အားကစားနှင့်ကာယပညာဦးစီးဌာန
အားကစားနှင့်ကာယပညာဦးစီးဌာနသည် မြန်မာနိုင်ငံ အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန လက်အောက်ရှိ ဦးစီးဌာနတစ်ခုဖြစ်သည်။ အားကစားနှင့် ကာယပညာသိပ္ပံကျောင်း ၆ ကျောင်းအပါအဝင် ဌာနခွဲ ၁၅ ခု ရှိသည်။
မြန်မာနိုင်ငံတော်အစိုးရအစိုးရအဖွဲ့အစည်း | |
---|---|
အစိုးရအဖွဲ့အစည်း အကျဉ်းချုပ် | |
ဖွဲ့စည်းသည့်အချိန် | ၁၉၇၂ |
ဌာနချုပ် | ရုံးအမှတ် (၃၁)၊ နေပြည်တော်၊ မြန်မာနိုင်ငံ |
ဝန်ကြီးများ | ဦးမင်းသိန်းဇံ |
ဌာနအကြီးအမှူးများ | ဦးထွန်းမြင့်ဦး၊ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ ဦးကျော်ဆန်း၊ ဦးကျော်ဆန်းဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ |
ဝက်ဘ်ဆိုက် | spedmyanmar.com |
သမိုင်းကြောင်း
ပြင်ဆင်ရန်၁၉၆၄ ခုနှစ် မေလ ၂၇ ရက်နေ့တွင် မြန်မာနိုင်ငံ အားကစားနှင့် ကာယပညာကော်မတီကို ကျန်းမာရေးဝန်ကြီးက ဥက္ကဋ္ဌ၊ အားကစားနှင့်ကာယပညာကော်မတီရုံး ညွှန်ကြားရေးမှူးချုပ်မှ အတွင်းရေးမှူးအနေဖြင့် တာဝန်ယူကာ ဖွဲ့စည်းခဲ့သည်။ ၁၉၇၂တွင် ကျန်းမာရေးဝန်ကြီးဌာန လက်အောက်တွင် "အားကစားနှင့်ကာယပညာဦးစီးဌာန"အနေဖြင့် ဖွဲ့စည်းကာ ၁၉၉၃ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့တွင် ဝန်ကြီးချုပ်ရုံး ဝန်ကြီးဌာန လက်အောက်သို့ ပြောင်းကာ ဖွဲ့စည်းခဲ့သည်။ အားကစား ဝန်ကြီးဌာန ဖွဲ့စည်းချိန်တွင် အားကစားဝန်ကြီးဌာနအောက်သို့ ပြောင်း၍ ဖွဲ့စည်းကာ ၂၀၁၆ခုနှစ်တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန လက်အောက်တွင် ထားရှိသည်။
၂၀၂၁ခုနှစ် ဩဂုတ်လ ၁ရက်နေ့တွင် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနကို ဖွဲ့စည်းပြီးနောက် ၎င်းအောက်သို့ ပြောင်းရွှေ့ ဖွဲ့စည်းခဲ့သည်။[၁][၂][၃]
အကြီးအကဲများ
ပြင်ဆင်ရန်- ဦးမောင်မောင်ကလေး (၁၉၅၁ - ၁၉၅၃)
- ဦးဇော်ဝိတ် (၁၉၅၃ - ၁၉၆၄)
- ဗိုလ်မှူးကြီး ဂွမ်ရှိန် (၁၉၆၄ - ၁၉၇၈)
- ဗိုလ်မှူးကြီး ထွန်းငြိမ်း (၁၉၇၈ - ၁၉၈၁)
- ဗိုလ်မှူးကြီး ကျော်စိန်ထွန်း (၁၉၈၁ - ၁၉၈၄)
- ဗိုလ်မှူးကြီး အောင်ဒင် (၁၉၈၄ - ၁၉၉၂)
- ဗိုလ်မှူးကြီး မြင့်ထွန်း (၁၉၉၂ - ၁၉၉၄)
- ဗိုလ်မှူးကြီး ထွန်းစိန် (၁၉၉၄ - ၁၉၉၆)
- ဗိုလ်မှူးကြီး လှမြင့်ကျော် (၁၉၉၆ - ၁၉၉၉)
- ဦးသောင်းထိုက် (၁၉၉၉ - ၂၀၁၂)
- ဦးမျိုးလှိုင် (၂၀၁၂ - ၂၀၂၁)
- ဦးထွန်းမြင့်ဦး (၂၀၂၁ - လက်ရှိ)
ဖွဲ့စည်းပုံ
ပြင်ဆင်ရန်- စီမံခန့်ခွဲရေးနှင့် ဘဏ္ဍာရေးဌာနခွဲ
- ယှဉ်ပြိုင်ရေးနှင့် လေ့ကျင့်ရေးဌာနခွဲ (၁)
- ယှဉ်ပြိုင်ရေးနှင့် လေ့ကျင့်ရေးဌာနခွဲ (၂)
- လူထုအားကစားနှင့် ပညာပေးဌာနခွဲ
- အားကစားနှင့် ပညာရေးပေါင်းစပ်ဌာနခွဲ
- အားကစားကွင်းနှင့် အားကစားရုံဌာနခွဲ
- အားကစားဆေးဘက်ဆိုင်ရာဌာနခွဲ
- အားကစားစီမံကိန်းနှင့် သုတေသနဌာနခွဲ
- အားကစားနှင့် ကာယပညာသိပ္ပံ (ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ မော်လမြိုင်၊ လွိုင်ကော်၊ မုံရွာ)
ကိုးကား
ပြင်ဆင်ရန်- ↑ "နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ စီမံခန့်ခွဲရေး ကော်မတီကို အိမ်စောင့်အစိုးရအဖွဲ့ အဖြစ် ပြင်ဆင်ဖွဲ့စည်း"။
- ↑ "အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနရှိ အရာရှိကြီးများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် တာဝန်ခံ ညွှန်ကြားရေးမှူးများ၊ အားကစားနှင့်ကာယပညာသိပ္ပံ ကျောင်းအုပ်ကြီးများအား တွေ့ဆုံ၍ လမ်းညွှန်အမှာစကားပြောကြား"။ 26 August 2021 တွင် ပြန်စစ်ပြီး။ Archived from the original on 26 August 2021။
- ↑ မြန်မာ့အားကစားသမိုင်းနှင့် ဝန်ကြီးဌာန သမိုင်းအကျဉ်း။