အောက်ထုံးရွာ၊ အောက်ထုံး
အောက်ထုံး | |
---|---|
အောက်ထုံး တည်နေရာ၊ မြန်မာ။ | |
ကိုဩဒိနိတ်: 16°47′45″N 95°28′40″E / 16.79585°N 95.47791°E | |
နိုင်ငံ | မြန်မာ |
တိုင်းဒေသကြီး | ဧရာဝတီတိုင်းဒေသကြီး |
ခရိုင် | မအူပင်ခရိုင် |
မြို့နယ် | မအူပင်မြို့နယ် |
ကျေးရွာအုပ်စု | အောက်ထုံး[၁] |
အောက်ထုံးကျေးရွာ Auk Htone Village
ပြင်ဆင်ရန်အောက်ထုံးကျေးရွာသည် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်အတွင်းရှိ အုပ်စုရွာဖြစ်သည်။ လယ်ယာလုပ်ငန်း၊ ငါးဖမ်းလုပ်ငန်း၊ တောင်းပလုံးရက်သည့်လုပ်ငန်းနှင့် အရောင်းအဝယ်လုပ်ငန်းကို လုပ်ကိုင်ရင်း အသက်မွေးကြသောရွာဖြစ်သည်။
အောက်ထုံးရွာသည် ကမ်းပါးပြိုကျမှုကို နှစ်ပေါင်းများစွာခံလာရခဲ့သောရွာဖြစ်သည်။ ကမ်းပါးတိုက်စားမှုကြောင့် နေအိမ်များကို ၃နှစ်တစ်ခါ၊၅နှစ်တခါ ဆိုသလို ပြောင်းရွှေ့ကြရသည်။
အောက်ထုံးရွာ၏အရှေ့ဘက်တွင် အေးကုန်းစုရွာ၊ အနောက်ဘက်တွင် ဗားမနီးရွာ၊ အရှေ့မြောက်ဘက်တွင် မရမ်းကုန်းရွာ၊ တောင်ဘက်တွင် သစ်တောရွာတို့ရှိကြသည်။
ရွာ၏အနောက်မြောက်ဘက်တွင် ဧရာ၀တီမြစ်သည် စီးဆင်းလျက်ရှိပြီး မြစ်၏တဖက်တွင် ပန်းတနော်ပိုင် ရွှေဒင်္ဂါးကျွန်းရွာတည်ရှိသည်။
ရွာသည် လမ်းပန်းဆက်သွယ်ရေး ခက်ခဲသောရွာဖြစ်သည်။ နွေအခါ ဆိုင်ကယ်ဖြင့် မအူပင်မြို့သို့ သွားရောက်နိုင်သော်လည်း၊ မိုးအခါတွင် သေင်္ဘာဖြင့်သာသွားလာနိုင်သည်။
အောက်ထုံးရွာဟု အမည်ရလာခြင်းအကြောင်းမှာရှေးအခါက အညာဘက်မှ ကုန်သည်အချို့ ဧရာဝတီမြစ်ကြောင်းအတိုင်း လှေကြီးများနှင့် အောက်မြန်မာပြည်ဘက်သို့ ကုန်ရောင်းရင်းစုန်ဆင်းရာမှ ခဏတည်းခိုကြရင်း အောက်ထုံးရွာအစပြုလာသည်ဆို၏။ ရှေးအခါက ရွာဘေးရှိဧရာဝတီမြစ်အောက်တွင် ထုံးအငူရှိသောကြောင့် အောက်ထုံးဟု လှေသမားတို့ခေါ်ဆိုခဲ့ရာမှ အမည်တွင်လာခြင်းဖြစ်သည်ဟု ရှေးလူကြီးစကားများအရသိရ၏။
ယခုအခါတွင် အောက်ထုံးရွာသည် ကမ်းနားပိုင်းနှင့်ကုန်းပိုင်းဟူ၍ရှိလေ၏။
အလှူအတန်းရက်ရောသောရွာဖြစ်ပြီး ရသမျှနှင့်ရောင့်ရဲတင်းတိမ်သော၊ ပျော်ပျော်ရွှင်ရွှင်နေတတ်သောရွာသားများနေထိုင်ကြလေ၏။
ကိုးကား
ပြင်ဆင်ရန်- ↑ GAD, Feb 2011