ဗိုလ်ချုပ်အုန်းသွင် (၁၉၇၀ — ၂၄ စက်တင်ဘာ ၂၀၂၂) သည် အငြိမ်းစား တပ်မတော်အရာရှိနှင့် သံအမတ်ဟောင်း တစ်ဦး ဖြစ်သည်။ တပ်မတော်မှ အငြိမ်းစားယူပြီးနောက် သူသည် သီရိလင်္ကာဘင်္ဂလားဒေ့ရှ်မော်လဒိုက်နှင့် တောင်အာဖရိကနိုင်ငံများတွင် မြန်မာနိုင်ငံဆိုင်ရာ သံအမတ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ သူသည် မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့၏ ဦးဆောင်အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်သည်။[၁] ဦးအုန်းသွင်သည် စစ်တက္ကသိုလ် အပတ်စဉ် ၁၅ သင်တန်းဆင်း ဖြစ်သည်။[၂] ဦးအုန်းသွင်သည် ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၏ ဆရာ ဖြစ်သည်ဟုလည်း ဆိုကြသည်။[၃]

၂၀၂၂ ခုနှစ် စက်တင်ဘာလ ၂၄ ရက်နေ့တွင် ရန်ကုန်ရှိ မြို့ပြပျောက်ကျားအဖွဲ့တစ်ခုက ဦးအုန်းသွင်နှင့် သားမက်ဖြစ်သူ တပ်မတော်အရာရှိဟောင်း ရဲတေဇတို့အား ပစ်ခတ်လုပ်ကြံခဲ့ရာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း တော်လှန်ရေးအဖွဲ့များက လုပ်ကြံနိုင်ခဲ့သည့် စစ်ဖက်ဆိုင်ရာ ရာထူးအမြင့်ဆုံးပုဂ္ဂိုလ် ဖြစ်လာခဲ့သည်။ သူသည် အာဏာသိမ်းမှုကို ဆန့်ကျင်သူများအား သတ်ဖြတ်ရန် တိုက်တွန်းခြင်း၊ စစ်ကောင်စီအား ထောက်ခံခြင်းများ ပြုလုပ်ခဲ့သည်ဟု စွပ်စွဲခံခဲ့ရသည်။[၄][၅] ဦးအုန်းသွင် သေဆုံးမှုအတွက် စစ်ကောင်စီက လူဆယ်ဦးအား ဖမ်းဆီးထားကြောင်း အောက်တိုဘာလတွင် ကြေညာခဲ့သည်။[၆] ဦးအုန်းသွင် သေဆုံးမှုနှင့် ပတ်သက်၍ စစ်မှုထမ်းဟောင်းများအား ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်ခြင်းဖြစ်ကြောင်း စစ်ကောင်စီက ရှုတ်ချခဲ့သည်။[၇]

ကိုးကား ပြင်ဆင်ရန်

  1. Irrawaddy၊ The (2022-09-27)။ Retired Myanmar Brigadier General Shot Dead by Yangon Resistance Group (in en-US)။ 2023-01-21 တွင် ပြန်စစ်ပြီး။
  2. Irrawaddy၊ The (2022-12-27)။ Myanmar Regime Leaders and Senior USDP Figures Hold Yangon Reunion (in en-US)။ 2023-01-21 တွင် ပြန်စစ်ပြီး။
  3. At least 5 former military officers killed by Myanmar armed opposition since November (in en)။ 2023-01-21 တွင် ပြန်စစ်ပြီး။
  4. Beyond the Headlines: Karen resistance alliance overruns Myanmar army base, urban guerrilla forces strike Yangon junta targets (in en)။ 2023-01-21 တွင် ပြန်စစ်ပြီး။
  5. သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရသည့် ဗိုလ်ချုပ်အုန်းသွင်(ငြိမ်း) ၏ နေအိမ်ပတ်ဝန်းကျင် မြင်ကွင်း (in my)။ 2023-01-21 တွင် ပြန်စစ်ပြီး။
  6. Myanmar junta claims to have captured guerrilla assassins of retired army officer (in en)။ 2023-01-21 တွင် ပြန်စစ်ပြီး။
  7. အငြိမ်းစားဗိုလ်ချုပ်အုန်းသွင်ကို လုပ်ကြံမှုအပေါ် စစ်ကောင်စီရှုတ်ချ (in my)။ 2023-01-21 တွင် ပြန်စစ်ပြီး။