အောင်ထက် သည် မြန်မာနိုင်ငံသား အဆိုတော်နှင့် အတီးပညာရှင်တစ်ယောက် ဖြစ်သည်။ သူသည် သီချင်းဆိုခြင်းအပြင် တယောနှင့် ပီယာနို လည်း ကျွမ်းကျင်စွာ တီးနိုင်သည်။ သူသည် အိပ်မက်ဆုံရာ ရာသက်ပန် ပထမဆုံးရာသီ၏ အနိုင်ရသူ ဖြစ်သည်။ သူသည် မြန်မာ ပြန်ဆိုတေး တချို့ကို ကောင်းမွန်စွာပြန်ဆိုခြင်းဖြင့် ပရိသတ်များ၏အားပေးမှုကို ရရှိခဲ့သည်။ သူ၏ပထမဆုံး တေးစီးရီးဖြစ်သော ဟေးမိတ်ဆွေ အမ်ဘယ်လ် ကို ၂၀၁၆ ခုနှစ် မတ်လ ၂၇ ရက်နေ့တွင်ဖြန့်ချိခဲ့သည်။

အောင်ထက်
ကိုယ်ရေး အချက်အလက်များ
အမည်ရင်းသက်ဇင်ထက်
မွေးဖွား(၁၉၉၀-ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး "၈"။-၁၇)ဩဂုတ် ၁၇၊ ၁၉၉၀
ဒီမောဆိုးမြို့နယ်ကယားပြည်နယ်မြန်မာနိုင်ငံ
အလုပ်အကိုင်Musician
တူရိယာPiano, violin

သူသည် ကယားပြည်နယ်ဒီမောဆိုးမြို့နယ် ရှိ ရွာတစ်ရွာတွင် မွေးဖွားကာ မကွေးတိုင်း၌ကြီးပြင်းခဲ့သည်။ သူသည် ရန်ကုန်သို့ မပြောင်းရွေ့မီ ဘုန်းတော်ကြီးသင်ပညာသင်ကျောင်းများ၌ ပညာသင်ယူခဲ့သည်။

အမ်ဘယ်လ်များ ပြင်ဆင်ရန်

  • ဟေး...မိတ်ဆွေ(၂၀၁၆)
  • နှစ် (၂၀၁၇)
  • မျက်ရည်နှင့်ပွင့်သောပန်း(၂၀၁၆)

ကိုးကား ပြင်ဆင်ရန်