အောင်ဝင်း (ရုပ်ရှင်ဒါရိုက်တာ)

ဒါရိုက်တာ အောင်ဝင်းဟု အမည်ခံယူသော ဦးကျော်ဝင်းကို အဘ ဦးခင်၊ အမိ ဒေါ်ကြော့တို့က ၁၉၁၆−ခုနှစ်၌ ကချင်ပြည်နယ်မြစ်ကြီးနားတွင် မွေးဖွားခဲ့ပြီး၊ မွေးချင်းညီအစ်ကို မောင်နှမ ကိုးယောက်အနက် ခုနှစ်ယောက်မြောက် သားဖြစ်သည်။ ဦးကျော်ဝင်းသည် ၁၉၄၇-ခုနှစ်က မွေးချင်းညီအစ်ကို ဖြစ်ကြသည့် ဦးကျော်မင်း၊ ဦးစိန်ဝင်းတို့နှင့် အတူ ဝင်းမင်းဝင်းဘရားသား(စ်) ကုမ္ပဏီ ထူထောင်၍ မန္တလေးမြို့၌ ဝင်းလိုက်ရုပ်ရှင်ရုံ၊ မြို့ဂုဏ်ရောင်ရုပ်ရှင်ရုံနှင့် ရန်ကုန်မြို့ဆူးလေဘုရားလမ်းပေါ်တွင် ဂလုပ် (နောင် ဂုဏ်)ရုပ်ရှင်ရုံများ တည်ထောင်ပြသခဲ့သည်။ ထို့ပြင် ပြင်ဦးလွင် အနီးစခန်း လေဆိပ်တွင် ဗမာပြည် နိုင်ငံတော်လေကြောင်းလိုင်း UBA ၌ လေကြောင်းပို့ဆောင်ရေး လုပ်ငန်းကိုပါ လုပ်ကိုင်ခဲ့သည်။

ဒါရိုက်တာ အောင်ဝင်း
ဒါရိုက်တာ အောင်ဝင်း (ခေါ်) ဝင်းလိုက်ဦးကျော်ဝင်း
မွေးဖွားကျော်ဝင်း
၁၉၁၆
မြစ်ကြီးနားမြို့ကချင်ပြည်နယ်
ကွယ်လွန်၁၉၁၆ (အသက် -၉၂–-၉၁)
မန္တလေးမြို့
အလုပ်အကိုင်ရုပ်ရှင်ဒါရိုက်တာ၊ ထုတ်လုပ်သူ
မိဘ(များ)ဦးခင်၊ ဒေါ်ကြော့

ဝင်းမင်းဝင်းဘရားသား(စ်) ကုမ္ပဏီပိုင်ရှင် ဦးကျော်ဝင်း၊ ဦးကျော်မင်း၊ ဦးစိန်ဝင်းတို့သည် ၁၉၅၃-ခုနှစ်တွင် ဒါးတန်းဦးသန့်၊ ကာယဗလဦးနေဝင်း၊ ကုန်သည်ဦးအေးမောင်(ဝါးတန်း)၊ ဦးအေးမောင် (ရတနာပုံဆီစက်)၊ ဦးဆန်းရွှေ၊ ဦးမောင်ကို (ရွှေမန်းဆီစက်)၊ ရွှေမန်းဦးတင်မောင်တို့နှင့်အတူ မန္တလေးရုပ်ရှင်ကုမ္ပဏီလီမီတက်ကို တည်ထောင်ခဲ့ကြသည်။

၁၉၅၆-ခုနှစ်မှစတင်ပြီး မြန်မာ့ရုပ်ရှင်သမိုင်းတွင် အထူးထင်ရှား ကျော်ကြားခဲ့သော ဘဝသံသရာဤလူ့ဘောင်တွင်ရေမြေဆုံးတိုင်ပတ္တမြားမယ်ကံမောင်တို့ချယ်ရီမြေဘုရားမှာတစ်ခါဆုံမယ်ကိုယ်ပိုင်မေတ္တာလမ်းပေါ်ကချစ်သူချစ်တဲ့စိတ်ဟာ ဆန်းကြယ်ကျောက်ဘီလူးနဲ့ပပဝင်းမောင့်မူပိုင်ရှင်သစ္စာမိုးဦး အစရှိသော ရုပ်ရှင်ကားများ ထုတ်လုပ်ခဲ့သည်။ ဦးကျော်ဝင်းသည် ကိုယ်တိုင်လည်း ဒါရိုက်တာအောင်ဝင်း အမည်ဖြင့် ကျောက်ဘီလူးနှင့်ပပဝင်းသည်သောင်ယံက မခွာရက်နိုင်တယ်မောင့်မူပိုင်ရှင် ရုပ်ရှင်ကားများကို ရိုက်ကူးခဲ့ရာ ရုပ်ရှင်လောက၌ အောင်မြင်မှုများများရရှိခဲ့သည်။

ဦးကျော်ဝင်းသည် မွေးချင်းကိုးယောက်အနက် နောက်ဆုံးကွယ်လွန်ခဲ့သူဖြစ်သည်။ မကွယ်လွန်မီတွင် မန္တလေးရုပ်ရှင်ခေတ်က စုဆောင်းထားသည့် ဖလင်များ၊ ရုပ်ရှင်မှတ်တမ်းများ၊ စာအုပ်များ၊ ဓာတ်ပုံများနှင့် အကယ်ဒမီရွှေစင်ရုပ်တုများသည် မန္တလေး၌ ၁၉၈၄-ခုနှစ်က လောင်သည့်မီးကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသည့်အတွက် ဦးကျော်ဝင်းသည် နှမြောတသမဆုံးဖြစ်ခဲ့ရကြောင်း ကျန်ရစ်သူသားသမီးများက ကြေကွဲဝမ်းနည်းစွာ ပြောစမှတ်ပြုကြသည်။

ဦးကျော်ဝင်း ကွယ်လွန်ပြီးနောက် အသက် ၇၈-နှစ်အရွယ်ရှိ ဇနီးဖြစ်သူ ဒေါ်ခင်ခင်ဦး၊ သားသမီးများ ဖြစ်ကြသည့် ဒေါ်စီစီဝင်း၊ ဦးအောင်အောင်၊ ဒေါ်သဲသဲဦးနှင့် မြေးငါးယောက်၊ မြစ်သုံးယောက် ကျန်ခဲ့သည်။

ဘဝနိဂုံး ပြင်ဆင်ရန်

မန္တလေးရုပ်ရှင်ထုတ်လုပ်ရေးနှင့် ဝင်းမင်းဝင်း ဘရားသား(စ်) ကုမ္ပဏီထူထောင်ခဲ့သည့် ဦးကျော်ဝင်း(ဒါရိုက်တာ-အောင်ဝင်း)၊ အသက် (၉၆)နှစ်သည် ၂၀၀၇-ခုနှစ်၊ နိုဝင်ဘာလ (၉)ရက်၊ ည (၁၂)နာရီက ၉၆-ပါးသော ရောဂါဝေဒနာဖြင့် နေထိုင်ရာ မန္တလေးမြို့ ၃၂-လမ်းနှင့် ၈၃-လမ်းထောင့်၊ အမှတ်(၂၆၁)နေအိမ်၌ ကွယ်လွန်သွားခဲ့သည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. စွယ်စုံကျမ်းနှစ်ချုပ်(၂၀၀၈)