည် မှူးမျိုးမတ်မျိုး ဖြစ်ကြောင်းသိရသည်။ ရှင်အုန်းညို၏ငယ်မည်ကိုလည်း အချို့က မောင်အံ့ကြီး ဟုဆို၍ အချို့က မောင်အုန်းညိုဟုဆိုကြသည်။ ရှင်အုန်းညိုသည် နတ်မှီးလင်းဆရာတော်ထံတွင် စာပေသင်ကြား တတ်မြောက်ပြီးနောက် တောင်တွင်းမင်းငယ်ဇေယျကျော်ထင်က ပစ္စည်း​လေးပါး ဒါယကာအဖြစ်ခံယူကာ ကျောင်းတော်ဆောက်လုပ်၍ မဏိရတနာကျောင်းသမုတ်ကာ လှူဒါန်းခံရသောကြောင့် မဏိရတနာဆရာတော်ဟုလည်း ထင်ရှားသည်။ သို့ရာတွင် အချို့ကရှင်အုန်းညိုကိုလူဝတ်ကြောင် စာဆိုဟု အမှတ်အသားပြုကြသည်။ ကဝိလက္ခဏဒီပနီ ရတုချ ဖွယ်အဖွင့်၌ ရှင်မည်ရစာဆိုအမတ်များစာရင်းတွင် ရှင်အုန်းညို၊ ရှင်သူရဲ၊ ရှင်သံကိုယ်စသည်ဖြင့် ထည့်သွင်းဖော်ပြထားလေ သည်။ ဝေါဟာ ရတ္ထပကာသနီ တတိယတွဲ စာမျက်နှာ ၂ဝ၃ ၌လည်း ထောင်သင်း၊ သံကိုယ်၊ မိညို၊ အုန်းညို အာဒီဂီဟိ ပဏ္ဍိတေဟိစ ဟူ၍လည်းကောင်း ပါရှိလေသည်။ ၁၂၆၇ ခုနှစ် တွင် ပြုစုပြီးစီးသော ဆရာတော်ခင်ကြီးဖျော် အတ္ထုပ္ပတ္တိ စာမျက်နှာ ၂၊ ၃ တို့၌မူ ဒဒသက္ကရာဇ် ၈၃ဝ ပြည့်ဖွား ငယ်မည် ဦးညို၊ ရဟန်းမည် အရှင်မဟာသီလဝံသနှင့် ရှင်ဥတ္တမကျော် အရှင်အုန်းညို၊ အရှင်ခေမာ ဟူသော ရဟန်းတော်လေးပါး သည် ဟူ၍လည်းကောင်း၊ ဂါထာခြောက်ဆယ်ပျို့ အတ္ထုပ္ပတ္တိ စာတမ်း၌ တောင်တွင်းကြီးမြို့၊ ပေလေးပင် ရှင်လေးပါး၊ ရှေး သူဟောင်းစကားအရ ရှင်ဥတ္တမကျော်၊ ရှင်သီလဝံသ၊ ရှင်အုန်း ညို၊ ရှင်ခေမာ လေးဖြာသောမဟာထေရ်တို့တွင် ရှင်အုန်းညို မဟာထေရ်သူမြတ်သည် ဟူ၍လည်းကောင်း ပါရှိရာ ရှင်အုန်း ညိုသည် ရဟန်းစာဆိုဖြစ်သည် လူစာဆိုဖြစ်သည်ကို အယူအဆ အမျိုးမျိုး ကွဲပြားလျက်ရှိလေသည်။

ဂါထာခြောက်ဆယ်ပျို့

ပြင်ဆင်ရန်

ဤပျို့ကို ရွှေနန်းကြော့ရှင် လက်ထက်ရေးသည်။ သက္ကရာဇ် ၈၇၉-ခုနှစ်တွင် ကျမ်းပြီးသည်။ ထိုပျို့သည် ဗုဒ္ဓဝင် အဋ္ဌကထာနှင့် အပဒါန် အဋ္ဌကထာလာဂါထာ ၆၃-ပုဒ်ကို မြန်မာကဗျာ အလင်္ကာဆင်၍ ရေးဖွဲ့ခဲ့သည်။ ဗုဒ္ဓဝင် အဋ္ဌကထာအလိုဂါထာ ၆၄၊ အပဒါန် အဋ္ဌကထာအလို ၆၃-ပုဒ်ရှိသော်လည်း အနည်းငယ်ပိုသည်ကို ပမာဏမပြုဘဲ ဂါထာ ၆ဝ ဟုလည်း ခေါ်ဝေါ်သုံးစွဲ ကြသည်။ []

အချို့ကမူ ရှင်အုန်းညိုသည် ဂါထာခြောက်ဆယ်ပျို့ အပြင် ပါရာဇိကဏ် အဋ္ဌကထာနိသျ၊ ပါစိတျာဒိ အဋ္ဌကထာ နိသျ၊ အဋ္ဌသာလိနီ အဋ္ဌကထာနိသျ၊ ကင်္ခါဝိတရဏီ အဋ္ဌကထာ နိသျ၊ သင်္ခေပဋီကာနိသျ၊ ဋီကာကျော် နိသျ၊ ပဉ္စပကြိုဏ် အဋ္ဌကထာ နိသျ၊ သမ္မောဟ ဝိနောဒနီ အဋ္ဌကထာနိသျတို့ကိုလည်း ပြုစုခဲ့ သည်ဟု ဆိုသည်။

ဂါထာခြောက်ဆယ်ပျို့ တစ်စောင်တည်းနှင့်ပင် ရှင် အုန်းညိုသည် စာပေလောက၌ ထင်ရှားခဲ့သည်။ ယင်းပျို့ကို ရွှေနန်းကြော့ရှင်ဘုရင်လက်ထက် သက္ကရာဇ် ၈၇၉ ခုနှစ် ကဆုန်လပြည့် သောကြာနေ့တွင် ပြုစုရေးသားပြီးစီးသည်။ ဂါထာခြောက်ဆယ်ပျို့ကို ရေးသားရာ၌ မြတ်စွာဘုရားသခင်အား ရာဇဂြိုဟ်ပြည်မှ ကပိလဝတ်ပြည်သို့ ကြွမြန်းတော်မူပါမည့် အကြောင်းနှင့် တပေါင်းလရာသီ၏ သာယာပုံ၊ သစ်သီးပန်းမန် တို့၏ နှစ်သက်ဖွယ်တင့်တယ်ပုံတို့ကို ကာဠုဒါယီထေရ်က ချီးကျူးလျှောက်ထားအပ်သော ဂါထာတို့ကို မှီငြမ်းပြုထားလေ သည်။ ထိုဂါထာတို့၏ အရေအတွက်မှာ ဗုဒ္ဓဝင်အဋ္ဌကထာတွင် ၆၄ ဂါထာလာရှိလျက် အပဒါန်အဋ္ဌကထာ၌မူကား ၆၃ ဂါထာ လာရှိသည်။ ယင်းအဋ္ဌကထာ နှစ်ကျမ်းအနက် ရှင်အုန်းညိုသည် အပဒါန်အဋ္ဌကထာ၌လာရှိသော ဂါထာများကိုသာ မှီငြမ်းပြု သည်ဟု ပညာရှိများကယူဆကြသည်။ အရေအတွက် ခြောက် ဆယ်ထက် အနည်းငယ်စွန်းကယ်နေသော ဂါထာပုဒ်ရေများကို ပမာဏမပြုဘဲ ဂါထာခြောက်ဆယ်ဟုသာ အလွယ်တကူမှည့်ခေါ် ခြင်းဖြစ်သည်။[]

ပျံလွန်ခြင်း

ပြင်ဆင်ရန်

ရှင်အုန်းညိုသည် သက္ကရာဇ် ၈၅၅ ခုနှစ် သက်​တော်(၄၀)၊ ဝါ​တော်(၂၀) တွင် ပျံလွန်​တော်မူသည်။

ကျမ်းကိုး

ပြင်ဆင်ရန်
  1. ဦးဖေမောင်တင် ရေး ရှေးဟောင်း မြန်မာစာပေ သမိုင်း
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၅)