ဗိုလ်ချုပ်အောင်လင်းထွန်း (၁၉၇၁ ဖွား) သည် ကာကွယ်ရေးဝန်ကြီးဌာန ၏ ဒုတိယဝန်ကြီး ဖြစ်သည်။[၁] ယင်းမတိုင်မီ က သူသည် တပ်မတော် တွင် တွဲဖက် စစ်ထောက်ချုပ် အဖြစ် ထမ်းဆောင်သည်။

ဗိုလ်ချုပ်အောင်လင်းထွန်း
ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၁၁ မေ ၂၀၂၁
ယခင်လူဗိုလ်ချုပ် မြင့်နွယ်
ကိုယ်ရေး အချက်အလက်များ
မွေးဖွား၁၉၇၁
မိခင်ကျောင်းစစ်တက္ကသိုလ် အပတ်စဉ်(၃၃)

ပညာရေး နှင့် စစ်မှုထမ်းဘဝ ပြင်ဆင်ရန်

သူသည် စစ်တက္ကသိုလ် အပတ်စဉ် (၃၃) ဆင်း ဖြစ်သည်။[၂] ပြန်တမ်းဝင်အမှတ် ကြည်း ၂၃၁၆၈ ဖြင့် တပ်မတော် တွင် စစ်မှုထမ်းသည်။တပ်မတော် တွင် တာဝန် အဆင့်ဆင့်ထမ်းဆောင်ပြီးနောက် တပ်မ ၂၂ တပ်မမှူး အဖြစ် ရာထူးတိုးသည်။ယင်းနောက် တွဲဖက် စစ်ထောက်ချုပ် (၁) အဖြစ် ဆက်လက်ရာထူးတိုးသည်။ [၃]

ဒုတိယဝန်ကြီးဖြစ်လာပုံ ပြင်ဆင်ရန်

တပ်မတော် က ၂၀၂၁ ဖေဖော်ဝါရီ တွင် စစ်အာဏာသိမ်းပြီးနောက် သူသည် ၂၀၂၁ ခုနှစ် မေလ ၁၁ ရက်တွင် ကာကွယ်ရေးဝန်ကြီးဌာန ၏ ဒုတိယဝန်ကြီး ဖြစ်လာသည်။[၄] [၅]


အရေးယူပိတ်ဆို့ခံရမှု ပြင်ဆင်ရန်

ဥရောပသမဂ္ဂ အဖွဲ့ က ၂၀၂၁ ခုနှစ် ဇွန်လ ၂၁ရက် တွင် ၎င်းအား ဒီမိုကရေစီ နှင့် တရားဥပဒေစိုးမိုးရေး ပျက်ပြားစေမှု၊ နိုင်ငံတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများထဲ တာဝန်ရှိသူ တစ်ဦးဟု သတ်မှတ်ဖော်ပြပြီး ပိတ်ဆို့အရေးယူမှုစာရင်း ထဲ ထည့်သွင်းသည်။[၆] [၇] ယင်းအပြင် ဆွတ်ဇာလန်နိုင်ငံ က ၂၀၂၁ ခုနှစ် ဇူလိုင် ၁ရက် တွင် လည်းကောင်း[၈] စသည်ဖြင့် အရေးယူပိတ်ဆို့သည်။

ကိုးကား ပြင်ဆင်ရန်

  1. Aung Lin Tunopen sanctions။ 1 April 2024 တွင် ပြန်စစ်ပြီး။
  2. ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့် အစိုးရအဖွဲ့ ရုံး ဝန်ကြီး ဖြစ်လာThe Irrawaddy (၁၂ မေ ၂၀၂၁)။ ၁ ဧပြီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  3. ဒုတိယသမ္မတ ဦးမြင့်ဆွေ ၂၀၂၁ ခုနှစ်၊ (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ကျင်းပရေး ဗဟိုကော်မတီ ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြားMyanmar Digital News (၂၈ အောက်တိုဘာ ၂၀၂၀)။ ၁ ဧပြီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  4. ဒုတိယဝန်ကြီး ခန့်အပ်တာဝန်ပေးခြင်းCINCDS Myanmar (၁၁ မေ ၂၀၂၁)။ ၁ ဧပြီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  5. ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂယာယီဌာနေညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူးဖြစ်သူ Mr. Marcoluigi Corsi ကို လက်ခံတွေ့ဆုံပြန်ကြားရေးဝန်ကြီးဌာန၊သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း (၂၄ ဇန်နဝါရီ ၂၀၂၄)။ ၁ ဧပြီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  6. implementing Regulation (EU) No 401/2013 concerning restrictive measures in view of the situation in Myanmar/BurmaCOUNCIL IMPLEMENTING REGULATION (EU) 2021/998 (21 June 2021)။ 1 April 2024 တွင် ပြန်စစ်ပြီး။
  7. လူပုဂ္ဂိုလ်ရှစ်ယောက်နဲ့ စီးပွားရေးလုပ်ငန်းကြီးသုံးခုကို အီးယူ ထပ်တိုးဒဏ်ခတ်ပိတ်ဆို့RFA Burmese (၂၁ ဇွန် ၂၀၂၁)။ ၁ ဧပြီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  8. စစ်ကောင်စီဝန်ကြီးတချို့အပေါ် ဆွစ်ဇာလန် ဒဏ်ခတ်အရေးယူမှုအသစ် ချမှတ်VOA Burmese (၁ ဇူလိုင် ၂၀၂၁)။ ၁ ဧပြီ ၂၀၂၄ တွင် ပြန်စစ်ပြီး။