အောင်မြေမန္တလာ အားကစားကွင်း

အောင်မြေမန္တလာ အားကစားကွင်းသည် မန္တလေးမြို့အောင်မြေသာစံမြို့နယ်ရှိ အားကစားကွင်းတစ်ခုဖြစ်သည်။ဤကွင်းတွင် အစိုးရဘောလုံးပြိုင်ပွဲများနှင့် အားကစားပြိုင်ပွဲများကို ကျင်းပလျက်ရှိသည်။ ရတနာပုံဘောလုံးအသင်း၏ လေ့ကျင့်ရေးကွင်းအဖြစ်လည်း အသုံးပြုဖူးသည်။[၁][၂]

အောင်မြေမန္တလာ အားကစားကွင်း
တည်နေရာ၂၂လမ်း၊ အောင်မြေသာစံမြို့နယ်မန္တလေးမြို့မြန်မာနိုင်ငံ
ပိုင်ဆိုင်သူအားကစားနှင့်ကာယပညာဦးစီးဌာန
မျက်နှာပြင်မြက်ခင်းပြင်

အဆင့်မြှင့်တင်ခြင်း ပြင်ဆင်ရန်

၂၀၂၂ခုနှစ်တွင် အားကစားကွင်းအား အကြီးစားပြန်လည်ပြင်ဆင်ခဲ့သည်။ အနောက်ဘက်တွင် (၄၈၀×၆၀) ပေ ပွဲကြည့်စင်၊ အရှေ့ဘက်တွင် (၄၈၀×၃၅)ပေ ပွဲကြည့်စင်၊ မြောက်ဘက်တွင် (၂၈၀×၃၅)ပေ ပွဲကြည့်စင်များ တည်ဆောက်ခဲ့သည်။ ထို့အပြင် နိုင်ငံတကာအဆင့်မီပြေးလမ်းနှင့် မြက်ခင်းပြင်အဆင့်မြှင့်တင်ခြင်းလည်း ဆောင်ရွက်ခဲ့ပြီး နိုင်ငံတကာအဆင့်မီကွင်းတစ်ကွင်း ဖြစ်လာခဲ့သည်။ ကုန်ကျငွေ (၆,၉၂၇)သန်း ကုန်ကျခဲ့သည်။ ဘောလုံးကွင်းပြန်လည်ဖွင့်လှစ်ခြင်းကို ၂၀၂၂ခုနှစ် ဇူလိုင်လ ၂၀ရက်နေ့တွင် ကျင်းပခဲ့သည်။ [၃][၄]

 
ဖွင့်ပွဲအခမ်းအနား

ပြခန်း ပြင်ဆင်ရန်

ကိုးကား ပြင်ဆင်ရန်

  1. "အောင်မြေမန္တလာကွင်းနှင့် ဆိုက်ခန်းငှားရမ်းခ ငါးနှစ်စာပေးရန်ကျန်ရှိ"။ 20 May 2021 တွင် ပြန်စစ်ပြီး။ Archived from the original on 20 May 2021။ 
  2. မန္တလေးတိုင်း စာရင်းစစ်ချုပ်အစီရင်ခံစာက ပြောသော ပြည်သူ့ဘဏ္ဍာအလွဲသုံးမှု မေးခွန်းများ
  3. အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ မန္တလေးတိုင်းဒေသကြီးရှိ အားကစားကွင်း အဆင့်မြင့်တင်ခြင်း လုပ်ငန်းများနှင့် အဆင့်မြင့်မိုးလုံလေလုံ အားကစားရုံ တည်ဆောက်မည့် မြေနေရာများအား လိုက်လံကြည့်ရှုစစ်ဆေး
  4. အောင်မြေမန္တလာ အားကစားကွင်းသစ် ဖွင့်ပွဲနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား တက္ကသိုလ်၊ ဒီဂရီကောလိပ်ပေါင်းစုံ (အမျိုးသား/ အမျိုးသမီး) ဘောလုံးပြိုင်ပွဲနှင့် အသက် (၁၈) နှစ်အောက် မြို့နယ်ပေါင်းစုံ ပြေးခုန်ပစ်ပြိုင်ပွဲကျင်းပ