အောက်စဖို့ဒ် သမဂ္ဂ အဖွဲ့အစည်း (အင်္ဂလိပ်: Oxford Union Society; /အော့ခ်စ်ဖှာ့(ဒ်)/ ) သည် စကားရည်လုပွဲများကို ကျင်းပသည့် အဖွဲ့အစည်းဖြစ်၍ သာမန်အားဖြင့် "အောက်စဖို့ဒ် ယူနီယံ" အဖြစ်အသိများကာ အင်္ဂလန်နိုင်ငံ၊ အောက်စဖို့ဒ်မြို့တွင် အခြေစိုက်သည်။ မူလက အောက်စဖို့ဒ်တက္ကသိုလ်၏ အဖွဲ့ဝင်ဖြစ်ခဲ့သည်။ ၁၈၂၃ တွင်တည်ထောင်ခဲ့ပြီး ဗြိတိန်၏ သက်တမ်းအရင့်ဆုံး ကျောင်းသားသမဂ္ဂတစ်ခုဖြစ်သည့်အပြင် ကမ္ဘာ့ဂုဏ်သိက္ခာအရှိဆုံး ပုဂ္ဂလိကကျောင်းသားများ၏ အဖွဲ့အစည်းများထဲက တစ်ခုလည်းဖြစ်ပေသည်။[၁] ဤသမဂ္ဂသည် တက္ကသိုလ်နှင့် တသီးတခြားဖြစ်၍ အောက်စဖို့ဒ်တက္ကသိုလ် ကျောင်းသားများသမဂ္ဂနှင့်လည်း မတူပေ။

အောက်စဖို့ဒ် သမဂ္ဂ
The Oxford Union Society's badge
ဖွဲ့စည်းခြင်း1823
အမျိုးအစားကျောင်းသူ/သားဆိုင်ရာ စကားရည်လုပွဲ သမဂ္ဂ
ဌာနချုပ်အင်္ဂလန်၊ အောက်စဖို့ဒ်မြို့
တည်နေရာ
  • Frewin Court, Oxford, OX1 3JB
သဘာပတိ
Chengkai Xie, Brasenose College, Oxford
နှီးနွယ်အဖွဲ့အစည်းWorld Universities Debating Council
ဝက်ဘ်ဆိုဒ်oxford-union.org

အောက်စဖို့ဒ်သမဂ္ဂသည် ကမ္ဘာပေါ်၌ ကျော်ကြားထင်ရှားသော နိုင်ငံရေးသမားများ၊ တက္ကသိုလ်ပညာရှင်များ၊ အနုပညာရှင်များစသည်တို့ကို ဖိတ်ကြား၍ တင်ဆက်ခြင်းများလည်းရှိရာ အမေရိကန်ပြည်ထောင်စု သမ္မတ ရော်နယ် ရေဂင်ဂျင်မီ ကာတာရစ်ချဒ် နစ်ခ်ဆန်ဘီလ် ကလင်တန်၊ ဗြိတိသျှဝန်ကြီးချုပ်များဖြစ်သည့် ဝင်စတန် ချာချီမာဂရက် သက်ချာ၊ ဂျွန် မေဂျာ၊ ဒေးဗစ် ကင်မရွန်ထရီဇာ မေ၊ ပါကစ္စတန်ဝန်ကြီးချုပ် အင်မရန် ခန်း၊ တက်ကြွလှုပ်ရှားသူ မာလ်ကမ် အက်ခ်စ် (Malcolm X) စသည့် နိုင်ငံရေးနယ်ပယ်မှသူများပါဝင်သကဲ့သို့ ၁၄ ဦးမြောက် ဒလိုင်းလားမားမာသာ ထရီဆာ ကဲ့သို့သော ဘာသာရေးခေါင်းဆောင်များလည်း ပါဝင်သည့်အပြင် တက္ကသိုလ်ပညာရှင် ဂျော်ဒန် ပီတာဆန်၊ မော်ဂန် ဖရီးမန်း၊ အလက်ခ် ဘော့လ်ဒ်ဝင်၊ မာ့ခ် ဟာမီလ် စသည့်ရုပ်ရှင်သရုပ်ဆောင်များ၊ အယ်လ်တန် ဂျွန်မိုက်ကယ် ဂျက်ဆင် စသည့် အဆိုတော်များ၊ ဘောလုံးသမား ဒီယဲဂို မာရာဒိုနာ၊ လက်ဝှေ့အကျော် မန်နီ ပါ့ခ်ယောင်း တို့လည်ပါဝင်သည်။

ကိုးကား ပြင်ဆင်ရန်

  1. Burns, John F. "Oxford Union girds for far-right debate Protesters vow 'anti- fascist' rally", International Herald Tribune, 27 November 2007. Retrieved 20 January 2009.