အောင်သူ (နိုင်ငံရေးသမား)

မြန်မာ့နိုင်ငံရေးသမား
အောင်သူ အမည်ရှိ အခြားပုဂ္ဂိုလ်များအတွက် အောင်သူ (သံတူကြောင်းကွဲ) ကို ကြည့်ပါ။

ဦးအောင်သူသည် မြန်မာ့နိုင်ငံရေးသမားတစ်ဦးဖြစ်ပြီး လက်ရှိတွင် မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်နှင့် မန္တလေးတိုင်းဒေသကြီး လွှတ်တော် ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးကော်မတီအတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်သည်။ [၁] သူသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်တစ်ဦးလည်းဖြစ်သည်။

ဦးအောင်သူ
တိုင်းဒေသကြီး လွှတ်တော်အမတ်
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၈ ဖေဖော်ဝါရီ ၂၀၁၆
မဲဆန္ဒနယ်ဝမ်းတွင်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၂)
ကိုယ်ရေး အချက်အလက်များ
မွေးဖွား (1966-06-09) ၉ ဇွန်၊ ၁၉၆၆ (အသက် ၅၇)
တဲစုရွာဝမ်းတွင်းမြို့နယ်
လူမျိုးမြန်မာ
နိုင်ငံရေးပါတီအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ကြင်ဖော်(များ)ဒေါ်ဝင်းမြင့်ကြည်
သားသမီးဖြိုးမြင့်အောင်သူ
မိဘဦးထွန်းကြိုင်
ဒေါ်လှညွန့်
ပညာရေးB.Econ (Economics)
မိခင်ကျောင်းရန်ကုန် စီးပွားရေး တက္ကသိုလ်
ကိုးကွယ်သည့်ဘာသာထေရဝါဒဗုဒ္ဓဘာသာ

အစောပိုင်းဘဝ ပြင်ဆင်ရန်

ဦးအောင်သူကို ၁၉၆၆၊ ဇွန်လ ၉ ရက် မန္တလေးတိုင်းဒေသကြီးဝမ်းတွင်းမြို့နယ်တဲစုရွာတွင် မွေးဖွားခဲ့သည်။

ပညာရေး ပြင်ဆင်ရန်

အခြေခံပညာကို ဝမ်းတွင်းမြို့နယ်တဲစုရွာ မူလတန်းကျောင်း၊ ပင်းတလဲ အလယ်တန်းကျောင်း၊ အ.ထ.က (၁) မိတ္ထီလာမြို့တို့တွင် သင်ယူခဲ့ပြီး အခြေခံပညာအထက်တန်းစာမေးပွဲကို သင်္ချာဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သည်။(၁၉၈၃-၈၄)မှ(၁၉၈၆-၈၇) ပညာသင်နှစ်များတွင် ရန်ကုန် စီးပွားရေး တက္ကသိုလ်သို့ တက်ရောက်ခဲ့ပြီး စီးပွားရေးပညာဘွဲ့ B.Econ (Economics) ကို ရရှိခဲ့သည်။

နိုင်ငံရေး ပြင်ဆင်ရန်

ဦးအောင်သူသည် (၁၉၈၈) ဒီမိုကရေစီလူထုအရေးတော်ပုံတွင် ကိုယ်တိုင်ပါဝင်ခဲ့ပြီး (၁၉၈၈) စက်တင်ဘာ ၂၇ ရက်တွင် ဖွဲ့စည်းခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သို့ ဝင်ရောက်ခဲ့သည်။ ဝမ်းတွင်းမြို့နယ်စည်းရုံးရေးကော်မတီ ၂၁ ဦးအဖွဲ့ဝင် (၁၉၉၀) ပြည့် ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် ဒေါက်တာလှအောင်(B.A, D,IR, D,RI,Ph.D) အမှတ်(၂)မဲဆန္ဒနယ်မြေ ဝမ်းတွင်းမြို့နယ်လွှတ်တော်ကိုယ်စားလှယ်လောင်းအောင်နိုင်ရေးအတွက် အဖွဲ့ချုပ်လူငယ်တစ်ဦးအနေဖြင့် ကြိုးစားဆောင်ရွက်ခဲ့သည်။ ပါတီတာဝန်မှာမန္တလေးတိုင်းအလုပ်အမှုဆောင်အဖွဲ့ဝင်၊ တိုင်းတောင်သူလယ်သမားရေးရာကော်မတီဝင်ဖြစ်သည်။ [၂] ယခုလက်ရှိတွင် ဝမ်းတွင်းမြို့နယ်မဲဆန္ဒနယ် အမှတ် (၂) မှ မန္တလေးတိုင်း ဒေသကြီးလွှတ်တော်တွင် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည်။ [၃]

လူမှုရေးဆောင်ရွက်ချက် ပြင်ဆင်ရန်

(၂၀၁၃-၂၀၁၅)ဩဂုတ်အထိ(၈/၉/၁၀)တန်းအင်္ဂလိပ်စာဘာသာရပ်သင် အလွတ်သင်စေတနာကျောင်းဆရာအဖြစ် ပညာသင်ကြားပေးခဲ့သည်။

ကိုးကား ပြင်ဆင်ရန်