ဒီဇင်ဘာ ၂၀၁၁
(၁) ရက်
ပြင်ဆင်ရန်- ပြည်ထောင်စု သမ္မ မြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန် နှင့် အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီး မစ္စစ် ဟီလာရီ ကလင်တန် တို့ နေပြည်တော်တွင်တွေ့ဆုံ။[၁]
- အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီး မစ္စစ် ဟီလာရီ ကလင်တန်သည် ပြည်ထောင်စုလွှတ်တော် နာယက ဦးခင်အောင်မြင့်၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် တို့နှင့် သီးခြားစီ တွေ့ဆုံခဲ့။
- နိုဝင်ဘာလ (၃၀)ရက်နေ့ ရက်စွဲဖြင့် အသေးစားငွေရေးကြေးရေးဥပဒေ ပြဋ္ဌာန်း။ [၁]
- အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီး မစ္စစ် ဟီလာရီ ကလင်တန် နေပြည်တော် သင်္ဂဟဟိုတယ်၌ သတင်းစာရှင်းလင်းပွဲ ကျင်းပသည်။ ရန်ကုန်မြို့ သို့ ညနေ ၅နာရီ ၅မိနစ်တွင် ရောက်ရှိခဲ့သည်။ [၁]
- ဘယ်လာရုစ် သမ္မတနိုင်ငံ ဝန်ကြီးချုပ် ဒေါက်တာ မီခေးလ် ဗွီ မီယာစညီကိုဗစ်ချ် နှင့် ဇနီး ချစ်ကြည်ရေး ခရီးစဉ်အဖြစ် နေပြည်တော်သို့ ရောက်ရှိ။ [၁]
(၂) ရက်
ပြင်ဆင်ရန်- နိုင်ငံတော်သမ္မတ ဦးသိန်းစိန် နှင့် ဘယ်လာရုစ်ဝန်ကြီးချုပ် ဒေါက်တာ မီခေးလ် ဗွီ မီယာစညီကိုဗစ်ချ်တို့ တွေ့ဆုံဆွေးနွေး။ [၂]
- အမှတ်(၁)စက်မှုဝန်ကြီးဌာန နှင့် အမှတ်(၂)စက်မှုဝန်ကြီးဌာန တို့ကို စက်မှုဝန်ကြီးဌာန အဖြစ် ပြင်ဆင်ဖွဲ့စည်းကြောင်း အမိန့်ထုတ်ပြန်။ [၂]
- ဘယ်လာရုစ် ဝန်ကြီးချုပ် ဒေါက်တာ မီခေးလ် မီယာစညီကိုဗစ်ချ် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်တို့နှင့် သီးခြားစီတွေ့ဆုံ။ [၂]
- တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော် အဆင့်မြင့် ချစ်ကြည်ရေးအဖွဲ့ တရုတ်နိုင်ငံ မှ ပြန်လည်ရောက်ရှိ။ [၂]
- ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပြဋ္ဌာန်း။ [၂]
- ကိုယ်ပိုင်ကျောင်းမှတ်ပုံတင်ဥပဒေ ပြဋ္ဌာန်း။ [၃]
- အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီး မစ္စစ် ဟီလာရီ ကလင်တန် မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာ။ [၂]
(၃) ရက်
ပြင်ဆင်ရန်- မြန်မာနိုင်ငံနှင့် ဘယ်လာရုစ်နိုင်ငံ စီးပွားရေးဖိုရမ် ကျင်းပ။ ဘယ်လာရုစ်သမ္မတနိုင်ငံ ဝန်ကြီးချုပ် ဒေါက်တာ မီခေးလ် ဗွီ မီယာစညီကိုဗစ်ချ် နှင့် ဒုတိယသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး တို့ တက်ရောက်။ [၃]
- ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နှင့် ဘယ်လာရုစ် သမ္မတနိုင်ငံ တို့အကြား ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး တည်ထောင်ခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး။ [၃]
(၄) ရက်
ပြင်ဆင်ရန်(၅) ရက်
ပြင်ဆင်ရန်- ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံမှ ထိုင်းနိုင်ငံ ဘုရင်မင်းမြတ် ဘူမိဗလအတုလျတေဇ ၏ (၈၄)နှစ်ပြည့် မွေးနေ့အတွက် ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့။ [၄]
- ဘင်္ဂလားဒေ့ရှ် ပြည်သူ့သမ္မတနိုင်ငံ ဝန်ကြီးချုပ် ရှိတ်ဟာဆီနာ ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ နေပြည်တော်သို့ ရောက်ရှိ။ [၅]
(၆) ရက်
ပြင်ဆင်ရန်(၇) ရက်
ပြင်ဆင်ရန်(၈) ရက်
ပြင်ဆင်ရန်(၉) ရက်
ပြင်ဆင်ရန်(၁၀) ရက်
ပြင်ဆင်ရန်(၁၁) ရက်
ပြင်ဆင်ရန်- အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပါတီသင်္ကေတ အမှတ်အသားကို ခမောက်တံဆိပ်မှသည် ‘ခွပ်ဒေါင်း-ကြယ်’အဖြစ် ပြောင်းလဲကြောင်း တရားဝင် ကြေညာ။[၇]
- စာရေးဆရာမကြီး စောမုံညင်း လူကြီးရောဂါဖြင့် ကွယ်လွန်သည်။
(၁၂) ရက်
ပြင်ဆင်ရန်- ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အား နိုင်ငံရေးပါတီ တည်ထောင်ခွင့်ပြု။