အေးဇံ

ပြည်နယ်ဝန်ကြီးချုပ်​​​ဟောင်း

ဒေါက်တာအေးဇံ (၄ ဧပြီ ၁၉၅၄ မွေးဖွား) သည် မွန်လူမျိုး၊ မြန်မာနိုင်ငံသား နိုင်ငံရေးသမားတစ်ဦးဖြစ်ပြီး မွန်ပြည်နယ်၏ ဝန်ကြီးချုပ်အဖြစ် ၂၀၁၇ ခုနှစ် မတ်လ ၁ ရက်နေ့မှ ၂၀၂၁ခုနှစ် ​ဖေ​ဖော်ဝါရီလအထိ တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။

ဒေါက်တာ

ဦးအေးဇံ
မွန်ပြည်နယ် ဝန်ကြီးချုပ်
တာဝန်သက်တမ်း
၁ မတ် ၂၀၁၇ – ၁ ​ဖေ​ဖော်ဝါရီ ၂၀၂၁
သမ္မတဦးထင်ကျော်
ယခင်လူဦးမင်းမင်းဦး
ဆက်ခံသူ​ဒေါက်တာတင်​ဌေး (​ကောင်စီဥက္ကဋ္ဌ)
မွန်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်
တာဝန်သက်တမ်း
၈ ဖေဖော်ဝါရီ ၂၀၁၆ – ၃၁ ဇန်နဝါရီ ၂၀၂၁
မဲဆန္ဒနယ်ကျိုက်ထိုမြို့နယ် မဲဆန္ဒနယ် ၂
အနိုင်ရမဲ အရေအတွက်၂၁,၁၁၂ (၆၀.၆၃%)[၁]
ကိုယ်ရေး အချက်အလက်များ
မွေးဖွား (၁၉၅၄-0၄-0၄) ဧပြီ ၄၊ ၁၉၅၄ (အသက် ၆၉)
မုဒုံမြို့မွန်ပြည်နယ်
နိုင်ငံရေးပါတီအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ကြင်ဖော်(များ)ဒေါ်ခင်အေးမူ
ပညာရေးM.B.,B.S
မိခင်ကျောင်းဆေးတက္ကသိုလ်(၂) ရန်ကုန်
အစိုးရအဖွဲ့မွန်ပြည်နယ် အစိုးရအဖွဲ့
ကိုးကွယ်သည့်ဘာသာဗုဒ္ဓဘာသာ

အစောပိုင်းဘဝနှင့် ပညာရေး ပြင်ဆင်ရန်

ဒေါက်တာအေးဇံကို ဖခင် ဦးကျော်ဇံနှင့် မိခင် ဒေါ်ရင်မြတို့က မွန်ပြည်နယ် မုဒုံမြို့တွင် မွေးဖွားခဲ့သည်။ မုဒုံ၊ သံဖြူဇရပ်နှင့် သီပေါမြို့များတွင် ပညာသင်ယူခဲ့ပြီးနောက် ရန်ကုန် ဆေးတက္ကသိုလ် (၂) မှ M.B.,B.S ဆရာဝန်ဘွဲ့ကို ရရှိခဲ့သည်။[၂]

နိုင်ငံရေး လုပ်ကိုင်ခြင်း ပြင်ဆင်ရန်

ဒေါက်တာအေးဇံသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဗဟိုကော်မတီဝင်တစ်ဦးဖြစ်ပြီး ကျိုက်ထိုမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ ဥက္ကဋ္ဌလည်း ဖြစ်သည်။[၃] ၁၉၈၈ ခုနှစ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို တရားဝင်မှတ်ပုံတင်သည့်ခုနှစ်တွင် ကျိုက်ထိုမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဒေါက်တာအေးဇံက စတင်ဦးဆောင်ခဲ့သည်။[၄]

ဒေါက်တာအေးဇံသည် ၁၉၉၀ အထွေထွေ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အနိုင်ရ ကိုယ်စားလှယ်တစ်ဦး ဖြစ်ခဲ့သလို ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင်လည်း ကျိုက်ထိုမြို့နယ် မဲဆန္ဒနယ်အမှတ် ၂ မှ မွန်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်အဖြစ် အနိုင်ရရှိခဲ့သည်။[၂]

ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခံရခြင်း ပြင်ဆင်ရန်

မွန်ပြည်နယ် ဝန်ကြီးချုပ် ရာထူးမှ ဦးမင်းမင်းဦးက ဆန္ဒအလျောက် နုတ်ထွက်သွားခဲ့သဖြင့် လစ်လပ်နေသော ဝန်ကြီးချုပ်ရာထူးနေရာတွင် ဒေါက်တာအေးဇံအား နိုင်ငံတော်သမ္မတ ဦးထင်ကျော်က အမည်စာရင်း တင်သွင်းပြီးနောက် ၂၀၁၇ ခုနှစ် မတ်လ ၁ ရက်နေ့တွင် ကျင်းပသော မွန်ပြည်နယ်လွှတ်တော် အစည်းအဝေးတွင် အတည်ပြု ခန့်အပ်ခဲ့သည်။[၂][၅]

ဖမ်းဆီးထောင်ချခံရခြင်းများ ပြင်ဆင်ရန်

ဒေါက်တာအေးဇံသည် ၁၉၉၇ ခုနှစ်က  နိုင်ငံပိုင်ယူကလစ်ပင်များအား ဖျက်ဆီးမှု အပက (၃) ဖြင့်  ထောင် ၁ဝ နှစ် ချမှတ်ခံရဖူးသည်။

၎င်း တရားဝင်ဝယ်ယူထားသည့် ခြံထဲမှ ယူကလစ်ပင်များမှာ နိုင်ငံတော်ပိုင်ယူကလစ်များဖြစ်သည်ဆိုပြီး အမှုဖွင့် ထောင်ချခဲ့ခြင်းဖြစ်ကာ ထိုသို့ထောင်ချခံရခြင်းက  နိုင်ငံရေးအကြောင်းပေါ် အခြေခံပြီး ထောင်ချခြင်းဖြစ်သည်ဟု Myanmar Now ကဖော်ပြသည်။ [၆]

၂ဝဝ၁ ခုနှစ်တွင် ထောင်မှ ပြန်လည်လွတ်မြောက်လာခဲ့သည်။

ဒေါက်တာအေးဇံ သည် ၂၀၂၁ မြန်မာနိုင်ငံစစ်အာဏာသိမ်းခံရခြင်း တွင်  အခြားသောဝန်ကြီးချုပ်များကဲ့သို့ပင် ထိန်းသိမ်းခြင်းကို ခံခဲ့ရသည်။[၇] ၂၀၂၁ ဖေဖော်ဝါရီ ၂ရက်တွင် ဝန်ထမ်းအိမ်ရာတွင် နေအိမ်အကျယ်ချုပ်ချခဲ့ပြီး ဖေဖော်ဝါရီ ၁၀ရက်တွင် ထပ်မံ ဖမ်းဆီးခြင်းကိုခံခဲ့ရသည်။[၈] ယင်းနောက် ပုဒ်မ ၅၀၅ (ခ)၊ စီးပွားရေးလုပ်ငန်းရှင်များထံမှ လာဘ်ယူခဲ့သော စွပ်စွဲချက်အပါအဝင် အဂတိအမှု (၉)မှု၊[၉]  ရွေးကောက်ပွဲဆိုင်ရာအမှု စသည့် အမှုပေါင်း၁၃ မှုဖြင့် အမှုဖွင့်တရားစွဲခြင်းကို ခံခဲ့ရသည်။

ဒေါက်တာအေးဇံက ၎င်းအပေါ် စွပ်စွဲထားသည့် အမှုများအားမကျူးလွန်ကြောင်း ရုံးတော်တွင် ထွက်ဆိုခဲ့သည်။[၁၀]

သို့သော်လည်း  CDM လှုပ်ရှားမှုတွင် ဝန်ထမ်းများ ပါဝင်ပေးကြရန် တိုက်တွန်းခဲ့သည်ဆိုသည့် စွပ်စွဲချက်ဖြင့် စွဲဆိုထားသော ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (ခ)ဖြင့် ကျိုက်မရောအကျဉ်းထောင်တွင် ဖွင့်လှစ်ထားသည့် အထူးတရားရုံးက ၂၀၂၁ခုနှစ်ဒီဇင်ဘာလတွင်ဒေါက်တာအေးဇံကို  ထောင်ဒဏ် ၂နှစ် ကျခံစေရန် အမိန့်ချခဲ့သည်။[၁၁]

ဆက်၍ ၂၀၂၂ခုနှစ် မေလ(၁၆)ရက် တွင် အဂတိအမှု(၉)မှုကို ကျူးလွန်သည်ဟု မွန်ပြည်နယ်တရားလွှတ်တော်က ဆုံးဖြတ်ပြီး ဒေါက်တာအေးဇံကို ထောင်ဒဏ်(၂၁)နှစ် ချမှတ်ခဲ့ပြန်သည်။[၁၂]

၂၀၂၂ ဇူလိုင် ၁၁ ရက်တွင်  မော်လမြိုင်မြို့နယ်တရားရုံးက   စစ်ကောင်စီခန့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က စွဲဆိုထားသော ရွေးကောက်ပွဲ မလျော်ဩဇာသုံးမှုဆိုသော ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၁၃၀ (က)အမှုဖြင့်   ဒေါက်တာအေးဇံအား နောက်ထပ် ထောင်ဒဏ် ၂ နှစ် ထပ်မံ အမိန့်ချမှတ်သည်။

၂၀၂၂ ဒီဇင်ဘာ ၆ရက်တွင်  ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၁၇၁(စ)၂မှုဖြင့် နောက်ထပ် ထောင် ၂နှစ် ချမှတ်သည်။

ဒေါက်တာအေးဇံသည် အမှု ၁၃ မှုအတွက် ထောင်ဒဏ် ၂၇ နှစ်အထိ ပြစ်ဒဏ်ချမှတ်ခံရသည်။[၁၃]

[၁၄] ဒေါက်တာအေးဇံ၏  ရှေ့နေအဖွဲ့က မွန်ပြည်နယ်တရားလွှတ်တော်က ချမှတ်ခဲ့သော အဂတိအမှုများအပေါ်   ၂၀၂၂ခုနှစ် သြဂုတ် ၁၁ ရက်တွင် နေပြည်တော်ရှိ ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံးသို့  အယူခံ သွားရောက်လျှောက်ထားခဲ့သော်လည်း အဆိုပါအယူခံကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးက လက်မခံဘဲ အောက်ရုံး ဆုံးဖြတ်ချက်သာ အတည်ဖြစ်သည်ဟု အမိန့်ချမှတ်ခြင်းလည်းရှိခဲ့သည်။[၁၅]

၂၀၂၂ ခုနှစ် ဒီဇင်ဘာ (၃၀) ရက်တွင်  ကျိုက်မရောအကျဉ်းထောင် မှနေ၍  ဒိုက်ဦးမြို့ ကျိုက်စကောအကျဉ်းထောင် သို့ ပြောင်းရွှေ့ခြင်းခံရသည်။ [၁၆]

ကိုးကား ပြင်ဆင်ရန်

  1. ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ တိုင်းဒေသကြီး/ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် ရွေးကောက်ပွဲရလဒ်ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်။ ၂၃ ဇန်နဝါရီ ၂၀၁၈ တွင် ပြန်စစ်ပြီး။
  2. ၂.၀ ၂.၁ ၂.၂ နိုင်ကွန်းအိမ် (၁ မတ် ၂၀၁၇)။ မွန်ပြည်နယ် ဝန်ကြီးချုပ်သစ် ရွေးချယ်အတည်ပြုVOA မြန်မာပိုင်း။ ၂၃ ဇန်နဝါရီ ၂၀၁၈ တွင် ပြန်စစ်ပြီး။
  3. မွန်ပြည်နယ် ဝန်ကြီးချုပ်သစ် ဒေါက်တာအေးဇံ ကျမ်းသစ္စာဆိုမည်DVB (၁ မတ် ၂၀၁၇)။ ၂၃ ဇန်နဝါရီ ၂၀၁၈ တွင် ပြန်စစ်ပြီး။
  4. ဖေသက်ထက်ခင် (၂၀ ဖေဖော်ဝါရီ ၂၀၁၇)။ မွန်ဝန်ကြီးချုပ်အသစ် ဖြစ်လာမယ့် ဒေါက်တာအေးဇံ ဘယ်လိုလူမျိုးလဲကုမုဒြာဂျာနယ်။ 23 February 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၃ ဇန်နဝါရီ ၂၀၁၈ တွင် ပြန်စစ်ပြီး။
  5. ဇေယျာမော် (၁ မတ် ၂၀၁၇)။ မွန်ပြည်နယ် ဝန်ကြီးချုပ်အဖြစ် ဒေါက်တာအေးဇံအား ကန့်ကွက်သူမရှိ အတည်ပြုမဇ္ဈိမ။ ၂၃ ဇန်နဝါရီ ၂၀၁၈ တွင် ပြန်စစ်ပြီး။
  6. ဝန်ကြီးချုပ်သစ်ဒေါက်တာအေးဇံ အတိတ်က ထောင်ဘယ်လိုချခံခဲ့ရသလဲ
  7. တပ်ကဖမ်းသွားတဲ့ မွန်ပြည်နယ် ဝန်ကြီး သုံးဦး ပျောက်ဆုံးနေ
  8. https://www.youtube.com/watch?v=rXcGzo_levQ
  9. မွန်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဒေါက်တာအေးဇံ အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လှစ် အရေးယူ
  10. မွန်ဝန်ကြီးချုပ် ဒေါက်တာအေးဇံကို အာဏာသိမ်းစစ်ကောင်စီက ထောင်ဒဏ် ၂၁ နှစ် ထပ်မံချမှတ်
  11. မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံကို ပုဒ်မ ၅၀၅-ခ ပုဒ်မအတွက် အလုပ်နှင့် ထောင် ၂နှစ်ချ
  12. အသက် ၆၈ နှစ်အရွယ် မွန်ဝန်ကြီးချုပ် ထောင် ၂၁ နှစ် ချမှတ်ခံရ
  13. မွန်ဝန်ကြီးချုပ်ကို စစ်ကောင်စီက ထောင်ဒဏ် ၂ နှစ် ထပ်ချ
  14. မွန်ဝန်ကြီးချုပ် ထောင်ဒဏ် ၂ နှစ်ထပ်ချခံရ၊ မော်လမြိုင်မြို့နယ် NLD ဥက္ကဋ္ဌ အကြမ်းဖက်အမှုမှ လွတ်မြောက်
  15. မွန်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ၏ အဂတိမှုအယူခံ ပယ်ချခံရ
  16. မွန်ပြည်နယ် ဝန်ကြီးချုပ်ဒေါက်တာအေးဇံကို စစ်ကောင်စီကထောင်ပြောင်းရွှေ့