အောင်မျိုးမင်း

လူ့အခွင့်အရေးလှုပ်ရှားသူ

ဦးအောင်မျိုးမင်းသည် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ မြန်မာနိုင်ငံသား နိုင်ငံရေးသမားတစ်ဦး ဖြစ်သည်။[၁][၂] လက်ရှိတွင် အမျိုးသားညီညွတ်ရေး အစိုးရအဖွဲ့၏ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေပြီး၊ မြန်မာ့ပထမဆုံး လိင်စိတ်ပြောင်းခံယူသူ ဝန်ကြီးဖြစ်သည်။[၃]

ဦးအောင်မျိုးမင်း
၂၀၁၄ ခုနှစ်တွင် တွေ့ရသော ဦးအောင်မျိုးမင်း
ပြည်ထောင်စုဝန်ကြီး၊ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၃ မေ ၂၀၂၁; ၂ နှစ် အကြာက (၂၀၂၁-၀၅-03)
ခန့်အပ်သူပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ
သမ္မတဦးဝင်းမြင့်
ဒုတိယ သမ္မတဒူဝါလရှီးလ
ကိုယ်ရေး အချက်အလက်များ
မွေးဖွားမြန်မာနိုင်ငံ
နိုင်ငံသားမြန်မာနိုင်ငံသား
နိုင်ငံရေးပါတီတစ်သီးပုဂ္ဂလ
မိခင်ကျောင်း
အလုပ်အကိုင်နိုင်ငံရေးသမား
လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ
ဝက်ဘ်ဆိုဒ်mohr.nugmyanmar.org

ငယ်ဘဝနှင့် ပညာရေး ပြင်ဆင်ရန်

၈၈၈၈ အရေးအခင်းပြီးသည့်နောက် ထိုင်းနိုင်ငံသို့ တိမ်းရှောင်သွားပြီး၊ ပြည်ပ၌ ၂၃ နှစ်ကြာ နေထိုင်ခဲ့ကာ ၂၀၁၃ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသည်။[၄] ၁၉၈၈ မတိုင်မီ မြန်မာနိုင်ငံတွင်ရှိစဉ်က ရန်ကုန်တက္ကသိုလ်တွင် အင်္ဂလိပ်စာဘာသာရပ်ကို ဆည်းပူးခဲ့သည်။[၅] ၁၉၉၃ ခုနှစ်တွင် နယူးယောက်မြို့ရှိ ကိုလံဘီယာတက္ကသိုလ်၌ လူ့အခွင့်အရေးအကြောင်း လေ့လာခဲ့ပြီး ၁၉၉၅ ခုနှစ်တွင် မဟာဘွဲ့ရရှိခဲ့သည်။[၆]

ဆောင်ရွက်ချက်များ ပြင်ဆင်ရန်

၂၀၀၀ ပြည့်နှစ်တွင် မြန်မာပြည် လူ့အခွင့်အရေးဆိုင်ရာ ပညာရေးအင်စတီကျု (HREIB) ကို တည်ထောင်ခဲ့သည်။[၇] ၎င်းကို နောင်တွင် ညီမျှခြင်းမြန်မာ (EQMM) အမည်သို့ ပြောင်းလဲခဲ့ပြီး၊ အမှုဆောင်ဒါရိုက်တာအဖြစ် ဆောင်ရွက်ခဲ့သည်။[၈][၉]

၂၀၀၅ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်အထိ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရတွင် လူ့အခွင့်အရေး မှတ်တမ်းဌာန ညွှန်ကြားရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။[၇] ၂၀၀၇ ခုနှစ်တွင် စတင်သည့် EQMM ၏ Colors Rainbow ပရောဂျက် တည်ထောင်သူ ဖြစ်သကဲ့သို့၊ မြန်မာ LGBT အခွင့်အရေးကွန်ရက်၏ အလုပ်အမှုဆောင်အဖွဲ့ဝင်လည်း ဖြစ်သည်။[၅] ၂၀၁၃ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ပြန်ရောက်ပြီးသည့်နောက် လူ့အခွင့်အရေးဆိုင်ရာ လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့သည်။[၅]

၂၀၂၁ ခုနှစ် မေလ ၃ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီက အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့၏ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးခဲ့သည်။[၁၀]

ဆုများနှင့် ဆန်ခါတင်စာရင်း ပြင်ဆင်ရန်

၁၉၉၉ ခုနှစ်တွင် International Gay and Lesbian Human Rights Commission က ချီးမြှင့်သည့် Felipa de Souza Award ကို ရရှိခဲ့သည်။[၅] ၂၀၁၇ ခုနှစ်တွင် ဥရောပသမဂ္ဂက ငြိမ်းချမ်းရေး၊ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးတို့အတွက် တိုက်ပွဲဝင်နေကြသူ မြန်မာနိုင်ငံသားများအတွက် ပထမဆုံးပေးအပ်သည့် Robert Schuman Award အပါအဝင်၊[၁၁] လူ့အခွင့်အရေးနှင့် LGBT အရေး တက်ကြွစွာဆောင်ရွက်သည့်အတွက် နိုင်ငံတကာအဖွဲ့အစည်းများက ချီးမြှင့်သည့် ဆုခုနစ်ဆုကို ရရှိထားသည်။[၁၂] ၂၀၁၆ ခုနှစ်က ကုလသမဂ္ဂ၏ N-Peace Award အတွက်လည်း လျာထားခံရသည်။[၁၃]

လူသိများသော ယဉ်ကျေးမှု ပြင်ဆင်ရန်

This Kind of Love အမည်ရ မှတ်တမ်းရုပ်ရှင်တွင် ဦးအောင်မျိုးမင်း၏ ဘဝခရီးကို ခြယ်မှုန်းပုံဖော်ပြထားသည်။[၁၃]

ကိုးကား ပြင်ဆင်ရန်

  1. "NUG supports sanctions against family members of coup leaders, human rights minister says" (in en)၊ Myanmar NOW 
  2. "Aung Myo Min: ‘Treat us as human beings, not as a problem’"၊ Frontier Myanmar၊ 16 February 2016။ 
  3. "Myanmar’s first gay minister hopes to uplift minorities, Rohingya" (in en)၊ South China Morning Post၊ 14 May 2021။ 
  4. "First-ever Schuman Awards granted to Myanmar citizens"၊ The Myanmar Times၊ 7 April 2017။ 17 September 2021 တွင် ပြန်စစ်ပြီး။ Archived from the original on 16 September 2021။ 
  5. ၅.၀ ၅.၁ ၅.၂ ၅.၃ "Lifelong Human Rights Defender Continues to Inspire"၊ The Irrawaddy၊ 29 May 2019။ 
  6. 1993 HRAP Alumni Aung Myo Min on PBS Newshour | Institute for the Study of Human Rights။ 16 September 2021 တွင် ပြန်စစ်ပြီး။
  7. ၇.၀ ၇.၁ "ပြည်ထောင်စုဝန်ကြီး – လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန"။ 17 September 2021 တွင် ပြန်စစ်ပြီး။ Archived from the original on 17 November 2021။ 
  8. "Myanmar Military’s Killings of Children Are ‘Serious Crimes,’ Says Opposition NUG Minister" (in en)၊ Radio Free Asia 
  9. "Prosecutions Being Prepared for Myanmar Military: NUG Human Rights Minister"၊ The Irrawaddy၊ 5 May 2021။ 
  10. Appointment of Union Ministers and Deputy Ministers - CRPH (3 May 2021)။ 14 May 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 16 September 2021 တွင် ပြန်စစ်ပြီး။
  11. "EU Honors Myanmar Rights Advocates at Fourth Schuman Awards"၊ The Irrawaddy၊ 19 February 2020။ 
  12. Aung Myo Min။ 16 September 2021 တွင် ပြန်စစ်ပြီး။
  13. ၁၃.၀ ၁၃.၁ Newsmakers of the Year [Aung Myo Min – EQMM | Human Rights in ASEAN]။ 16 September 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 16 September 2021 တွင် ပြန်စစ်ပြီး။

ပြင်ပလင့်ခ်များ ပြင်ဆင်ရန်