အောင်မြေလောကဘုရား

သမိုင္း

စစ်ကိုင်းမြို့ ထူပါရုံ စေတီတော်၏ အနောက်တောင်ဘက်တွင် အောင်မြေလောက စေတီတော် တည်ရှိသည်။ ဘိုးတော်ဘုရား ဘုရင်မဖြစ်မီ စဉ့်ကူးမင်းလက်ထက်က စစ်ကိုင်းတွင် ဆင်းရဲပင်ပန်းစွာ နေထိုင်ခဲ့ရရာ ထိုစဉ်က နေထိုင်ခဲ့သည့် အိမ်နေရာတွင် ဘုရင်ဖြစ်လာပြီးနောက် ၂၀ ရက် မတ် ၁၇၈၂ တွင် အောင်မြေလောက စေတီကို တည်ထားကိုးကွယ်သည်။ စေတီတော်တွင် ကြေးချိန် ၂၅၀၀ ပိဿာရှိ ခေါင်းလောင်းညီနောင်ကိုလည်း ချိတ်ဆွဲထားရှိသည်။[၁]

၁၇၈၃ ခုနှစ်တွင် အိမ်တော်ရာ ဘုရားဟုလည်း အသိများကြသော အောင်မြေလောက ဘုရားကို ဘိုးတော်ဘုရား ဘုရင်က ဧရာဝတီမြစ်နဖူး ထူပါရုံစေတီမှ သိပ်မဝေးလှရာ သူဘုရင်မဖြစ်မီ အတန်ငယ်ကာလအကြာမှ အိမ်နိမ့်စံစဉ် တည်ဆောက်တော်မူသည်။ သူ့ဖခင်ဘုရင် အလောင်းဘုရား၏ ဆန္ဒအတိုင်း သူနန်းတက်ရမည့် နှစ်ထက်များစွာ နောက်ကျပြီး နန်းတက်ခဲ့ရသည်။ သို့သော် ဆင်ဖြူရှင် ဘုရင်က ဖခင်ဆန္ဒနှင့် ဆန့်ကျင်၍ သူ့သားစဉ့်ကူးမင်းကို နန်းတက်စေခဲ့ရာ ဘိုးတော်ဘုရားမှာ ၁၇၈၂ ခု သူနန်းတက်ရန် အချိန်ကျသည့် တိုင်အောင် ပုန်းအောင်းနေရလေ၏။ အောင်မြေ လောက စေတီတော်မှာ တဆူလုံး နီးနီး ကျောက်စလစ် အုဌ်တို့ဖြင့် တည်ထားခဲ့ရာ ပုဂံ ညောင်ဦး၊ ရွှေစည်းခုံ စေတီတော် မူရင်း ပုံတော်၏ ရှည်ရှည် မျောမျော သဏ္ဌာန်လို ပုံတူ အဖြစ် တည်ထားခဲ့သည်။ အခြားအခြား သော ဘုရင်များကဲ့သို့ပင် ဤဘုရားအား ဘိုးတော် ဘုရား တည်ထားခဲ့သည့် စေတနာ စိတ်ရင်းက သူစိုးစံကာလ အတွင်း ရက်စက်သမှု့ မကောင်းပြုမိသမျှကို ပြေပျောက် ဖို့သာ ဖြစ်ရှာသည်။

ကိုးကား ပြင်ဆင်ရန်

  1. တင်နိုင်တိုး (ဒီဇင်ဘာ ၂၀၁၃)။ မြန်မာပြည်တစ်ခွင် လမ်းညွှန်။ မဇ္ဈိမစာပေ။ p. ၁၅၈။