၂၀၁၁ : ဇန်နဝါရီ • ဖေဖော်ဝါရီ • မတ် • ဧပြီ • မေ • ဇွန် • ဇူလိုင် • ဩဂုတ် • စက်တင်ဘာ • အောက်တိုဘာ • နိုဝင်ဘာ • ဒီဇင်ဘာ

(၁) ရက်။ ပြင်ဆင်ရန်

  • ကုလသမဂ္ဂက ထုတ်ပြန် ချက်အရ ကမ္ဘာ့ လူဦးရေ ၇ ဘီလီယံ (သန်း ၇ ထောင်) အထိ ရှိပြီဟု ဆိုသည်။
  • မြစ်ဆုံဆည် တည်ဆောက်မှု စီမံကိန်း ရပ်တန့်ခဲ့မှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံတွင် လာရောက် လုပ်ကိုင်နေသော တရုတ်ကုမ္ပဏီများ၏ အကျိုးစီးပွားကို ကာကွယ် စောင့်ရှောက် ပေးရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ မြန်မာနိုင်ငံအား ပြောကြားသည်။ [၁][၂]
  • ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နှင့် 'ဝ'အထူးဒေသ (၂) ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့တို့ ပထမအကြိမ် ငြိမ်းချမ်းရေးကိစ္စများ ညှိုနှိုင်းဆွေးနွေး။ 'ဝ' အထူးဒေသ (၂) သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၏ အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း၊ ပြည်ထောင်စုမှ ခွဲထွက်မည် မဟုတ်ကြောင်း၊ တိုင်းပြည်ပြိုကွဲအောင် မည်သည့်အခါမျှ ပြုလုပ်လိမ့်မည် မဟုတ်ကြောင်းနှင့် ပြည်တွင်းငြိမ်းချမ်းရေးကို ရေရှည်ဆက်လက်ထိန်းသိမ်း၍ နယ်စပ်ဒေသတည်ငြိမ်းအေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို နိုင်ငံတော်အစိုးရနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဖွဲ့ခေါင်းဆောင် ဦးရှောက်မိန်လင့် က ပြောကြားခဲ့။[၃]

(၃)ရက် ပြင်ဆင်ရန်

  • အစိုးရသစ် လက်ထက်တွင် ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တတိယအကြိမ်တွေ့ဆုံ လွတ်ငြိမ်းချမ်းသာခွင့် အပါအဝင် အကြောင်းအရာ လေးရပ်အား ဆွေးနွေးခဲ့ကြောင်းသိရ။ [၄]

(၄)ရက်။ ပြင်ဆင်ရန်

(၅)ရက်။ ပြင်ဆင်ရန်

  • ပန်းသီးကုမ္ပဏီ (Apple Inc.) တည်ထောင်သူ စတိဗ် ဂျော့ချ် ကွယ်လွန်သည်။ [၇]
  • အစ္စရေး သိပ္ပံပညာရှင် ဒင်နီယယ် ရှစ်ချ်မင်း (Daniel Shechtman) သည် ကွာစီပုံဆောင်ခဲများ ကို ရှာဖွေတွေ့ရှိခဲ့မှုအတွက် ၂၀၁၁ ခုနှစ် အတွက် ဓာတုဗေဒဆိုင်ရာ နိုဘယ်ဆုကို ရရှိသွားသည်။ (AP via The Star) [၈]

(၆)ရက်။ ပြင်ဆင်ရန်

  • ဆွီဒင်လူမျိုး ကဗျာဆရာ ထောမတ်စ် ထရန်စထရောမား သည် ၂၀၁၁ ခုနှစ်အတွက် စာပေဆိုင်ရာ နိုဘယ်ဆု ကို ရရှိသွားသည်။ (Nobel Foundation) [၉]

(၇)ရက်။ ပြင်ဆင်ရန်

  • လိုင်ဘေးရီးယား သမ္မတ အယ်လင် ဂျွန်ဆင် ဆာလိဖ် (Ellen Johnson-Sirleaf)၊ လိုင်ဘေးရီးယား တက်ကြွလှုပ်ရှားသူ လေမာ ဂဘော့ဝီး (Leymah Gbowee) နှင့် ယီမင်အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူ တဝါ့ကူလ် ကာမန် တို့သည် ၂၀၁၁ခုနှစ်အတွက် နိုဘယ်ငြိမ်းချမ်းရေးဆု ကို ပူးတွဲဆွတ်ခူးရရှိသွားကြသည်။ (AFP via Google News) [၁၀]

(၁၁)ရက်။ ပြင်ဆင်ရန်

  • ဟားမားစ်တို့၏ ၅ နှစ်ကျော်ကြာ ဖမ်းဆီးခံထားရသော အစ္စရေး စစ်သား ဂျီလတ် ရှလစ် အား ပြန်လည် ရယူနိုင်ရန်အတွက် အစ္စရေးအကျဉ်းထောင်များတွင် ဖမ်းဆီးအကျဉ်းချထားသော ပါလက်စတိုင်း အကျဉ်းသား တစ်ထောင်ကျော် နှင့် အလဲအလှယ် ပြုလုပ်ရန် အစ္စရေး ကက်ဘိနက် မှ သဘောတူ ခွင့်ပြုလိုက်သည်။ (Xinhuanet) [၁၁]
  • ရုရှားနိုင်ငံ နှင့် ဓာတ်ငွေ့ အရောင်းအဝယ် ပြုလုပ်ရာတွင် အာဏာအလွဲသုံးစားမှု အတွက် ယူကရိန်း ဝန်ကြီးချုပ်ဟောင်း ယူလီယာ တိုင်မိုရှင်ကို (Yulia Tymoshenko) တရားရုံးမှ ထောင်ဒဏ် (၇) နှစ်ချမှတ်လိုက်သည်။ (BBC) [၁၂]
  • တရုတ်နိုင်ငံသား သင်္ဘောသား (၁၂)ဦး၏ ရုပ်အလောင်းများကို မဲခေါင်မြစ်အတွင်း မျောပါလာသော သင်္ဘောပေါ်မှ ထိုင်းလုံခြုံရေးများက တွေ့ရှိသည်။ (Xinhua) [၁၃]

(၁၂) ရက်။ ပြင်ဆင်ရန်

  • နိုင်ငံတော်သမ္မတရုံးက အမိန့်အမှတ် ၄၉/၂၀၁၁ အရ အကျဉ်းထောင်အသီးသီးရှိ အကျဉ်းသား (၆၃၅၉)ဦး လွတ်ငြိမ်းချမ်းသာခွင့်ပြု၊ မြစ်ကြီးနား အကျဉ်းထောင်မှ ဇာဂနာ ပြန်လည်လွတ်လာ။
  • အလုပ်သမား အဖွဲ့အစည်း ဥပဒေအား ပြဋ္ဌာန်းသည်။
  • နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်ဇနီးဒေါ်ခင်ခင်ဝင်းသည် အိန္ဒိယသမ္မတ၏ ဖိတ်ကြားချက်အရ အိန္ဒိယနိုင်ငံသို့ ပထမဆုံးအကြိမ် ချစ်ကြည်ရေးခရီးထွက်ခွာ။

(၁၃)ရက်။ ပြင်ဆင်ရန်

  • ဘူတန်ဘုရင် ဂျစ်မီ ခီဆာ နမ်ဂျယ်လ် ဝမ်ချပ်ခ် (Jigme Khesar Namgyal Wangchuck) သည် အသက် ၂၁-နှစ်အရွယ်ရှိ ကောလိပ်ကျောင်းသူလေး ဂျစ်ဆွန် ပီမာ (Jetsun Pema) နှင့် လက်ထပ်သည်။ (AP via MSNBC) [၁၄]
  • မဲခေါင်မြစ်ရေကြီးမှုကြောင့် ဗီယက်နမ်နိုင်ငံတွင် လူပေါင်း ၄၃ ယောက် သေဆုံးပြီး လူဦးရေ ၇ သောင်းကျော် အိုးအိမ်မဲ့ ဖြစ်ခဲ့ရသည်။ [၁၅]

(၁၄) ရက်။ ပြင်ဆင်ရန်

  • ပြေတီဦးနှင့် အိန္ဒြာကျော်ဇင်တို့၏ သမီးဦးရတနာလေးကို ဝိတိုရိယအထွေထွေ ရောဂါကုဆေးရုံကြီးတွင် မွေးဖွားခဲ့သည်။

(၁၆)ရက်။ ပြင်ဆင်ရန်

  • အသက် (၁၀၀)နှစ် ရှိပြီဖြစ်သော ဗြိတိသျှနိုင်ငံသား အိန္ဒိယလူမျိုး ဖော်ဂျာဆင်း (Fauja Singh) အား ဂင်းနစ်စ် စံချိန်မှတ်တမ်းအဖွဲ့မှ မာရသွန်အပြေးပြိုင်ပွဲကို ပြီးဆုံးအောင် ပြေးသော အသက်အကြီးဆုံး အပြေးသမား အဖြစ် မှတ်တမ်းတင်လိုက်သည်။ (The Tribune) [၁၆]

(၁၈)ရက်။ ပြင်ဆင်ရန်

  • အစ္စရေး နှင့် ပါလက်စတိုင်းတို့ အကျဉ်းသားလဲလှယ်ရေး အစီအစဉ် ပထမအဆင့်အရ ၁၀၂၇ အနက်အချို့ကို စတင်လဲလှယ်ပေးနေပြီ ဖြစ်သည်။ ယင်းတို့အနက် ၂၈၀ ကျော်မှာ သေဒဏ် ချမှတ်ခံထားရသူများ ဖြစ်သည်။ [၁၇]

(၁၉)ရက်။ ပြင်ဆင်ရန်

  • တောင်ကိုရီးယား သမ္မတ လီမြောင်ဘတ် နှင့် ဂျပန် ဝန်ကြီးချပ်သစ် ယိုရှီဟီကို နိုဒါ တို့ ဆိုးလ်မြို့ တွင် တွေ့ဆုံသည်။ [၁၈]

(၂၀) ရက်။ ပြင်ဆင်ရန်

  • လစ်ဗျားခေါင်းဆောင် မိုမာ ကဒါဖီ (Moammar Gadhafi) သေဆုံး။

(၂၁)ရက်။ ပြင်ဆင်ရန်

  • ဂျပန်နိုင်ငံ ဆန်ဒိုင်းငလျင် နှင့် ဆူနာမီ ပြန်လည်ထူထောင်ရေးအတွက် အစိုးရမှ အမေရိကန်ဒေါ်လာ ၁၅၇ ဘီလီယံ ခွင့်ပြလိုက်သည်။ [၁၉]
  • အမေရိကန် သမ္မတ အိုဘားမား က ၂၀၁၁ ခုနှစ်အကုန်တွင် အီရတ်နိုင်ငံမှ အမေရိကန်တပ်ဖွဲ့ဝင်အားလုံး အပြီးအစီး ရုပ်သိမ်းမည်ဟု ကြေညာသည်။ [၂၀]

(၂၂) ရက်။ ပြင်ဆင်ရန်

  • ကဗျာဆရာ ကြည်မောင်သန်းကွယ်လွန်။
  • ဆော်ဒီအာရေဗျနိုင်ငံ အိမ်ရှေ့မင်းသား ဘင် အဗ္ဗဒူလာ အယ်လ်ဆော့ သေဆုံးသည်။ [၂၁]

(၂၃) ရက်။ ပြင်ဆင်ရန်

  • တူရကီနိုင်ငံအရှေ့ပိုင်း၊ ဗန်းမြို့အနီးတွင် ပြင်းအား ၇ ဒသမ ၂ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့၊ [၂၂]
  • တူနီးရှား၊ ဘူလ်ဂေးရီးယား၊ အာဂျင်တီးနား နှင့် ဆွစ်ဇာလန် တို့တွင် ရွေးကောက်ပွဲများကျင်းပသည်။

(၂၆)ရက်။ ပြင်ဆင်ရန်

  • ဂျပန်လေကြောင်းလိုင်း All Nippon Airways မှ ဘိုးအင်း-၇၈၇ လေယာဉ်များကို ပထမဆုံး အသုံးပြု၍ တိုကျိုမြို့ နှင့် ဟောင်ကောင်မြို့ကြား ခရီးသည်တင်ပြေးဆွဲ။ [၂၃]

(၂၇)ရက်။ ပြင်ဆင်ရန်

  • လစ်ဗျားနိုင်ငံ လေယာဉ်မပျံသန်းရဇုန် သတ်မှတ်ထားချက်ကို အောက်တိုဘာလ (၃၁)ရက်နေ့တွင် ပယ်ဖျက်မည် ဖြစ်ကြောင်း ကုလသမဂ္ဂလုံခြုံရေးကောင်စီမှ ကြေညာသည်။ [၂၄]
  • ဗန်းငလျင်ကြောင့် သေဆုံးသူ ၅၂၃ ယောက် ရှိပြီ ဖြစ်သည်။ [၂၅]
  • အိုင်ယာလန်နိုင်ငံတွင် ရွေးကောက်ပွဲများ ကျင်းပသည်။ [၂၆]

(၂၈)ရက်။ ပြင်ဆင်ရန်

  • ထိုင်းတပ်မတော်မှ စစ်သား (၉) ယောက်အား မဲခေါင်မြစ်တွင်း တရုတ်သင်္ဘောသားများ အသတ်ခံမှု အတွက် ထိုင်းရဲတပ်ဖွဲ့မှ ဖမ်းဆီးလိုက်သည်။ [၂၇]

(၃၀)ရက်။ ပြင်ဆင်ရန်

  • ကိုလံဘီယာ၊ ဘူလ်ဂေးရီးယားနှင့် ကာဇက်စတန်နိုင်ငံတို့တွင် ရွေးကောက်ပွဲများ ကျင်းပသည်။

(၃၁)ရက်။ ပြင်ဆင်ရန်

  • ယူနက်စကိုအဖွဲ့ သည် ပါလက်စတိုင်းနိုင်ငံအား ကုလသမဂ္ဂ တင်းပြည့် အဖွဲ့ဝင်နိုင်ငံအဖြစ်အသိအမှတ် ပြုရေးကိစ္စတွင် ထောက်ခံသော ပထမဆုံး အဖွဲ့အစည်း ဖြစ်လာသည်။ ယင်းသို့ထောက်ခံမှုအတွက် အမေရိကန်မှ အချိုးကျထည့်ဝင်ငွေများကို ရုပ်သိမ်းသည်။ [၂၈]
  • ကုလသမဂ္ဂ လူဦးရေ ဌာနခွဲမှ ကမ္ဘာ့လူဦးရေ သန်းပေါင်း ၇၀၀၀ ပြည့်ခဲ့ပြီ ဖြစ်ကြောင်း ကြေညာသည်။ [၂၉]

ကိုးကား ပြင်ဆင်ရန်

  1. China calls for talks over shelved Myanmar dam | Reuters။ 7 December 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 22 November 2011 တွင် ပြန်စစ်ပြီး။
  2. Ministry of Foreign Affairs of the People's Republic of China
  3. Home - Eleven Media Group
  4. Home - Eleven Media Group
  5. China and Russia veto UN sanctions on Syria | News | Al Jazeera
  6. Nobel Prize in Physics – live blog | Science | theguardian.com
  7. မော်ကွန်းတင်ပြီးမိတ္တူ။ 7 October 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 22 November 2011 တွင် ပြန်စစ်ပြီး။
  8. http://www.thestar.com/news/world/article/1064815--israeli-scientist-wins-nobel-in-chemistry-for-discovery-of-quasicrystals?bn=1
  9. The Nobel Prize in Literature 2011 - Press Release
  10. http://www.google.com/hostednews/afp/article/ALeqM5gFaNuaD_gbWNTkSQclEQ-gBLV0CQ?docId=CNG.d582ad27d24eac3e195c90f1d6b69e00.221[လင့်ခ်သေ]
  11. http://news.xinhuanet.com/english2010/world/2011-10/12/c_131185670.htm
  12. Ukraine ex-PM Yulia Tymoshenko jailed over gas deal - BBC News
  13. http://news.xinhuanet.com/english2010/china/2011-10/11/c_131185545.htm
  14. MSN International Edition - World news, Africa news, Asia News, Europe News[လင့်ခ်သေ]
  15. http://www.washingtonpost.com/world/asia-pacific/death-toll-jumps-to-43-in-vietnams-worst-seasonal-floods-in-a-decade/2011/10/12/gIQAtALUgL_story.html[လင့်ခ်သေ]
  16. The Tribune, Chandigarh, India - Main News
  17. After 5 years in captivity, Shalit is back home - CNN
  18. (LEAD) Lee: S. Korea, Japan should move forward 'without forgetting history' | YONHAP NEWS
  19. Removed: news agency feed article | Info | The Guardian
  20. Obama announces end of Iraq war, troops to return home by year end - CBS News။ 24 November 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 22 November 2011 တွင် ပြန်စစ်ပြီး။
  21. Heir to the Saudi throne dies - CNN
  22. မော်ကွန်းတင်ပြီးမိတ္တူ။ 25 October 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 22 November 2011 တွင် ပြန်စစ်ပြီး။
  23. Boeing's Dreamliner set for maiden commercial flight - BBC News
  24. UN Security Council votes to end Libya operations - BBC News
  25. http://www.seattlepi.com/news/article/Turkey-quake-death-toll-rises-to-523-2238518.php[လင့်ခ်သေ]
  26. Irish Presidential Election Offers Signs of Reconciliation - The New York Times
  27. http://news.xinhuanet.com/english2010/world/2011-10/28/c_122211356.htm
  28. U.S. cuts UNESCO funding after Palestinian vote - CBS News။ 4 December 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 22 November 2011 တွင် ပြန်စစ်ပြီး။
  29. World population hits 7 billion on Oct. 31, or thereabouts - latimes